ပရိသတ်နဲ့ ထိတွေ့ရာမှာ ၀မ်းနည်းဝမ်းသာ ခံစားမှုတွေ ထပ်တူခံစားရတယ်ဆိုတဲ့ ၀တ်မှုံရွှေရည်

ရိုက်ကွင်းများတွင် ပရိသတ်များနှင့် တွေ့ဆုံချိန်၌ စိတ်လှုပ်ရှားကာ ငိုပြီးအားပေးသည့်ပရိသတ်များနှင့် ဆုံတွေ့ရာတွင် ၎င်းတို့နှင့် ထပ်တူခံစားရကြောင်း ၀တ်မှုံရွှေရည်က ပြောသည်။ 

““နေပြည်တော်လမ်းမှာ သွားရိုက်တာ အစကတော့ အကောင်းကြီး။ အနားမှာ ဓာတ်ပုံလာရိုက်တော့မှ သူ့ဟာသူ စိတ်လှုပ်ရှားပြီး ပျော်လည်းပျော်ပြီး ငိုတာ”” ဟု ဒီဇင်ဘာလ ၇ ရက်က ရိုက်ကွင်းတွင် တွေ့ကြုံခဲ့ရမှုကို ၀တ်မှုံရွှေရည်က ပြောသည်။

ယခုနောက်ပိုင်းတွင် အားပေးသည့် ပရိသတ်များ မိမိဘာလုပ်နေသည်ကို သိရှိနိုင်ရန် အနုပညာနှင့်ပတ်သက်သည့် သတင်းများကို ဖေ့စ်ဘွတ်ခ်တွင် နေ့စဉ်တင်ပေးဖြစ်ကြောင်း ၀တ်မှုံရွှေရည်က ပြောသည်။ဝတ်မှုံရွှေရည်သည် ဒီဇင်ဘာလ ၁၂ ရက်တွင် ဒါရိုက်တာမိုးဦး ရိုက်ကူးမည့် ဟာသဇာတ်ကား၌ မိုးအောင်ရင်နှင့် တွဲဖက်သရုပ်ဆောင်မည်ဖြစ်ပြီး ဇာတ်ကားရိုက်ကူးမှုကို ဟာသနှင့် ဒရမ်မာ မျှအောင် ရိုက်ကူးဖြစ်သည်ဟု ဆိုသည်။

7day Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ