အိန္ဒိယနိုင်ငံ Haryana ပြည်နယ်က Gharnavati ရွာတွင် အသက်(၂၀)နှစ်အရွယ် Nidhi Barak နှင့် အသက်(၂၃)နှစ်အရွယ် Dharmender Barak တို့ဟာ စက်တင်ဘာ(၁၈)ရက်နေ့ညက မိသားစုဝင်များ၏ အသတ်ခံခဲ့ရကြောင်း သိရသည်။
တက္ကသိုလ်ကျောင်းသား ကျောင်းသူများဖြစ်သည့် ၎င်းတို့နှစ်ဦး ချစ်ကြိုက်နေတာကို မိသားစုဝင်များက သဘောမတူသောကြောင့် ခိုးပြေးသွားခဲ့ကြသူများ ဖြစ်ကြောင်း သိရသည်။
၎င်းတို့နှစ်ဦးအား ထိခိုက်နာကျင်အောင် မလုပ်ဘဲ လက်ထပ်ပေးမည်ဟူသော ဆွေမျိုးမိဘများ၏ ကတိကြောင့် နေရပ်သို့ ပြန်လာခဲ့ကြသူများဖြစ်သည်။
သို့ပေမယ့် ၎င်းတို့၏ မိဘဆွေမျိုးများက ခိုးရာလိုက်ခဲ့သည့် မိန်းကလေးအား သေသည်အထိ ရိုက်သတ်ခဲ့ပြီး ခိုးပြေးခဲ့သည့် အမျိုးသားကိုမူ မိန်းကလေး၏ မိဘဆွေမျိုးများက ခေါင်းဖြတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရဲများ၏အပြောအရ ထိုချစ်သူနှစ်ဦးဟာ မိန်းကလေး၏နေအိမ်တွင် နာရီပေါင်းများစွာ လူအများရှေ့ နှိပ်စက်ညှဉ်းပန်း ခံခဲ့ကြရပြီး မိန်းကလေးဟာ လူအများအလယ်မှာတင် သေသည်အထိ ရိုက်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ခေါင်းဖြတ်ခံခဲ့ရသည့် အမျိုးသားကလေးမှာ ခေါင်းဖြတ်အသတ်မခံရမီ အရိုက်အနှက်ခံခဲ့ရပြီး ခြေ ၊ လက်တွေ အချိုးခံခဲ့ရကြောင်းလည်း သိရသည်။ ၎င်း၏အလောင်းကိုတော့ ၎င်း၏မိသားစုဝင်များ၏ အိမ်အနီးတွင် တမင် စွန့်ပစ်ထားခဲ့ကြောင်း သိရသည်။
အမျိုးသမီး၏ အလောင်းအား မီးရှို့စင်တွင် မီးတင်ရှို့နေကြောင်း ယင်းရွာသားတစ်ဦးက ရဲကို အသိပေးခဲ့သည့်အတွက် ၎င်းတို့အား သတ်ခဲ့သော မိသားစုဝင်အချို့ကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်တွင် ပါဝင်ခဲ့ကြသော အမျိုးသမီး၏ ဖခင် ၊ မိခင်နှင့် ဦးလေးတို့အား ရဲများက ဖမ်းဆီးမိခဲ့ပေမယ့် အခင်းဖြစ်ပြီးနောက် ထွက်ပြေးတိမ်းရှောင်လျက်ရှိသော အမျိုးသမီး၏ အစ်ကို ၊ ၎င်း၏သူငယ်ချင်းနှင့် အသတ်ခံရသောစုံတွဲအား ရွာသို့ပြန်ခေါ်လာရာတွင် ကားမောင်းပေးခဲ့သော ဒရိုင်ဘာတို့ကိုမူ ရဲများက လိုက်လံရှာဖွေလျက် ရှိကြောင်း သိရသည်။
Source : Daily Mail
ပုံရိပ်(burmesehearts.com)
လက်ထပ်ပေးမယ်ထင်လို့ ပြန်သွားတဲ့ ချစ်သူနှစ်ဦး မိသားစုဝင်များ၏ အသတ်ခံရ
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
မှုခင်း
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin