ဆီးဂိမ်း Theme song ရောင်စုံဥယျာဉ်သီချင်း မှာ မြန်မာ့ဆိုင်းနဲ့ ပါဝင်တီးပေးခဲ့တဲ့ မြန်မာပြည် ကျောက်စိမ်း

မြန်မာပြည်ကျောက်စိမ်း က ဆိုင်းပညာရှင်တစ်ယောက် အနေနဲ့ နိုင်ငံတကာကို လှည့် လည်ပြီးမြန်မာ့ရိုးရာ ဆိုင်းကို တီးပြခဲ့တဲ့ အတွေ့အကြုံကတော့ များခဲ့ပြီဖြစ်ပါ တယ်။ နိုင်ငံတကာကို သွားရောက်တီးတဲ့ အခါမှာ မြန်မာပိုင်တဲ့ မြန်မာ ဆိုင်းပညာရှင်တစ်ယောက် အနေနဲ့ သွားရောက်ခဲ့တာဖြစ် ပြီး နိုင်ငံတကာက လူတိုင်းက လည်း မြန်မာ့ဆိုင်းကိုတအံ့တသြ ဖြစ်ကြကြောင်း မြန်မာပြည် ကျောက်စိမ်းကပြောပြပါတယ်။

” ကျွန်တော်တို့ဟာ မြန်မာလူမျိုးတွေဖြစ်တဲ့အတွက် မြန်မာ့ရိုးရာ၊ မြန်မာ့ယဉ်ကျေးမှု ကိုယ်ပိုင်ဂီတဆိုတာ ရှိပြီးသားပါ။ နောင်လူငယ်တွေအနေနဲ့လည်း ဒါကိုထိန်း သိမ်းသင့်တယ်။ ရှေးနှစ်ပေါင်းများစွာက ထားရှိခဲ့ ကြတဲ့ ဆရာကြီးတွေရဲ့ အမွေအနှစ်တွေကို လည်းမတိမ်ကောအောင် လေ့လာစေချင်ပါတယ်။

ကျွန်တော့် အနေနဲ့ နိုင် ငံကြီးတွေလည်း ရောက်ပါတယ်။ အရှေ့ ဥရောပ၊ အနောက်ဥရောပအထိ ရောက်ပါတယ်။ ဇူလိုင်လတုန်း ကလည်း အမေရိကကို သွားခဲ့ ပါတယ်။ အဲဒီမှာ တီးခဲ့ တာက လည်း မြန်မာတို့ရဲ့ စရိုက်၊ မြန်မာ တို့ရဲ့ဓလေ့တွေကို ပေါင်းစပ်ပြီး တော့ တင်ဆက်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ တကယ်ကို ပီတိဖြစ်ရပါတယ်” လို့ ပြည်ပနိုင် ငံတွေမှာ မြန်မာ့ဆိုင်းကို တီးပြခဲ့တဲ့အကြောင်း ကို မြန်မာပြည်ကျောက်စိမ်းက ပြောပြပါတယ်။

အခုလက်ရှိ ခေတ်ရဲ့တိုးတက်မှုတွေနဲ့ မြန်မာ့ရိုးရာဂီတကို ဘယ်လို ပေါင်းစပ်မှုတွေနဲ့ လုပ်ဆောင်သွားသင့်လဲဆို တာ မြန်မာပြည် ကျောက်စိမ်းကို မေးတော့ ” ခေတ် ကတစ်နေ့ ထက်တစ်နေ့ တိုးတက်နေပါတယ်။ ဒါကြောင့် ရိုးရာချည်းပဲလည်း မဟုတ်ဘူး ပေါ့။ နိုင်ငံခြားတူရိယာတွေ နဲ့လည်း ပေါင်းစပ်ပြီးတော့ တီး ခတ်တာတွေ၊တီထွင်မှုတွေ၊ ဆန်းသစ်မှုလေး တွေရှိပါတယ်။ ရိုးရာအခြေ အမြစ်ကတော့ တစ်ကဏ္ဍပေါ့။ အဲဒီလိုမျိုးမှပဲ ထိုးဖောက်နိုင်မယ်လို့ထင် တယ်။ နိုင်ငံခြားသား တစ်ယောက်ကို သူတို့ သိထားတဲ့ သီချင်းတစ်ပုဒ်ကို မြန်မာ့တူရိယာနဲ့ တီးပြလိုက်တဲ့ အချိန် မှာအဲဒီနိုင်ငံခြားသားကတအား အံ့သြသွားတာ တွေတယ်။

ဒီတူရိယာနဲ့လည်း တီးခတ်လို့ ရ ပါလားဆိုတာမျိုးတွေလည်း ဖြစ်တယ်။ ကျွန်တော်တို့ ဆိုရင်လည်း IC က ကိုချစ်စမ်းမောင် နဲ့ တွဲတီးထားတာမျိုးတွေ လည်းရှိပါတယ်။ အဲဒီလို တီးခတ်ထားတော့ လူငယ်တွေရဲ့ နားထဲမှာ အဲဒီလိုလည်း တီးလို့ ရပါလားဆိုတာမျိုးတွေလည်း ဖြစ်လာတယ်” လို့ ခေတ်နဲ့ မြန် မာ့ဂီတပေါင်းစပ်မှုအပိုင်း ကို မြန်မာပြည်ေ ကျာက်စိမ်း က ပြောပြပါတယ်။

မြန်မာပြည် ကျောက်စိမ်းက ဆီးဂိမ်းအခွေ တွေမှာလည်း မြန်မာ့ဆိုင်းကို တီးပြီး ကူညီပံ့ပိုးပေးထားပါသေး တယ်။ဆီးဂိမ်းသီချင်းရွေးချယ် မှုအပိုင်းမှာ လည်း မြန် မာပြည် ကျောက်စိမ်းက ပါဝင်ဆောင်ရွက်ပေးခဲ့ပြီး Theme Song ဆုရရှိခဲ့တဲ့ရောင်စုံဥယျာဉ်သီချင်းမှာ လည်း မြန်မာ့ဆိုင်းတီးပေးခဲ့ပါ တယ်။ မြန်မာပြည်ေ ကျာက် စိမ်းက ဒီဇင်ဘာ ၁ဝရက်နေ့မှာ ဂျပန်နိုင်ငံကိုသွားရောက်ရမှာ ဖြစ်တဲ့အတွက် ဒီဇင်ဘာ ၁၁ ရက်နေ့မှာ စတင်မယ့် ဆီးဂိမ်းပွဲကြီးကို မမီတော့ဘူးလို့ သိရပါ တယ်။

လင်းအက္ခရာ

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ