ပရိသတ်အကြိုက်ဇာတ်လမ်းတွေရိုက်ဖြစ်နေတဲ့ မိုးဟေကို

ဓာတ်ပုံ-နစ်ကီ

ပရိသတ်ကြိုက်မည့် ဇာတ်လမ်းများကို ရွေးချယ်ရိုက်ကူးဖြစ်နေပြီး ယခုရက်တွင် ကင်ဆာရောဂါသည် ကောင်မလေးအဖြစ် သရုပ်ဆောင်နေကြောင်း မိုးဟေကိုက ပြောသည်။

““ကင်ဆာရောဂါဖြစ်နေတဲ့ ကောင်မလေးတစ်ယောက် ကိုယ့်ကိုယ်ကိုယ်ရောဂါသည်ဆိုတာ သိပေမယ့် လောကကြီးကို အရှုံးမပေးဘဲ လက်ကျန်အချိန်တွေကို အကျိုးပြုလုပ်ငန်းတွေနဲ့ ကုန်ဆုံးစေတာပေါ့”” ဟု ၎င်းသရုပ်ဆောင်ရမည့် ဇာတ်ရုပ်ကို ပြောသည်။ ယင်းဇာတ်ကားကို ဒါရိုက်တာနေသူရိန်က ရိုက်ကူးခြင်းဖြစ်ပြီး နေမင်းနှင့် တွဲဖက်သရုပ်ဆောင်ထားကာ ဇာတ်ကားအမည်မှာမူ ရွေးချယ်ဆဲဖြစ်ကြောင်း မိုးဟေကိုက ပြောသည်။
ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) ရိုက်ကူးသည့် အိမ်ထောင်ရေးရုပ်ရှင်ဇာတ်ကားဖြစ်သော ““တိုက်ဆိုင်မှုရှိလျှင်”” ရုပ်ရှင်ဇာတ်ကား ရုံတင်ပါက ရင်ခုန်မှုထက် မည်သည့်နေရာတွင် လိုအပ်နေလဲဆိုသည့်စိတ်ဖြင့် တွေးနေကြောင်း ၎င်းကဆိုသည်။ ဇာတ်ကားများရိုက်ကူးရာတွင် အကောင်းဆုံးဖြစ်အောင် ကြိုးစားသရုပ်ဆောင်လေ့ရှိပြီး ဖက်ရှင်ထက် သရုပ်ဆောင်သည့် ဇာတ်ရုပ်ကိုသာ အဓိကထားကြောင်း မိုးဟေကိုက ပြောသည်။

7day daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ