" ဆီးဂိမ်းမှာပါဝင်ကူညီပေးမည့် ဆိုင်းပညာရှင် ဦးစိန်မွတ္တား"

ဆိုင်းပညာရှင် ဦးစိန်မွတ္တား က ဆီးဂိမ်းပြိုင်ပွဲကြီးနဲ့ပတ်သက် ပြီး မြန်မာနိုင်ငံသဘင်ပညာ ရှင်များအစည်းအရုံး (ဗဟို) အနေနဲ့ရော ဆိုင်းပညာရှင် တစ်ယောက် အနေနဲ့ရော ကူညီ လုပ်ဆောင်ပေးနေပါတယ်။ အစည်းအရုံးအနေနဲ့ ဆီးဂိမ်း လှုံ့ဆော်ရေးသီချင်း သုံးပုဒ်ကို ရေးသားပေးခဲ့ပြီး ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ကျောင်းသား ပိုင်ပိုင်အတွက် သီချင်းတစ်ပုဒ် ၂၇
ကြိမ်မြောက် ဆီးဂိမ်းပြိုင် ပွဲအား ဆိုင်းပညာရှင်များက ကြိုဆိုတယ်ဆိုတဲ့ သီချင်းတစ်ပုဒ် စုစုပေါင်း သီချင်း ငါးပုဒ်ကိုဆီးဂိမ်းလှုံ့ဆော်ရေး အနေနဲ့ ရေးသားပေးခဲ့ပါတယ်။ ဦးစိန်မွတ္တားကို ဆီးဂိမ်းဖွင့်ပွဲအတွက် တီးပေးဖို့လည်း ဖိတ်ကြားခြင်း ခံထားရကြောင်း သိရပါတယ်။

" မြန်မာ့ရုပ်မြင်သံကြားက တစ်ဆိုင်း၊ မြဝတီရုပ်မြင် သံကြားက တစ်ဆိုင်း၊ ယဉ်ကျေး မှုတက္ကသိုလ်က တစ်ဆိုင်း၊ မန္တလေးမြို့တော်ဝန်ဆိုင်း အဖွဲ့၊ စစ်ကိုင်းတိုင်းက ဆိုင်းတစ်ဖွဲ့ ပါမယ်။

ရန်ကုန်က မွန်ပြည်နယ် ကိုကိုနိုင်ပါမယ်။ နောက် ကျွန် တော် တို့ဆိုင်းပါတယ်။ ဖွင့်ပွဲကို ဆိုင်း ခုနစ်ဆိုင်းနဲ့ဖွင့်ပါမယ်။ ဒါက နိုင်ငံတော်က ခိုင်းတာပါ။ အဲဒီ ခုနစ်ဆိုင်းကို တာဝန် ပေးတယ်။

တစ်ရက်နေ့ကစပြီး နေပြည် တော်မှာ ဆိုင်းခုနစ်ဆိုင်းနဲ့ ဇာတ် တိုက်ကြမယ်" လို့ ဆီးဂိမ်းပွဲနဲ့ ပတ်သက်ပြီး ဦးစိန်မွတ္တားက ပြောပါတယ်။ နိုင်ငံတော်က ဆီးဂိမ်းပြိုင်ပွဲကြီးမှာ သူ့ကိုသဘင်အစည်းအရုံး (ဗဟို) ရဲ့ ဒုတိယဥက္ကဋ္ဌတစ်ယောက် အနေနဲ့ လည်း တာဝန်ပေးသလို သဘင်ပညာရှင် တစ်ယောက် အနေနဲ့လည်း တာဝန်ပေးတဲ့ အတွက် ဂုဏ်ယူမိကြောင်း
ဦးစိန်မွတ္တားက ပြောပါတယ်။ ဦးစိန်မွတ္တားကို ဒုတိယ ဥက္ကဋ္ဌ မဖြစ်ခင်ကတည်းက သဘင် ပညာရှင်တစ်ဦးအနေနဲ့ ဆီးဂိမ်းအတွက် တာဝန်ပေး ထားခြင်းပဲ ဖြစ်ကြောင်းလည်း သိရပါတယ်။

" ၂ဝ၁၂ စောစောပိုင်း လောက်ကတည်းက ပြောထား တာပါ။ ဦးစိန်မွတ္တားတို့ ပါဝင်လှုပ်ရှားပေးပါပေါ့။ ဒုတိယဥက္ကဋ္ဌမဖြစ်ခင်ကတည်း ကပါ။ အစည်းအဝေး သုံးခါ လောက်တက်ရပါတယ်။ သီချင်းရေးဖို့တွေ၊ တီးဖို့တွေ အတွက်ပေါ့။ ပါဝင်ခွင့်ရတဲ့ အတွက် ဂုဏ်ယူတာပေါ့။ ဝမ်း လည်း ဝမ်းသာတယ်။ ဆီးဂိမ်း ပွဲက တီးချင်တဲ့သူတွေချည်း ပါပဲ။ နောက် ကမ္ဘာအရပ် ရပ်က သိမယ့်ပွဲကြီးလေ။ ရင်လည်း ခုန်မိတယ်။ အဲဒီ ပွဲရက်မှာ လှုပ်ရှားနိုင် အောင် ကျန်းမာရေး ကောင်းအောင် ဂရုစိုက်နေတယ်။

လက်စွမ်းပြ နိုင်ဖို့ အတွက် လည်း တစ်ဝါတွင်းလုံး လေ့ကျင့်နေပါ တယ်။ ကျန်းမာ ရေးကောင်းကောင်းနဲ့ လက် စွမ်းပြ တီးခတ်နိုင်ဖို့ အတွက် ပေါ့။ ဆီးဂိမ်းပွဲကြီးကို နိုင်ငံတကာ ကပွဲတွေနဲ့ ရင်ပေါင်တန်းနိုင်အောင် ကြိုး စားနေကြပါတယ်။ မြန်မာ့ရဲ့ အနုပညာ၊ မြန်မာ့ရဲ့ယဉ်ကျေးမှုတွေကို ဆီးဂိမ်းပွဲကြီးမှာ မြင်တွေ့ကြမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော် တို့အနေနဲ့ အထူးကြိုးစား နေပါတယ်" လို့ ဆီးဂိမ်းပွဲအတွက် ဂုဏ်ယူမှုနဲ့ ပီတိစကားကို ဦးစိန်မွတ္တားက ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ