လုယက်မှုကျူးလွန်သူများအား ဖမ်းဆီးရမိ

ရန်ကုန်၊ အောက်တိုဘာ ၃

၃.၁၀.၂၀၁၃ရက်နေ့ ၀၁၃၀အချိန်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊ (၇)ရပ်ကွက်နေ ဦးအောင်ဇော်ဦး သည် AA/----၊ အငှားယာဉ်အားမောင်းနှင်လာစဉ် သင်္ဃန်းကျွန်းမြို့နယ်၊ ဘီအိုစီမှတ်တိုင်း အနီးအရောက်၌ အမည်မသိအမျိုးသား (၄)ဦးမှ ယာဉ်အားတား၍ ဗဟန်းမြို့နယ်၊ ဖိုးစိန်လမ်းသို့ ငွေကျပ်(၂၀၀၀)ဖြင့် ငှားရမ်း၍ ပို့ဆောင်ပေးခဲ့ရာ ဖိုးစိန်လမ်းသို့ရောက်ရှိစဉ် နတ်မောက်လမ်းသွယ် (၁)သို့ ထပ်မံပို့ပေးရန်ပြောသဖြင့် ပို့ပေးခဲ့ရာ နတ်မောက်လမ်းသွယ်(၁)သို့ ရောက်ရှိစဉ် နောက်ခန်းတွင်ထိုင်နေသောအမျိုးသား (၁)ဦးမှ ချွန်ထက်သော အရာဖြင့် လည်ပင်းအားထောက်၍ ကျန်တစ်ဦးမှ လက်သီးဖြင့်ထိုးပြီး
“ မအော်နဲ့သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုကာ မီးပိတ်၍စက်ရပ်ခိုင်းခဲ့ကြောင်း” ကျန်အခြားတစ်ဦးမှ ကိုအောင်ဇော်ဦး၏အင်္ကျီအိတ်အတွင်းရှိ ငွေကျပ်(၂၀၀၀၀)ခန့်အား လုယူ၍ ယာဉ်ပေါ်မှဆင်းကာ ထွက်ပြေးသွားသဖြင့် အရေးယူပေးရန် ဗဟန်းမြို့မရဲစခန်းသို့ ဦးအောင်ဇော်ဦးမှ လာရောက် တိုင်တန်းသဖြင့် (ပ)၃၈၆/၂၀၁၃၊ ပုဒ်မ ၃၉၂/၁၁၄ဖြင့် အမှုဖွင့်စုံစမ်း ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ဗဟန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးပြီး ပတ်ဝန်းကျင်အား လိုက်လံစုံစမ်းခဲ့ရာ ၀၂၀၅အချိန်ခန့်တွင် ချက်ထရီယန်ဟိုတယ်ရှေ့
လမ်းမပေါ်၌ အငှားယာဉ်(၁)စီးအားတားနေသော မင်းသက်ငြိမ်း၊ (ဘ)ဦးလှဌေး၊ ကျောက်မြောင်း ရပ်ကွက်၊ တာမွေမြို့နယ်၊ မိုးထက်ဟိန်း၊ (ဘ)ဦးဇော်ဇော်၊ တာမွေကြီး(က+ဂ)ရပ်ကွက်၊ တာမွေမြို့နယ်၊ ဟိန်းထက်အောင်၊ (ဘ)ဦးစိန်ထွန်း၊ တာမွေကြီး(က+ဂ)ရပ်ကွက်၊ တာမွေမြို့နယ်နှင့် ကျော်ရဲအောင်၊ (ဘ)ဦးဖိုးသီး၊ ၀ါးခယ်မမြို့နယ် ၊ ဧရာဝတီတိုင်းဒေသကြီးနေသူတို့ (၄)ဦးအား မသင်္ကာတွေ့ရှိသဖြင့် ဗဟန်းမြို့မရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ပါသည်။

၎င်းတို့အားစစ်ဆေးရာ ၎င်းတို့(၄)ဦးသည် ၄င်းနေ့နံနက်(၁)ကျော်အချိန်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ဘီအိုစီမှတ်တိုင်အနီးမှ AA/----၊ အငှားယာဉ်အား ဗဟန်းမြို့နယ်၊ ဖိုးစိန်လမ်းသို့ ငွေကျပ်(၂၀၀၀)ဖြင့်ငှားရမ်းခဲ့ပြီး ဖိုးစိန်လမ်းသို့ ရောက်ရှိစဉ် နတ်မောက်ရိပ်သာလမ်းဘက်သို့ ဆက်လက်ပို့ခိုင်းကာ နတ်မောက်ရိပ်သာလမ်းအရောက်တွင် ယာဉ်မောင်းနောက်၌ ထိုင်နေသော ကျော်ရဲအောင်မှ ယာဉ်မောင်းအား ပါးစပ်ပိတ်ကာ အော်ရင်သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုပြီး ကားရပ်ခိုင်းခဲ့ကြောင်း၊ နောက်ခန်းတွင်ထိုင်နေသော မင်းသက်ငြိမ်းမှ ယာဉ်ပေါ်မှဆင်းသွားပြီး ယာဉ်မောင်းအား စကေဘာဖြင့်ထောက်ကာ လက်သီးဖြင့်ထိုးခဲ့ကြောင်း၊ ဟိန်းထက်အောင်မှ ယာဉ်မောင်းဘေးတွင်ချထားသော ပိုက်ဆံအိတ်အား ဖွင့်ကြည့်ရာ ပိုက်ဆံမပါ၍ပြန်ထားခဲ့ကြောင်း၊ ယာဉ်၏ရှေ့ခန်းတွင်ပါလာသည့် မိုးထက်ဟိန်းမှ ယာဉ်မောင်း၏အိတ်ကပ်အတွင်းရှိ ငွေကျပ် (၂၀၀၀၀)အားလုယူ၍ ယာဉ်ပေါ်မှဆင်းပြေးကြာင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

အဆိုပါ ပြစ်မှုကျူးလွန်သူများထံမှ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် အရိုးအသွား (၉)လက်မခန့်ရှိ စကောဘာ(၁)ချောင်း၊ သံရိုးကိုင်းပါသံဖြတ်လွှ (၁)ချောင်း၊ သန့်ဇင်၊ စိုးမိုး၊ ဇေယျာထွန်း
အမည်များပါ ယာဉ်မောင်းလိုင်စင် (၃)ခု၊ ၀၉ ၄၂------၊ နံပါတ်ပါလက်ကိုင်ဖုန်း (၁)လုံး၊ သော့ (၃)ချောင်း၊ ရွှေရောင်နားကပ် (၁)ရံ၊ CITIZEN တံဆိပ်ပါရွှေအိုရောင်နာရီ (၁)လုံး၊ ငါးမျှားချိတ် (၁)ခု၊ အစိမ်းရောင်ကျောပိုးအိတ် (၁)လုံး၊ လုယူရရှိငွေကျပ် (၂၀၀၀၀)နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိသဖြင့် အဆိုပါပြစ်မှုကျူးလွန်သူများအား အခြားအမှုများနှင့် ဆက်လက်စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ