ဆီးဂိမ်းဖွင့်ပွဲမှာ မြန်မာသံစုံတီးဝိုင်းနဲ့ မြန်မာ့ဂီတကိုပြသမယ့် ဓိရာမိုရ်

၂၇ ကြိမ်မြောက်အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ ကြီးရဲ့ ဖွင့်ပွဲ၊ ပိတ်ပွဲတွေမှာ မျိုးစုံဖန်တီးပြသကြမယ့် ပရို ဂရမ်တွေရဲ့ ဂီတဖန်တီးမှုတွေ၊ ဆီးဂိမ်းတေးသီချင်းတွေရဲ့ ဂီတ ဖန်တီးမှုတွေကို အပင်ပန်းခံ၊ အကောင်းဆုံး ကြိုးစားဖန်တီးထား တဲ့ မြန်မာဂီတမှူးတစ်ယောက် ဖြစ်သူ ဓိရာမိုရ်က ဆီးဂိမ်းဖွင့်ပွဲ၊ ပိတ်ပွဲရဲ့ ဂီတဖန်တီးမှုတွေမှာ အကောင်းဆုံး ကြိုးစားဖန်တီး တင်ဆက်ထားကြောင်းကို ” Music Arrangement နဲ့ ပတ်သက်ပြီး နံပါတ်တစ်စဉ်းစားတာက သူ့ကာရိုက်တာနဲ့သူ မှန်အောင်ပေါ့။ ဥပမာ- ရိုးရာဆိုလည်း ရိုးရာပေါ့။ ဒန့်(စ်)ဆိုလည်း ဒန့်(စ်)ပေါ့။ အရောပုံစံမျိုး ဆိုလည်းအရောပေါ့။ သူ့ကာရိုက်တာနဲ့ သူမှန်အောင် ပထမဆုံး စဉ်းစားရတယ်။ နံပါတ်နှစ် က မြူးဇစ်ကွာလတီပေါ့။ အဲဒီကွာလတီကလည်း နိုင်ငံတကာအဆင့်မီအခမ်းအနားကြီး ဖြစ်တဲ့အတွက် နိုင်ငံတကာ အဆင့်မီအောင် အဓိကထားပြီး ကြိုးစား တယ်ပေါ့။ ဒါတွေက

ဘာပဲဖြစ်ဖြစ် သမိုင်းဝင်မှတ်တမ်းတစ်ခုဖြစ် သွားမယ်လေ။ ကိုယ့်အနေနဲ့ လည်း အကောင်းဆုံး ဖြစ်အောင် တွက်ပြီးတော့ သေသေချာချာလုပ်ခဲ့ပါတယ်” လို့ ဓိရာမိုရ် က ပြောပါတယ်။ဆီးဂိမ်းတေးသီချင်းတွေ ဖန်တီးတဲ့နေရာမှာ မြန်မာ့ရိုး ရာတေးသီချင်းအနောက်တိုင် တေးသီချင်းနဲ့ မြန်မာမှု၊ အနောက်တိုင်းနှစ်ခုရော စပ်ထား တဲ့ တေး သီချင်းတွေလည်း ပါဝင်ပါ တယ်။အဲဒီလို ပေါင်းစပ်ဖန်တီးရတဲ့အခါ ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေကိုလည်း ဓိရာမိုရ် က ” မြန်မာနိုင်ငံမှာ ကျင်းပတဲ့နိုင်ငံ တကာပွဲကြီးဖြစ် တဲ့အတွက် ကြောင့် မြန်မာဆိုတဲ့ ရနံ့လေးတွေပါအောင် အတတ်နိုင်ဆုံး ကြိုးစားပြီးလုပ်ပါတယ်။ဥပမာ Theme Song ဖြစ်တဲ့ ကိုထူးအယ်လင်းနဲ့ ဆုန်သင်းပါရ် တို့ ဆိုထားတဲ့ ” ရောင်စုံ ဥယျာဉ်” ကို ဖန်တီးတဲ့အခါမှာ သီချင်းရဲ့ပုံစံကတော့ အနောက်တိုင်းဆန်တဲ့ ပုံစံပေါ့။ ဒါပေမဲ့ သူ့ရဲ့ကော့(ဒ်)ဖရိန်တွေ၊သူ့ရဲ့ ကျယ် ပြန့်မှုတွေကတော့ အများကြီးရှိ နေတာပေါ့။

အဲဒီအထဲမှာ မြန်မာ့ရနံ့ပါ အောင်လို့ စဉ်းစားတဲ့ အခါမှာ သူက အတင်းကြီးထိုးထည့်လို့ ရှိရင်လည်း မကောင်းဘူး။ လိုက်လျောညီထွေဖြစ် အောင်လုပ်တဲ့ အခါမှာဘာ ကို လေ့လာရလဲ ဆိုတော့ အနောက်တိုင်းဂီတဆိုလည်း သူ့အလှနဲ့ သူရှိနေအောင် မြန်မာဂီတဆိုလည်း သူ့အလှနဲ့သူ ရှိနေအောင်၊ ရောစပ်လိုက်တဲ့အခါ မှာလည်း သူ့အ လှနဲ့သူရှိ အောင် အဓိကဖန်တီးတာပေါ့။ အားလုံးဟာ သူ့ဘာသာသူ အချိုးကျနေတယ်။ အတင်းကြီးပေါင်းစပ်တာမဟုတ်ဘဲနဲ့ ပေါင်းစပ်လို့ အကောင်းဆုံး ဆိုတဲ့ ပွိုင့်ကိုရှာ ရတာပေါ့။ တူညီတဲ့ဟာတွေ၊ မတူညီတဲ့ဟာ တွေ၊သူ့ဘာသာ သူကွဲပြားတဲ့ဟာတွေ အကုန်လုံးကို ဆွဲပြီးပေါင်းရတာပေါ့” လို့ ပြောပါတယ်။

မြန်မာမှုဂီတကို ချစ်မြတ်နိုးတဲ့ ဓိရာမိုရ်က ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာ့ ဂီတကို နိုင်ငံတကာ သိရှိအောင် မြန်မာ့ရိုးရာသံစုံ တီးဝိုင်းနဲ့ မြန်မာ့ယိမ်းအ ကကို ဖော်ကျူးထား တဲ့ မြန်မာ သံ သီချင်းဖြစ်တဲ့ ” စောင်းတော် သိင်္ဂါဆိုင်းမင်္ဂလာ” နဲ့ ” ပွဲဦးအလင်္ကာ” သီချင်းနှစ်ပုဒ်ကိုလည်း ထည့်သွင်းထားကြောင်း ပြောပါ တယ်။

” ပြီးခဲ့တဲ့ အင်ဒိုနီးရှားဆီးဂိမ်းပြီးကတည်းက ဒီနိုင်ငံမှာ ကျင်းပမယ်ဆိုတာက ဖြစ်လာပြီလေ။ တော်တော်ကို ကြိုးစားရမယ်ဆိုတဲ့ အသိအဲဒီကတည်းက ဝင်လာပြီ။ ကိုယ့်ကို တာဝန်ပေးထားတဲ့ အပေါ်မှာ ဒီတာဝန်ကြီးက တအားကြီးမားတယ်ဆိုတာလည်း သိနေတယ်။ ဒီတာဝန်ကို အကောင်းဆုံးထမ်းဆောင် နိုင်အောင် ကြိုးစားမယ်လို့ လည်း ဆုံးဖြတ်ခဲ့တယ်” လို့ ဓိရာမိုရ်က ၂၇ ကြိမ်မြောက် ဆီးဂိမ်းနဲ့ ပတ်သက်ပြီး တာဝန်ယူရတဲ့အခါ တာဝန်ကြီးမားပုံတွေကို ပြောပြပါတယ်။

မျိုးမောင်

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ