ဆွင်ဒန် အသင်းနှင့် ပွဲစဉ်မှာ ပြန်လည် ပါဝင်မည့် မာတာ

ယခုရာသီတွင် အသင်း၏ ပွဲထွက်လူစာရင်း၌ နေရာမရဖြစ်နေသော ချဲလ်ဆီး ကွင်းလယ်လူ မာတာသည် ယနေ့ည ဆွင်ဒန် အသင်းနှင့် Capital One ပွဲစဉ်တွင် အသင်း အတွက် ပြန်လည် ပါဝင်ခွင့် ရရှိမည်ဟု သိရသည်။

အလားတူ ဖူ...လ်ဟမ် အသင်းနှင့် အိမ်ကွင်း ပွဲစဉ်တွင် ချဲလ်ဆီးက ၂း ၀ ဖြင့် အနိုင်ရခဲ့ပြီး ယင်းပွဲစဉ်တွင် ပါဝင်ခွင့် မရခဲ့သည့် ချဲလ်ဆီး နောက်ခံလူ လူးဝစ်ဇ်သည် ယနေ့တွင် ပါဝင်မည် ဖြစ်သလို မာတာမှာ ဖူလ်ဟမ် အသင်းနှင့် ပွဲစဉ်တွင် အရန်ခုံ၌ပင် ပါဝင်ခွင့် မရရှိခဲ့ပေ။ အဆိုပါ ကစားသမား ၂ ဦးသည် ယနေ့ အဝေးကွင်း Capital One ပွဲစဉ်တွင် ချဲလ်ဆီး အသင်း၏ ပွဲထွက် လူစာရင်း၌ ပါဝင်လာမည် ဖြစ်သည်။

ယင်းနှင့် ပတ်သက်၍ မော်ရင်ဟိုကလည်း ဆွင်ဒန် အသင်းနှင့် ပွဲစဉ်တွင် အသင်းလူစာရင်းကို အပြောင်းအလဲ လုပ်မည်ဟု ဆိုထားခဲ့သည်။ ချဲလ်ဆီး အသင်း၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ၂ ကြိမ်ရရှိထားသော စပိန် ကွင်းလယ်လူ မာတာသည် ယခုရာသီ ချဲလ်ဆီး နည်းပြ မော်ရင်ဟို၏ ပွဲထွက် လူစာရင်းတွင် နေရာ ပျောက်နေသည့် ကစားသမား တစ်ဦးလည်း ဖြစ်ပြီး အသင်းအတွက် ယခုရာသီတွင် ၁၄၅ မိနစ်ခန့်သာ ကစားခွင့် ရရှိထားခဲ့သူ ဖြစ်သည်။

Yatanarpon Call Center

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ