နောက်ဘီးကျွတ်ပြီး ယာဉ်တိမ်းမှောက်


နေပြည်တော်၊ စက်တင်ဘာ ၂၃

၂၁-၉-၂၀၁၃ ရက်နေ့ ၂၀၄၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာဂရအမြန်လမ်း ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၈၀/၁-၂)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ နေပြည်တော်မှရန်ကုန်သို့ တောင်ငူမြို့၊ (၁၀)ရပ်ကွက်၊ (၁၀)လမ်းနေ မောင်ဦး(၃၆)နှစ်မောင်းနှင်လာသည့် ၈ဃ/xxxx လိုက်ထရပ် အဖြူရောင်ယာဉ်သည် ယာဘက်နောက်ဘီးကျွတ်ထွက်တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်တွင်လိုက်ပါလာသူ (၁၈)ဦးအနက် အုတ်တွင်းမြို့နယ်၊ ကျောက်တလင်းရွာနေ ဦးအောင်သူဝင်း(၂၆)နှစ်ပါ ကျား(၇)ဦး၊ မ(၄)ဦးတွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် တောင်ငူပြည်သူ့ဆေးရုံသို့ရဲတပ်ဖွဲ့ဝင်များက ကူညီပို့ဆောင်ပေးခဲ့ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ မောင်ဦးအား သာဂရအမြန်လမ်းရဲစခန်းယာဉ် (ပ)၁၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ