စတူအာဘူခါရက်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် ချဲလ်ဆီး နည်းပြမော်ရင်ညိုနှင့် သတင်းထောက်များ အချေအတင်စကားများ

ပွဲမကစားမီ ပြုလုပ်ခဲ့သည့် ချန်ပီယံလိဂ် သတင်းစာ ရှင်းလင်းပွဲတွင် ကီဗင်ဒီ ဘရန်နီကို ချန်လှပ်ခဲ့မှုနှင့် ပတ်သက်၍ သတင်းထောက် များ နှင့် မော်ရင်ညို တို့ အချေအတင် စကားများခဲ့သည်။ မော်ရင်ညိုသည် ထိုသတင်းစာ ရှင်း လင်းပွဲတွင် သတင်းထောက်များ၏ မေးခွန်းကြောင့် စိတ်ကသိ ကအောက် ဖြစ်ခဲ့ပြီး ဒေါသထွက် ဟန်ရှိခဲ့သည်။

မော်ရင်ညို ဦးဆောင်သော ချဲလ်ဆီး အသင်းသည် ချန်ပီယံလိဂ် အုပ်စု ဒုတိယပွဲအဖြစ် ရိုမေးနီးယားကလပ် စတူအာဘူခါရက် အသင်းနှင့် ရင်ဆိုင် ရန် ရိုမေးနီးယားမြို့တော် ဘူခါရက်သို့ ရောက်ရှိနေပြီး ချဲလ်ဆီး အသင်းတွင် ဘယ်လ်ဂျီယံ တိုက်စစ်အားသန် အလယ်တန်း လူကီဗင် ကို ခေါ်ဆောင် လာခဲ့ခြင်းမရှိပေ။

ပေါ်တူဂီ လူမျိုးနည်းပြသည် ပြီးခဲ့သည့်ဘောလုံးရာသီက ချဲလ်ဆီး အသင်း တွင် အဓိကကစားသမားအဖြစ် ခြေစွမ်းပြခဲ့ သူ စပိန်အလယ်တန်း ကစား သမား ဂျူအန်မာတာအား ယခုဘောလုံးရာသီ၌ ပွဲပေါင်းများစွာ မသုံးဘဲ ချန်လှပ်ထားခဲ့ သူလည်းဖြစ်သည်။ သို့သော် မာတာသည် ပြီးခဲ့သည့် စနေနေ့က ကစားခဲ့သော တော့တင်ဟမ် အသင်းနှင့် ပွဲတွင် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီးနောက် ယခုတစ်ပတ်ကစားမည့်ချန်ပီယံလိဂ်ပွဲ၌ ပွဲထွက် ခွင့်ရရန် အလားအလာကောင်းနေ သည်။

အင်တာမီလန်နှင့်ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းမော်ရင်ညိုသည် ချဲလ်ဆီး အသင်းကို ဒုတိယအကြိမ်မြောက် ပြန်လည်ကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီး ဘယ်လ်ဂျီယံအလယ်တန်းလူကီဗင်ကို ချန်လှပ်ခဲ့မှုနှင့်ပတ်သက်၍ ယခုလို စကား အခြေအတင်ဖြစ်ခဲ့ခြင်းဖြစ်သည်။

“မာတာနဲ့ပတ်သက်လို့ ဘယ်သူကမှ မမေးတာ ထူးဆန်းပါတယ်။ ခင်ဗျား တို့က မာတာအကြောင်း ၃ပတ်လောက် ပြောပြီးတော့မော သွားကြပြီပေါ့။ ဒါကြောင့် အခုကီဗင်ဘက်ကို လှည့်လိုက်တာလား။ ခင်ဗျားတို့က မကစား ရတဲ့ ကစားသမားတွေကို အတော်လေး စိတ်ဝင်စား ပုံရတယ်။ သူ့ကို ရွေး တယ်၊ မရွေးဘူးဆိုတာက ကျွန်တော့်ဆုံးဖြတ် ချက်ပါ။ ဘယ်ကစားသမား ၁၁ ယောက်ကို ရွေးရမယ်ဆိုတာကလည်း ကျွန်တော် ဆုံးဖြတ်ရ မှာပဲ။ လေ့ ကျင့်ခန်း ဆင်းတဲ့အချိန်နဲ့ ကျန်တဲ့အချိန်တွေမှာ သူတို့ ဘယ်လိုအနေ အထား ရှိတယ်ဆိုတာ ကျွန်တော်ကပဲ ကောင်းကောင်း သိတယ်။ အခုအချိန်မှာ အရိုးသားဆုံး ၀န်ခံချင်တာရှိပါတယ်။ မာတာဟာ လေ့ကျင့်ခန်း ဆင်းတဲ့ အချိန်မှာရော၊ ပွဲကစားတဲ့အချိန်မှာပါ အကောင်းဆုံးလုပ်နိုင်သူပါ။ ဒါကြောင့် သူကစားခွင့်ရတာပါ”ဟု မော်ရင်ညိုက ဆိုသည်။

“ပြီးခဲ့တဲ့ လိဂ်ဖလားပွဲမှာ ဆွမ်ဒန်တောင်းအသင်းနဲ့ ကစားတုန်းက ကစားပြခဲ့ တဲ့ကီဗင်ရဲ့ လုပ်ဆောင်မှုတွေကို ကျွန်တော် သဘောမကျပါဘူး။ လေ့ ကျင့်ရေးကွင်းမှာ သူလုပ်နေတဲ့ ပုံစံတွေကိုလည်း ကျွန်တော်အားမရဘူး။ ဒါပေမဲ့ ခင်ဗျားတို့အနေနဲ့ ဘယ်ကစားသမားတွေကို မရွေးဘူး၊ ရွေးမယ် ဆိုတာကိုပဲ မေးခွင့်ရှိပါတယ်။ ဘာကြောင့်ဆိုတာက တော့ မေးခွင့်မရှိ ဘူး။ ကျေးဇူးတင်ပါတယ်” ဟု အသက် ၅၀ အရွယ် နည်းပြက သတင်းစာ ရှင်းလင်းပွဲတွင်ပြော သည်။

ထို့နောက် မော်ရင်ညိုသည် သတင်းစာရှင်း လင်းပွဲခန်းမကို ကျောခိုင်း ထွက် ခွာသွားပြီး ချန်ပီယံလိဂ်ပွဲစဉ် ၁ တွင် လန်ဒန်အခြေစိုက် အသင်း ရှုံးနိမ့် ခဲ့ သည့် ပွဲစဉ်အား ကစားသမား များနှင့်အတူ ပြန်လည် သုံးသပ်ကြည့် ရှုခဲ့ သည်။ ချန်ပီယံလိဂ်ပွဲစဉ် ၁ တွင် အိမ်ရှင်ချဲလ်ဆီးသည် ဘရာဇီးအလယ်တန်း လူအော်စကာ၏ သွင်းဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ သော်လည်း ဧည့်သည်ဘေဆယ် အသင်းက ၂ ဂိုးပြန်လည်သွင်းယူသဖြင့် ချဲလ်ဆီးရှုံးနိမ့်ခဲ့သည်။

Goal Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ