Cincinnati တင်းနစ်ပြိုင်ပွဲ ရာဖေးနာဒယ်လ်နှင့် အဇာရန်ကာတို့ ဗိုလ်စွဲ

လန်ဒန်၊ သြဂုတ် ၁၉

အမေရိကန်နိုင်ငံတွင် ကျင်းပလျက် ရှိသော Cincinnati Open တင်းနစ် ပြိုင်ပွဲ၏ အမျိုးသား ဗိုလ်လုပွဲစဉ်တွင် စပိန် တင်းနစ် ကစားသမား ရာဖေးနာဒယ်လ်နှင့် အမျိုးသမီး... ဗိုလ်လုပွဲစဉ်တွင် ဘယ်လာရုစ် တင်းနစ်မယ် အဇာရန်ကာတို့ အနိုင်ရ ဗိုလ်စွဲခဲ့ကြောင်း BBC သတင်းဌာန၏ ဖော်ပြချက် အရ သိရသည်။

ရာဖေးနာဒယ်လ်သည် အမေရိကန် တင်းနစ်ကစားသမား ဂျွန်အစ္စနာကို သုံးပွဲပြတ် အနိုင်ယူခဲ့ပြီး အဇာရန်ကာကမူ ကမ္ဘာ့ နံပါတ်တစ် အဆင့်ရှိ အမေရိကန် တင်းနစ်မယ် ဆရီးနားဝီလျံကို နှစ်ပွဲနိုင် တစ်ပွဲရှုံးဖြင့် အသီးသီး အနိုင်ယူခဲ့ခြင်း ဖြစ်သည်။

တင်းနစ်ကစားသမား ဘဝတစ်လျှောက် ၂၆ ခုမြောက် ဆုဖလားကို ပိုင်ဆိုင် ရရှိခဲ့သော ရာဖေး နာဒယ်လ်က “ဒီပြိုင်ပွဲက ကျွန်တော့်အတွက် တကယ်ကစားလို့ကောင်းတဲ့ ပြိုင်ပွဲပါပဲ။ ကျွန်တော်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ဂျွန်အစ္စနာကိုလည်း ချီးကျူးလိုပါတယ်။ ဒီပုံစံအတိုင်းသာ ဆက်ကြိုးစားသွားရင် သူ့အတွက် ခုလို ပြိုင်ပွဲတွေမှာ အနိုင်ရဖို့ အခွင့်အရေးတွေ ရလာမှာပါ” ဟု ပြောကြားခဲ့သည်။

ဘယ်လာရုစ် တင်းနစ်မယ် အဇာရန်ကာကလည်း “ကျွန်မ အရမ်းကို ပျော်ရွှင်နေပါတယ်။ ဒီပွဲက ပွဲကောင်း တစ်ပွဲပါပဲ။ ယှဉ်ပြိုင်ရတာလည်း အရမ်းကို ခက်ခဲခဲ့ပါတယ်။ ဒီပွဲမှာ အနိုင်ရလိုက်တာ ကျွန်မ အတွက်တော့ အကြီးမားဆုံး အောင်ပွဲပါ” ဟု ပြောကြားခဲ့သည်။

Cincinnati Open တင်းနစ်ပြိုင်ပွဲတွင် နာမည်ကျော် တင်းနစ်ကစားသမားများဖြစ်သော ဂျိုကိုဗစ်၊ အန်ဒီမာရေး၊ ဖက်ဒါရာနှင့် အမျိုးသမီး တင်းနစ်မယ်များ ဖြစ်သည့် ဝေါ်ဇနီယာကီးနှင့် ယန်ကိုဗစ်တို့မှာ ကွာတားဖိုင်နယ် အဆင့်မှပင် ပြိုင်ပွဲက ထွက်ခွာခဲ့ရသည်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ