အာရှ ဘောလုံးအဖွဲ့ချုပ်ဖလား ယူ ၁၉ ပြိုင်ပွဲ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဦးဆုံးအကြိမ် ကျင်းပခွင့်ရ

ရန်ကုန်၊ စက်တင်ဘာ ၂၃
အာရှ ဘောလုံးအဖွဲ့ချုပ်က ကျင်းပသည့် (၃၈) ကြိမ်မြောက် အသက် ၁၉ နှစ် အောက် (ယူ-၁၉) ဘောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံက ပထမဦးဆုံးအကြိမ် အိမ်ရှင်အဖြစ် ကျင်းပခွင့် ရခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုးကျော်က ပြောကြားသည်။

ယင်းပြိုင်ပွဲအတွက် အင်ဒိုနီးရှား၊ လာအို၊ ဖိလစ်ပိုင်၊ ဂူအမ်နိုင်ငံတို့နှင့် အပြိုင် မြန်မာဘောလုံး အဖွဲ့ချုပ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် လျှောက်ထားခဲ့ပြီး ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိခဲ့သောကြောင့် ခြေစစ်ပွဲ ယှဉ်ပြိုင်ရမည် မဟုတ်ပဲ တိုက်ရိုက်ဝင်ခွင့် ရခဲ့ကြောင်း၊ ပြိုင်ပွဲဝင်မည့် နိုင်ငံပေါင်း လေးဆယ်မှာ အုပ်စုခြေစစ်ပွဲမှ စတင်ယှဉ် ပြိုင်ရမည် ဖြစ်ပြီး အုပ်စုကိုးစု ခွဲထားကြောင်း ၎င်းကရှင်းပြသည်။

ယင်းပြိုင်ပွဲ၌ ဗိုလ်စွဲသည့်အသင်း အပါအဝင် အကြိုဗိုလ်လုပွဲ ထိ ရောက်ရှိခဲ့သည့် အသင်းလေးသင်းမှာ ၂၀၁၅ ခုနှစ်တွင် နယူးဇီလန်နိုင်ငံ၌ ကျင်းပမည့် ကမ္ဘာ့ ယူ ၂၀ ဖလားပြိုင်ပွဲကို တိုက်ရိုက် ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

မြန်မာအသင်းသည် အာရှယူ ၁၉ ပြိုင်ပွဲကို ၁၉၇၅ ခုနှစ်က နောက်ဆုံး ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရကာ ၁၉၇၆ ခုနစ်ပြိုင်ပွဲတွင်လည်း ခြေစစ်ပွဲပင် မအောင်မြင်ခဲ့သောကြောင့် ယင်းနောက်ပိုင်းမှစ၍ ခြေစစ်ပွဲပင် ပါဝင်ကစားခဲ့ခြင်း မရှိတော့ပဲ ယခုမှသာ အိမ်ရှင်နိုင်ငံ ဖြစ်သောကြောင့် ပြန်လည် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

အာရှဖလား ဘောလုံးပြိုင်ပွဲအတွက် အင်ဒိုနီးရှားနိုင်ငံ၌ ယှဉ်ပြိုင်ခဲ့သည့် မြန်မာ ယူ ၁၉ အသင်းက ကစားသမား အများစုဖြင့် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုးက ပြောဆိုသည်။

အာရှဖလား ဘောလုံးပြိုင်ပွဲကို ၁၉၅၉ ခုနှစ်က စတင်ကျင်းပခဲ့ရာ ယင်းပြိုင်ပွဲ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးနိုင်ငံမှာ တောင်ကိုရီးယားနိုင်ငံဖြစ်ပြီး (၁၂) ကြိမ် ဗိုလ်စွဲထားကာ မြန်မာအသင်းက (၁၅) ကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာတွင် (၇) ကြိမ် ဗိုလ်စွဲခဲ့သောကြောင့် ဒုတိယ အအောင်မြင်ဆုံး နိုင်ငံ ဖြစ်သည်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ