ကမ်းခြေတွင် ယောဂကျင့်စဉ် လေ့ကျင့်နေသည့် ဗြိတိန်မယ်စကြာဝဠာလေး အေမီ

ကမ်းခြေတွင် ယောဂကျင့်စဉ် လေ့ကျင့်နေသည့် ဗြိတိန်မယ်စကြာဝဠာလေး အေမီ ဂရိတ်ဗြိတိန် ကိုယ်စားပြု မယ်စကြာဝဠာ ပြိုင်ပွဲဝင်မည့် အေမီသည် သူမ၏ ညီမဖြစ်သူ အီရင်နှင့်အတူ တီရီရေးဖ်ရှိ ကမ်းခြေတစ်ခုတွင် ယောဂလေ့ကျင့်နေသည်ကို တွေ့ရှိရ

ဗြိတိသျှ တက်သစ်စ မော်ဒယ်လ်လေး အေမီဝီလာတန်က သူမအနေဖြင့် အဘယ်ကြောင့် ကျန်းမာလှပနေသည်ဆိုသော လျှို့ဝှက်ချက် တစ်ခုကို ပရိသတ်များအတွက် အသိပေး လှစ်ဟပြလိုက်ပြီ ဖြစ်သည်။ အသက်(၂၁)နှစ်သာ ရှိသေးသည့် အေမီသည် ဂျိုဝီအက်ဆက်စ်နှင့် လမ်းခွဲပြီးသည့်တိုင် စိတ်ဖိစီးမှု မရှိအောင် အကောင်းဆုံး ထူထောင်နိုင်ခဲ့သည်။ ယင်းအတွက် သူမရွေးချယ်ခဲ့သည့် နည်းလမ်းမှာ ယောဂကျင့်စဉ် ဖြစ်သည်။ ဂရိတ်ဗြိတိန် ကိုယ်စားပြု မယ်စကြာဝဠာ ပြိုင်ပွဲဝင်မည့် အေမီသည် သူမ၏ ညီမဖြစ်သူ အီရင်နှင့်အတူ တီရီရေးဖ်ရှိ ကမ်းခြေတစ်ခုတွင် ယောဂလေ့ကျင့်နေသည်ကို တွေ့ရှိရသည်။

အဝါရောင် ရေကူးဝတ်စုံနှင့် ဆွဲဆောင်မှု အားကောင်းလှသည့် မိန်းမချောလေးတစ်ဦး ယောဂလေ့ကျင့်နေသည်မှာ ပတ်ဝန်းကျင်မှ လူတိုင်းအတွက် မျက်စိပသာဒ ဖြစ်စရာမျိုးအဖြစ် ဆွဲဆောင်နေသည်။ အေမီကဲ့သို့ပင် ချောမောလှပသည့် အီရင်ကလည်း အနက်ရောင် ရေကူးဝတ်စုံကို ဝတ်ဆင်ထားပြီး အစ်မနှင့် စိတ်တူကိုယ်တူ ယောဂ လေ့ကျင့်နေသည်ကို တွေ့ရသည်။

မယ်စကြာဝဠာ ပြိုင်ပွဲအတွက် ရွေးချယ်ခြင်း ခံရသူပီပီ ကျန်းမာစိုပြေသော အသားအရေမျိုး ပိုင်ဆိုင်ထားသော အေမီသည် စပိန်ကမ်းခြေ၏ နေရောင်ကို ခံယူရင်း ကျေနပ်နေဟန် ရှိသည်။ သူမသည် ယောဂလေ့ကျင့်ခန်း သင်တန်းတစ်ခုသို့ တက်ရောက်ခဲ့ပြီးနောက် ယင်းကျင့်စဉ်ကို အလွန်သဘောကျမိကြောင်း Twitterမှတစ်ဆင့် ပရိသတ်များထံ ဝေမျှခဲ့ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ