ရှေးဟောင်းပစ္စည်းများသယ်ဆောင်လာသူ ဖမ်းဆီးအရေးယူ

Tuesday, September 24, 2013 21:24(+0630) (၁ မိနစ်တောင် မရှိသေးဘူး ခန့်က)

နေပြည်တော်၊ စက်တင်ဘာ ၂၄

၂၃-၉-၂၀၁၃ ရက်နေ့ ၀၃၄၅ အချိန် ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ တက်ခမ်းဟိုတယ်အနီး၊ နှစ်နိုင်ငံခြံစည်းရိုးခိုးဝင်ပေါက်တွင် မူဆယ်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သတင်းအရ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ စဥ့်အိုးတန်းလမ်းနေ မရင်ရင်ရွှေ(၃၂)နှစ် ယူဆောင်လာသည့် စက္ကူဂျပ်ဖာများအားစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ အ၀ါရောင်ပေရွက်နှင့် ရွှေရောင်ပေရွက်များပေါ်တွင် ဘုရားပုံတော်များရေးဆွဲထားသည့် ပေပုရပိုက်(၃၀၀)ခု၊ ယွန်းပြားဖြင့် ပြုလုပ်ထားသည့် ရွှေရောင်နှင့်အနက်ရောင်ရုပ်ပုံစာတန်းများပါ ယွန်းပြား(၁၂၃)ချပ်၊ သစ်သားဖြင့်ပြုလုပ် ထားသည့်ရုပ်ပုံများပါ ငွေရောင်သစ်သားပြား(၁၉)ချပ်၊ ကြေးဆင်းတုတော်(၅)ဆူ၊ အညိုရောင်မဟာပိန္နဲရုပ် ကြေးသွန်းဆင်းတုတော်(၁)ဆူနှင့် ဆင်ခံမြင်းခံကြေးသွန်းဆင်းတုတော်(၁)ဆူတို့အား သိမ်းဆည်းရမိခဲ့သဖြင့် မရင်ရင်ရွှေအား မူဆယ်မြို့မရဲစခန်း(ပ)၂၁၇/၂၀၁၃၊ ရှေးဟောင်းသတ္တုပစ္စည်းများအက်ဥပဒေပုဒ်မ ၇(၅)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ