သရုပ်ဆောင်ကောင်းခန့်နှင့်တွေ့ဆုံခြင်း

ကိုယ်နဲ့မလိုက်တဲ့ဇာတ်ကားတစ်ကားကို ရိုက်လိုက်တယ်ဆိုပါတော့ မနိုင်တဲ့ဝန်ကို ထမ်းနေလားလို့ပေါ့။
အဲဒီလို ရိုက်လိုက်တဲ့အခါကျရင် ကြည့်တဲ့သူကလည်း ဘယ်လိုမှ အားရမှာမဟုတ်ဘူး။

ကြော်ငြာများရိုက်ကူးခဲ့ရာမှ နောက်ပိုင်းတွင် သရုပ်ဆောင်ဘက်သို့ဝင်ရောက်လာခဲ့ပြီး ဇာတ်ကားများအား ဆက်တိုက်ဆိုသလို ရိုက်ကူးနေပြီး ရုပ်ရှင်အစည်းအရုံးမှဖွဲ့ထားသည့် ဘောလုံးအသင်းတွင်လည်းပါဝင်ခဲ့သည့် ကောင်းခန့်နှင့် အခုလို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။
မေး- ဆေးရုံတက်နေရတယ်လို့ကြားတယ် ဟုတ်ပါ သလား။
ဖြေ- ဟုတ်တယ်။ ကျွန်တော်သွေးလွန်တုပ်ကွေးဖြစ် တာ ဆေးရုံတစ်ပတ်လောက်တက်လိုက်ရတယ်။ ကျွန်တော့်ဘဝမှာ ပထမဆုံးဆေးရုံတက်ရခြင်းပဲ ဆို ပါတော့။ ဆေးရုံကနေ ကျွန်တော် ဩဂုတ် ၁၂ရက်က ဆင်းတယ်။ အခုတော့ သက်သာလာပါပြီ။
မေး - ကူမဲမြို့ကို ဘောလုံးသွားကန်ဖို့ရှိတယ်ဆိုတာ ဖျက်လိုက်ရတာလား။
ဖြေ - ဟုတ်တယ်။ ကျွန်တော် ကူမဲမြို့ကို သွားပြီး ကန်ရမယ့်ပွဲမှာတော့ နေမကောင်းတာနဲ့ပဲ သွားမကန် ဖြစ်လိုက်ဘူး။
မေး - ရုပ်ရှင်အစည်းအရုံးက ဘောလုံးအသင်းအဖွဲ့ မှာ ပါဝင်ဖြစ်တာကရော။
ဖြေ - အဓိကပါဝင်တယ်ဆိုတာက အစည်းအရုံးက စခေါ်တယ်။ ပြီးတော့ ကျွန်တော်တို့ကို နည်းပြတွေနဲ့ သင်ပေးတယ်။ မျိုးလှိုင်ဝင်း၊ သန်းတိုးအောင်တို့လည်း သင်ပေးတယ်။ ဘောလုံးကန်တာဆိုတော့ ကျန်းမာရေး နဲ့လည်း ညီညွတ်တယ်။ နောက်တစ်ခုက ကျွန်တော် ကိုယ်တိုင်ကလည်း ဘောလုံးကန်တာကို ဝါသနာပါ တဲ့သူဆိုတော့ အဲဒီလိုနဲ့ ပါဝင်ဖြစ်တာ။
မေး - နေကောင်းသွားရင် ဇာတ်ကားတွေပြန်ရိုက်တဲ့ အခါ ဘယ်ဇာတ်ကားတွေ စရိုက်မလဲ။
ဖြေ - နေကောင်းသွားရင်တော့ ကျွန်တော် ဇာတ် လမ်းတွဲတစ်ခုရိုက်မယ်။ ဒါရိုက်တာဇမ္ဗူထွန်းသက် လွင်နဲ့ မင်းသမီးကတော့ မသိသေးဘူး။ ဇာတ်လမ်းတွဲ ရိုက်တာနဲ့ တစ်နာရီစာဇာတ်ကား အခွေရိုက်တာနဲ့က ထူးခြားမှုမရှိပါဘူး။ အားလုံးက အနုပညာအလုပ်။ သရုပ်ဆောင်ရတာချည်းပဲဆိုတော့ ဇာတ်အဖွဲ့တွေ လည်း Detar ပေါ်မှာမူတည်ပြီး သရုပ်ဆောင်ကြရတာ ဆိုတော့ ထူးထူးခြားခြားကွာခြားတာမျိုးတော့ မရှိ ဘူး။ ဇာတ်လမ်းကွဲသွားတာမျိုးပဲ ရှိမယ်။ ကိုယ်က အနု ပညာအလုပ်ကို ဝါသနာပါပြီး မြတ်နိုးတဲ့သူတစ်ဦးဆို တော့ ဇာတ်လမ်းတွဲပဲရိုက်ရိုက်၊ ဇာတ်ကားပဲရိုက်ရိုက်၊ ရုပ်ရှင်ပဲရိုက်ရိုက် အားလုံးကတော့ ကျွန်တော့်အတွက် အတူတူပါပဲ။
မေး - သရုပ်ဆောင်အလုပ်အပြင် ဒါရိုက်တာလုပ်ဖို့ရော စိတ်ကူးမရှိဘူးလား။
ဖြေ - မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော် Documentary တော့ရိုက်တယ်။ ၂၀၀၉ခုနှစ်က ဂျပန်နိုင်ငံမှာပြုလုပ်တဲ့ ဇာတ်လမ်းတိုပြိုင်ပွဲမှာ ကျွန်တော်ဝင်ပြိုင်ဖူးတယ်။ 'The Love Way' ဆိုတဲ့ခေါင်းစဉ်နဲ့ပါ။ အခုလည်းDocumentary ရိုက်ထားတာ အနည်းငယ်ရှိတယ်။ ကျွန် တော်က စိတ်ကူးပေါက်တဲ့အချိန်ကို ရိုက်တယ်။ နောက် ပြီးကျရင် စုထားတယ်။ အချိန်ရတော့မှ စုထားတဲ့ ဇာတ်ကွက်ကလေးတွေကိုပြန်ပြီးတော့ ဆက်တယ်။Documentary ပြိုင်ပွဲတွေရှိရင်တော့ ဝင်ပြိုင်ဖြစ်မှာ လား မပြိုင်ဖြစ်ဘူးလားဆိုတာတော့ သေချာမသိဘူး။ ရိုက်ထားတာလေးတွေရှိတယ်။ ကျွန်တော်က ဘဝနဲ့ သက်ဆိုင်တဲ့ဇာတ်လမ်းမျိုးလေးတွေကိုရိုက်ရတာ ပို ပြီးတော့ သဘောကျတယ်။ အဲဒီလိုမျိုးတွေကိုပဲ အ များဆုံးရိုက်ဖြစ်တယ်။ သက်ရှိလူတွေရဲ့အကြောင်းကို ရိုက်ရတာတွေပေါ့နော်။ Documentary အတွက် ပြိုင် ပွဲရှိတဲ့အခါ ကျွန်တော်လည်း စိတ်ပါဝင်စားတဲ့အခါ ကျရင်တော့ ဝင်ပြိုင်ဖြစ်မယ်ထင်တယ်။
မေး - ဇာတ်ကားတွေရိုက်တဲ့အခါမှာရော ရွေးရိုက် ဖြစ်လား။
ဖြေ - ကိုယ့်ကာရိုက်တာနဲ့ မသက်ဆိုင်တဲ့ဇာတ်လမ်း မျိုးတွေ မလုပ်နိုင်ဘူးထင်တဲ့ဇာတ်ကားမျိုးတွေ၊ လာ ပေးတဲ့ဇာတ်ညွှန်းကလည်း သိပ်ပြီးတော့ စိတ်မဝင်စား ဘူးဆိုရင်တော့ မရိုက်ဖြစ်ဘူး။ ဒါရိုက်တာက မကြိုက် ဘူးထင်ရင်လည်း အဲဒီဇာတ်ကား မရိုက်ဖြစ်ဘူး။ ဇာတ် ကားတွေကိုတော့ ရွေးရိုက်ဖြစ်ပါတယ်။ ဥပမာ- တကယ် လို့ ကိုယ်နဲ့မလိုက်တဲ့ဇာတ်ကားတစ်ကားကို ရိုက်လိုက် တယ်ဆိုပါတော့ မနိုင်တဲ့ဝန်ကို ထမ်းနေလားလို့ပေါ့။ အဲဒီ လိုရိုက်လိုက်တဲ့အခါကျရင် ကြည့်တဲ့သူကလည်း ဘယ် လိုမှအားရမှာမဟုတ်ဘူး။ ကိုယ်က ကောင်းကောင်း သရုပ်မဆောင်နိုင်ရင်လည်း ကောင်းမှာမဟုတ်ဘူးလေ။ နဂိုက ဇာတ်လမ်းကမကောင်းရတဲ့အထဲ ဇာတ်ကားရိုက် တဲ့အခါ သဲထဲရေသွန်သလို ဖြစ်သွားမှာပေါ့။ အဲဒါ ကြောင့် ဇာတ်ကားရိုက်တဲ့အခါ ဇာတ်လမ်းကိုရွေးပြီး တော့ရိုက်ဖြစ်ပါတယ်။
မေး - အနုပညာလောကထဲကို စဝင်ဖြစ်ခဲ့တဲ့အကြောင်း။
ဖြေ - ကျွန်တော် အနုပညာလောကထဲကို စဝင် တာတော့ကြာပါပြီ။ ဒါပေမဲ့ အဲဒီအလုပ်ကို တကယ် လည်း ဝါသနာပါရင်း အသက်မွေး ဝမ်းကျောင်းအတွက် ပါ လုပ်ကိုင်ခဲ့တာပါ။ ရှေ့ဆက်ပြီးတော့လည်း တစိုက် မတ်မတ်နဲ့ အနုပညာအလုပ်ကိုပဲ ဆက်ပြီးတော့လုပ် ကိုင်သွားမှာပါ။
မေး - ဘာများထပ်မံပြီးဖြည့်စွက်ပြောချင်ပါသေးလဲ။
ဖြေ - ကျွန်တော် ကြိုးစားနေပါတယ်။ အကောင်းဆုံး သရုပ်ဆောင်ကောင်းတစ်ဦးဖြစ်အောင်၊ ပရိသတ်ကြီး လည်း ကျန်းမာချမ်းသာပါစေ။ ကျန်းမာရေးကိုလည်း ဂရုစိုက်ပါလို့။

ရတနာတွေ့ဆုံမေးမြန်းသည်။

သြဂုတ်(၁၉)၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ