နေပြည်တော်၊ သြဂုတ် ၂၀
၁၉-၈-၂၀၁၃ ရက်နေ့ ၁၆၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ (၂၄)မိုင် ကျောက်ထုတ်လုပ်ရေးလုပ်ငန်းခွင်တာဝန်ကျ အကျဉ်းဦးစီးဌာနမှဝန်ထမ်းများသည် အလုပ်သိမ်းရန် လူစစ်ဆေးနေစဉ် သွင်းကုန်ထုတ်ကုန်ဥပဒေပုဒ်မ ၅(၁)ဖြင့်ထောင်ဒဏ်(၆)လ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)ဖြင့်ထောင်ဒဏ်(၁၂)နှစ်ကျခံနေရသော ကွတ်ခိုင်မြို့နယ်၊ စိမ်းပြ(၂၁)မိုင်ရွာနေ အကျဉ်းသားထောင်ဝင်အမှတ် လရ/၁၀/၁၀၀၅/၉က၊ တွန်ပီချောက်(၃၃)နှစ်သည် မိုးရွာနေမှုအားအခွင့်ကောင်းယူ၍ ရုတ်တရက်ထွက်ပြေးသွားခဲ့သည်။
ထိုသို့ထွက်ပြေးသဖြင့် အကျဉ်းဦးစီးဌာနမှဝန်ထမ်းများက အော်ဟစ်တားမြစ်သော်လည်း မရပ်သဖြင့် သေနတ်ဖြင့်(၁)ချက်ခြောက်လှန့်ပစ်ခတ်ခဲ့ပြီး ဆက်လက်ထွက်ပြေးသဖြင့် တွန်ပီချောက်၏ခါးအောက် ပိုင်းသို့ (၁)ချက်ထပ်မံပစ်ခတ်ခဲ့ရာ နောက်ကျောအား ထိမှန်သေဆုံးသွားခဲ့ကြောင်း အကြောင်းကြား ချက်အရ ပြင်စာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးကာ တွန်ပီချောက်၏အလောင်းအား ဇီးပင်ကြီးကျေးရွာ၊ ကုတင်(၅၀)ဆံ့ဆေးရုံသို့ပို့ဆောင်၍ ပြင်စာနယ်မြေ ရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ်(၆/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်
ပြစ်ဒဏ်ကျအကျဉ်းသားထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီး
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
မှုခင်း
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin