အိပ်နေသည့်ကလေးငယ်အား နေအိမ်တွင် တစ်ဦးတည်းထားခဲ့ရာမှ ရေနစ်သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၈

၁၈.၉.၂၀၁၃ရက်နေ့ ၁၁၃၀အချိန် ဒလမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည်
 တပင်ရွှေထီးရပ်ကွက်ရှိ နေအိမ်အောက်တွင် ကလေးငယ်တစ်ဦး
ရေနစ်သေဆုံးကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ
သေဆုံးသူမှာ မအိသဇင်၊ အသက်(၆)လ ဖြစ်ပြီး နေအိမ်အောက်
ရေအနက်(၁)ပေခန့်တွင် ပြင်ပဒဏ်ရာမရှိဘဲ ရေနစ်သေဆုံးနေသည်ကို
တွေ့ရှိခဲ့ရပါသည်။

သေဆုံးခြင်းနှင့်ပတ်သက်၍စုံစမ်းရာ နေအိမ်အိပ်ခန်းအတွင်း၌
မအိသဇင်မှာအိပ်နေချိန် မိခင်ဖြစ်သူမှ တစ်ဦးတည်းထားခဲ့ကာ
ရပ်ကွက်အတွင်းသို့ သွားရောက်နေခဲ့ပြီး ပြန်လာရောက်ရှိစဉ်
သမီးဖြစ်သူအား မတွေ့ရှိ၍ရှာဖွေရာမှ နေအိမ်အောက်တွင်ရေနစ်သေဆုံး
နေသည်ကိုတွေ့ရှိခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ဒလမြို့မရဲစခန်း
သေမှုသေခင်းအမှတ်စဉ်(၂၄/၂၀၁၃)ဖြင့်ရေးဖွင့်ကာ
စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ