မြေးဖြစ်သူကို အဓမ္မကျင့်ရန် ကြံစည်ဟု အဘွားဖြစ်သူက တိုင်တန်း

အသက်မပြည့်သေးသည့် မြေးဖြစ်သူကို လူတစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်ဟု အဘွားဖြစ်သူ၏ တိုင်တန်းမှုကို သုံးခွရဲစခန်းက စက်တင်ဘာ ၂၂ တွင် အမှုဖွင့်လိုက်သည်။

အဆိုပါ ဖြစ်စဉ်မှာ စက်တင်ဘာ ၂၀ ရက် မွန်းလွဲ ၂ နာရီအချိန်က သုံးခွမြို့နယ်အတွင်း ကျေးရွာတစ်ခုရှိ လယ်ကွင်းအတွင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု (၄၇)နှစ်အရွယ် အဘွားဖြစ်သူက အမှုဖွင့်ရာတွင်
ပြောထားခြင်းဖြစ်သည်။

အမှုတွင် အဘွားဖြစ်သူက ကျေးရွာမှ လယ်ကွင်းအတွင်းရှိ နေအိမ် သို့ပြန်လာစဉ် ရေမြောင်း တံတားအလွန်လမ်း၏ ဝဲဘက် ဓနိတောစပ်အရောက်တွင် အတူနေမြေးဖြစ်သူကို လူတစ်ဦးမှ အဓမ္မပြုကျင့်ရန် ကြံစည်နေမှုကို ကိုယ်တိုင်တွေ့ ရှိခဲ့ခြင်းလည်း ဖြစ်သည်ဟု ဆိုထားသည်။

သူမနှင့်အတူနေ မြေးဖြစ်သူ မ---- (၁၄)နှစ်အား တစ်ရွာတည်းနေသည့် (၂၀) နှစ် အမျိုးသားတစ်ဦးက မြေကြီးပေါ် သို့ တွန်းလှဲပြီး ပါးစပ်ပိတ်ကာ သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်နေသဖြင့် "ဘာလုပ်တာလဲ" ဟု မေးမြန်းရာ ကြံစည်သူမှာ ထွက်ပြေး သွားခဲ့သည်ဟုလည်း ရဲကို ပြောပြထားသည်။

တိုင်တန်းခံထားရသူအား ဖမ်းဆီးမိ၍ ပြစ်မှုကျူးလွန်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိပါ ကလည်း ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ ဖြင့် တရားစွဲတင်မည်ဟု သိရသည်။

ယင်းနေ့တွင်ပင် အသက်မပြည့်သေးသည့် ကလေးငယ်ကို ခိုးယူပေါင်းသင်းနေမှုဖြင့် ၂၃ နှစ်အရွယ် အမျိုးသား တစ်ဦးကို အရေးယူပေးရန် တိုင်ကြားမှုတစ်ခု ရှိခဲ့သဖြင့် သက်ဆိုင်ရာ မြို့နယ်ရဲစခန်းဖြစ်သည့် ဒဂုံတောင်ရဲစခန်းက (ပ)၇၈၈/၂၀၁၃ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံထားရသူအား ပုဒ်မ ၃၆၃ဖြင့် တရားစွဲတင်ရန် ဖမ်းဆီးစစ်ဆေးနေသည်ဟုလည်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး၏ မှုခင်းမှတ်တမ်းများအရ သိရသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ