အောင်မြင်မှုမှာ လျှို့ဝှက်ချက် ဆိုတာ မရှိပါဘူး အိန္ဒြာကျော်ဇင်

အောင်မြင်မှုမှာ လျှို့ဝှက်ချက် ဆိုတာ မရှိပါဘူး အိန္ဒြာကျော်ဇင်လူသန်းပေါင်း ခြောက်ဆယ်ထဲမှာ အောင်မြင်ကျော်ကြားတဲ့ တစ်ယောက် ဖြစ်ဖို့ဆိုတာက တကယ်ကို မလွယ်ကူတဲ့ ကိစ္စ ရပ်ပါ။ အောင်မြင်ကျော်ကြား သူတွေမှာ ဘယ်လိုကိုယ်ရည် ကိုသွေးတွေ ပိုင်ဆိုင်ထားလဲ၊ သူ့တို့က ဘယ်လို အကြောင်း အရာတွေပေါ်မှာ အသေးစိတ် အာရုံစိုက် ပြင်ဆင်ထားလဲ ဆိုတာ စိတ်ဝင်စား စရာပါပဲ။

အူဝဲက အောင်မြင်မှုဆိုတာကို ဒီလို အဓိပ္ပာယ် ဖွင့်ဆိုခဲ့တယ်

အောင်မြင်မှုဆိုတာက ကိုယ် လုပ်တဲ့ အရာတစ်ခုကို ကိုယ့်ရဲ့ ပရိ သတ်တွေ လက်ခံတယ်။ အရာတစ် ခုဟာ မှေးမှိန်မသွားဘဲ ကျန်နေခဲ့ ရင် ဒါဟာ အောင်မြင်တယ်လို့ ခေါ် ပါတယ်။

အောင်မြင်မှုကို ရချင်လို့ တစ်ချို့တွေ ဖြတ်လမ်းနည်း သုံးတာနဲ့ ပတ်သက်ပြီး

အောင်မြင်မှုကို ရချင်လို့ တချို့ တွေ ဖြတ်လမ်းနည်းတွေ သုံးတယ် ဆိုတာ မကောင်းတာကို လူတိုင်းသိ ပါတယ်။ အဓိကကတော့ ရိုးသားမှု နဲ့ ကြိုးစားခြင်းဟာ အကောင်းဆုံး ပါပဲ။

ဒီလိုနေရာ ဒီလိုအခြေအနေ ထိရောက်အောင် ကြိုးစားခဲ့ရတဲ့ အဓိက လျှို့ဝှက်ချက်တွေပါ

အူဝဲရဲ့ စိတ်ထဲမှာ အဓိကက ပရိသတ်ကို စေတနာအပြည့်ထား ပါတယ်။ ငါဘာပဲလုပ်လုပ် ပရိသတ် အတွက် ပေးဆပ်မယ်။ စေတနာနဲ့ လုပ်မယ်ဆိုတာက အမြဲတမ်းရင် ထဲမှာရှိပါတယ်။ တစ်ခုခုလေးလုပ် မယ်ဆိုတာနဲ့ ဒီဟာလေးကို လုပ် ရင် ပရိသတ်တွေ ဘာများပြောမလဲ၊ ဒီ လိုလေးဝတ်လိုက်ရင် ပရိသတ် ကြိုက်ပါ့မလား၊ ဒီဇာတ်ကိုရော ပရိ သတ်ကြိုက်ပါ့မလား၊ ဒီလိုဝတ်လိုက် ရင် ပရိသတ်ဘာပြောမလဲဆိုပြီး အူ ဝဲရဲ့ စိတ်ထဲမှာ ပရိသတ်ကို အမြဲ တမ်းရှေ့တန်း တင်ထားခဲ့တယ်။ စိတ်ထဲမှာ ပရိသတ်က အမြဲတန်း ရှိတဲ့ အတွက် အဲဒါရဲ့ တန်ပြန် သက်ရောက်မှုကြောင်လို့ ထင်ပါတယ်။

ရှုတင်မိတ်ကပ် လိမ်းရတာနဲ့ ကက်သက်ပြီး

ရှုတင်မိတ်ကပ်လိမ်းရတာကို ကြိုက်လားဆိုတော့ ကိုယ်က ဒီအ လုပ်ကို လုပ်နေရတဲ့သူဆိုတော့ ဒါ ကိုတော့ ဘယ်လိုလုပ်ပြီး ငြင်းဆန် လို့ရမလဲပေါ့။ ဒါပေမဲ့ ကိုယ်က ပေါ့ ပေါ့ပါးပါးနေရတာကို ပိုကြိုက်တယ်။

ရိုက်ကွင်းပေါ်မှာ ဒိုင်ယာ လော့ခ်ရဖို့ဆိုတာ အရေးကြီးဆုံးပါ

ရိုက်ကွင်းပေါ်မှာ ဒိုင်ယာ လော့ခ်ကို ဒါရိုက်တာချပေးရင် အမြန်ဆုံးရဖို့က အူဝဲတို့အတွက် အမြဲတမ်းမရှိမဖြစ်လိုအပ်တယ်လေ။ မရလို့ကိုမရဘူး။ ရအောင်ကို လုပ်မှ ကိုဖြစ်မှာပါ။ ကြာနေရင် ကျန်တဲ့ သူတွေအတွက်လည်း အဆင်မပြေ ဘူးလေ။

အောင်မြင်မှုမှာ လျှို့ဝှက်ချက် မရှိပါဘူး

အောင်မြင်မှုမှာက လျှို့ဝှက် ချက်ဆိုတာက မရှိပါဘူး။ အရာရာ တိုင်းမှာ ရိုးသားပြီး ကြိုးစားခဲ့တာ ချည်းပါပဲ။ တကယ်အနုပညာလမ်း ကြောင်းပေါ်ကို ရောက်ချင်တဲ့သူ၊ တကယ် အနုပညာကို ဝါသနာပါတဲ့ သူတွေ အားလုံးကို တကယ်ကို လုံ့ လ ဝီရိယရှိစွာ စိတ်ပါဝင်စားစွာနဲ့ ကြိုးစားကြပါ။ တစ်ချိန်ချိန် အရာ ထင်မှာပါလို့ ပြောချင်ပါတယ်။ 

By 8 Days

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ