ကြံခိုင်မှု မပြည့်သေး၍ မကစားရခြင်းကို ဘေးလ် စိတ်မကောင်းဖြစ်နေသည်ဟု အန်ဆယ်လော့တီ ဖွင့်ဟ

အီတာလျံ လူမျိုး နည်းပြ အန်ဆယ်လော့တီက ဝေးလ်တောင်ပံ ကစားသမား ဂါရတ်ဘေးလ်သည် ကြံခိုင်မှု အပြည့်အ၀ မရှိသေးခြင်းကြောင့် လီ ဗန်တေးနှင့် ပွဲတွင် ယှဉ်ပြိုင်ကစားခွင့် ရရှိဦးမည် မဟုတ်ကြောင်း ထုတ်ဖော်ပြောကြား လိုက်သည်။ ဘေးလ် အနေဖြင့် ချန်ပီယံလိဂ် အုပ်စုအ ဆင့် ပွဲစဉ်ဖြစ်သော ကိုပေဟေဂင်နှင့်ပွဲတွင် ပါဝင်မရခဲ့ခြင်းကို စိတ် မကောင်း ဖြစ် လျက်ရှိကြောင်း အန်ဆယ်လော့တီက ဆိုသည်။

ရီးရဲလ်မက်ဒရစ် အသင်းသည် ဒိန်းမတ် ချန်ပီယံ ကိုပင်ဟေဂင် အသင်းနှင့် ရင်ဆိုင် ကစားခဲ့သည့် ပွဲတွင် ခရစ္စတီယာနို ရော်နယ်ဒိုနှင့် ဒီမာရီယာ တို့ကို တောင်ပံ နှစ်ဖက်၌ အသုံးပြုခဲ့သည်။ ဘေးလ်မှာမူ ပေါင်ကြွက်သား ဒဏ် ရာကြောင့် ပွဲကြည့်စဉ်၌သာ ကြည့်ရှု့ ခဲ့ရသည်။

စပါးအသင်းမှ ယူရို သန်း ၁၀၀ဖြင့် ခေါ်ယူခဲ့သော ဂါရတ်ဘေးလ်သည် လာမည့် အောက်တိုဘာလ ၆ ရက်နေ့တွင် ရင်ဆိုင်ကစားမည့် လီဗန်တေးအသင်းနှင့် ပွဲစဉ်ကိုလည်း လွဲချော်လိမ့်မည် ဖြစ်ကြောင်း၊ သို့သော် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ရက်သတ္တပတ် ပြီးဆုံးပါ က ပြန် လည်ကောင်း မွန်လာလိမ့်မည်ဟု ယုံကြည်ကြောင်း အန်စလော့တီက ဆိုသည်။

" ဘေးလ် ပြန်ကစားဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ သူဟာ ဒဏ် ရာ ပြင်းပြင်း ရထားတာပါ။ သူ့ဒဏ်ရာကို ဓါတ်မှန်ရိုက်ခဲ့ပြီးပါပြီ ကာလရှည် အနားယူရ မယ့် ဒဏ်ရာ မျိုးတော့ မဟုတ်ခဲ့ပါဘူး။ ကျွန်တော်တို့ အနေနဲ့ သူကြံခိုင် မှု ပြည့် ၀ တဲ့ အချိန် တစ်ခုကို စောင့်ဆိုင်းနေကြတာပါ။ လောလောဆယ်မှာ ရာနှုန်းပြည့် ကြံခိုင်မှု အပြည့်မရနိုင်သေးပေမယ့် နောက်၂ပတ်လောက် အကြာမှာ အကောင်းဆုံးပုံစံ ပြန်ရလာပါ လိမ့်မယ်။ သူဒီ အချိန်မှာ ဘောလုံး မကစားရလို့ မပျော်မရွှင် ဖြစ်နေပါလိမ့်မယ်။ ဒါဟာ ဖြစ်ရိုး ဖြစ်စဉ် တစ်ခုပါ ပဲ။ ဒီအချိန်မှာ ကြံခိုင်မှု အကောင်းဆုံပုံစံ ရအောင်ထိန်းထားနိုင် မှ နောက် ထပ် ထိခိုက်ဒဏ်ရာတွေကို ရှောင်ရှားနိုင်မှာပါ" ဟု အန်ဆယ်လော့တီက ထုတ်ဖော်ပြောကြားခဲ့သည်။

ဆက်လက်ပြီး အန်ဆယ်လော့တီက ပြီးခဲ့သည့် စနေနေ့တွင် ယှဉ်ပြိုင် ကစား ခဲ့သည် မက်ဒရစ် ဒါဘီပွဲစဉ် ရှုံးနိမ့်မှုကို ချန်ပီယံ လိဂ်ပွဲတွင် ပေါက် ကွဲပြနိုင် ခဲ့သည့်အတွက် ပျော်ရွှင်မိကြောင်း ပြောဆိုခဲ့သည်။

"ဒီပွဲဟာ ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲပါ။ ကျွန်တော်တို့ တိုက်စစ် ခံစစ်မျှ တစွာနဲ့ အရှိန်အဟုန်လျင်လျင်မြန်မြန်နဲ့ အကောင်းဆုံး စတင်နိုင်ခဲ့ တယ်။ ရော်နယ်ဒို ရဲ့ ပထမ သွင်းဂိုးပြီးတော့ အနည်းငယ် ကစားအားနှေးသွားပါသေးတယ်။ ဒါကို ပြန်ဖာထေးလိုက်ပြီး လျင်လျင်မြန်မြန် ကစားနိုင်ခဲ့ လို့ နောက်ထပ် ဂိုးတွေ ထပ် ရခဲ့တာပါ။ လက်ရှိအသင်းရဲ့ အနေအထားကတော့ အကောင်း ဆုံးပါပဲ။ ဒီမာရီယာနဲ့ ရော်နယ်ဒိုတို့ကို ဖွင့်ကစားနိုင်ဖို့ ကျွန်တော်တို့ ကြိုးစား ခဲ့ကြ တယ်။ ပထမဂိုးနဲ့ ဒုတိယဂိုးဟာ ဆိုရင် တောင်ပံတွေကို အသုံးချနိုင် ခဲ့ပြီး ပေါင်းစပ်အတွဲမိမှုတွေကြောင့် ရရှိခဲ့တာပါ။ အလယ်တန်းက ကစား သမား ၃ယောက်လည်း ဒီပွဲမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပါတယ်" ဟု အန်ဆယ်လော့တီက ထုတ်ဖော်ပြောကြားလိုက်သည်။

Goal Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ