မျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေး

သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိသာရ ဦးဆောင်ဦးရွက်ပြု လှူဒါန်းမှုနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့ မဟာမြတ်မုနိဘုရားကြီး အကျိုးတော် ဆောင်ဆရာတော် ဘဒ္ဒန္တပညာသီရိ၏ကြီးကြပ်မှုဖြင့် (၂၅)ကြိမ်မြောက် ငွေရတုသဘင်အဖြစ် စက်တင်ဘာ ၂၆ ရက်မှ ၂၉ ရက်အထိ မျက်စိဝေဒနာရှင်များကို အခမဲ့စမ်းသပ် ခွဲစိတ်ကုသပေးသည်။

သီတဂူစက္ခုဒါန ဆေးရုံကြီးသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ်များသာမက မြေပြန့်ဒေသမှ မျက်စိဝေဒနာရှင်များအား မျက်စိအထူးကုဆရာဝန်ကြီး ဒေါ်ခင်အုန်းဟန် ဦးဆောင်သော အထူးကု ဆရာဝန်ကြီးများ၊ သီတဂူအာယုဒါန ဆေးရုံကြီးမှ ကျွမ်းကျင်ဝန်ထမ်းများ၊ ရေကြည်တော်ဝတ်အသင်းသားများ၊ မြို့မိမြို့ဖများက နံနက် ၈ နာရီမှ ည ၁ဝ နာရီအထိ နေ့စဉ်စစ်ဆေးကုသပေးလျက်ရှိသည်။

မျက်စိဝေဒနာရှင်များအား မြို့နယ်ကျန်းမာရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်၊ သီတဂူဆေးရုံကော်မတီ ဥက္ကဋ္ဌ ဦးအောင်ခင်နှင့်အဖွဲ့ဝင်များ၊ မြို့မိ မြို့ဖများက ခွဲစိတ်ကုသခံမျက်စိ ဝေဒနာရှင်များကို တွေ့ဆုံအားပေး စကားပြောကြားကာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသည်။

ထို့အပြင် ကျေးလက်ဒေသများမှ လာရောက်ကုသကြသော နွမ်းပါးသည့် ဝေဒနာရှင်များကို ဆရာတော် ဘဒ္ဒန္တ ပညာသီရိက ခရီးစရိတ်နှင့်ထမင်းဟင်း လျာများကိုပါ အလှူဒါနပြုလျက်ရှိပြီး စေတနာရှင်အလှူရှင်များ၏ လုပ်အားဒါန၊ ငွေကြေးဒါန၊ ပညာဒါနများပါဝင်ကုသိုလ်ယူလှူဒါန်းလိုပါက သီတဂူ စက္ခုဒါနဆေးရုံ ဖုန်း ဝ၉-၅၂၇၈၁၇၃၊ ဝ၉-၅၂၇၈၁၈၉နှင့် ဝ၉-၅ဝ၇ဝ၄၄၂ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

စိုင်း(သီပေါ)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ