Apple တို့ ဖန်ဖြင့်ပြုလုပ်သော ဗိသုကာကို မူပိုင်မှတ်ပုံတင်

တရုတ်ပြည် ရှန်ဟိုင်းမြို့ မှာ ရှိတဲ့ Apple စတိုးမှာ ဖန်တီးထားတဲ့ ဗိသုကာ လက်ရာ ဖြစ်ပါတယ်။ မြေအောက်ထပ်မှာ တည်ဆောက်ထားတဲ့ Apple စတိုးဆိုင် ကို ဝင်ဖို့ အပေါ်မှာ Apple လိုဂိုနဲ့ ဝင်ပေါက် ဖန်သား ဆလင်ဒါ လုံးကိုတည်ဆောက်ထားပါတယ်။ အောက်ကို ဝင်သွားရင် စတိုးဆိုင်ထဲ ကို ရောက်ပြီး Apple Product များကို မြင်တွေ့ ရမှာပါ။

ယခု ယင်း ဝင်ပေါက် ဗိသုကာလက်ရာကို Apple တို့ နိုင်ငံတကာ မူပိုင်ခွင့်ရယူလိုက်ပြီ ဖြစ်ပါတယ်။ ဒီဇိုင်း၊ တည်ဆောက်တဲ့ နည်းလမ်းနဲ့ တည်ဆောက်ရာမှာ အသုံးပြုတဲ့ ပစ္စည်း အစရှိတဲ့ အချက် ၃ ချက်ကို မူပိုင်ခွင့်ယူခဲ့ပြီး ဘယ်ကုမ္မဏီမှ လိုက်တုလို့ မရအောင်ပါ။ အဓိက ကတော့ အတူပြုလုပ်ရတာ တူမတူတောင် တော်တဲ့ တရုတ်နိုင်ငံမှာ ရှိနေတဲ့ ဗိသုကာလက်ရာမို့လို့ မူပိုင်ခွင့် အမြန်တင်လိုက်ခြင်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ဖွင့်ထားတဲ့ Apple စတိုးတွေထဲမှာ ရှန်ဟိုင်းက ယင်းစတိုး ဆိုင်မှာပဲ ဆလင်ဒါ ဖန်ကိုယ်တည် ဝင်ပေါက် ဗိသုကာလက်ရာ ကို မြင်တွေ့ရမှာ ဖြစ်ပါတယ။်

Apple နည်းပညာ ပစ္စည်းများတင်မက၊ အခြားသော ဒီဇိုင်း Creation မှာပါ Idea ကောင်းတဲ့ ကုမ္မဏီလို့ Apple က အသိမှတ်ပြုခံထားရခြင်းပါ။ ယခု မူပိုင်ခွင့် ရယူမှုအတွက် Apple Insider က ဖော်ပြခဲ့တဲ့ သတင်း ဖြစ်ပါတယ်။
.
Ref: mahsable
အောင်ခမ်း (TSJ Team)

TechSpace Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ