“စလယ်ဝင်အိုးလေး” ဖန်တီးရှင် တေးရေး၊ တေးဆို၊ ဂီတမှူး ဦးထွန်းရင် (ခ) နေထွဏ်းဦး ကွယ်လွန်


မြန်မာသံဂီတလောကတွင် အောင်မြင်ခဲ့သည့် တေးရေး၊ တေးဆို၊ ဂီတမှူး ဦးထွန်းရင် (ခ) နေထွဏ်းဦးသည် ဇူလိုင် ၃၁ ရက် မွန်းလွဲ ၁၂နာရီ ၁၅ မိနစ်တွင် အဆုတ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။

တေးရေးနေထွဏ်းဦးသည် ကွယ်လွန်ချိန်တွင် အသက် ၅၈ နှစ်ရှိပြီဖြစ်ပြီး မကွယ်လွန်မီ ကာလအတ်ာကြာ ရောဂါဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရကြောင်း သူ၏ တူဖြစ်သူ တေးရေးနေနန်းက ပြောဆိုခဲ့သည်။

တေးရေးနေနန်းက “ မဆုံးခင်အချိန်အထိ အစာလည်းမ၀င်တော့ဘဲ ရေတောင် မနည်းမျိုချရတဲ့အထိ ရောဂါကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတယ်။ ရောဂါလည်းစုံတယ်။ ဆီးချိုရောဂါကတော့ ဖြစ်နေတာ လေး၊ ငါးနှစ်ရှိပြီ။ သူ့သီချင်းတွေက မြန်မာသံစဉ် ဆိုတဲ့သူတွေနဲ့ လွတ်ကင်းတယ်ဆိုတာ မရှိပါဘူး။ အနိုင်သီချင်းတော်တော်များများဆို သူပဲ တစ်ကိုယ်တော်အနေနဲ့ ရေးခဲ့တယ်။ သူ ဆေးရုံ မတက်ခင် သွားလာနိုင်တဲ့ အချိန်အထိလည်း တေးသီချင်းတွေ ရေးခဲ့တာရှိပါတယ်။ သူက ရော့ခ်တေးသီချင်းတွေဆိုတာ များတယ်။ မြန်မာသံစဉ်ကတော့ သူ အရမ်းဝါသနာပါလို့သာ ရေးစပ်ခဲ့တာ” ဟု ပြောပြခဲ့သည်။

တေးရေးနေထွဏ်းဦးသည် ဂီတသက်တမ်းအနေဖြင့် နှစ်ပေါင်း ၃၀ ကျော်ရှိပြီ ဖြစ်ပြီး အဆိုတော် ၀မ်းကိုကို၊ နွဲ့ယဉ်ဝင်း စုံတွဲအခွေဖြစ်သည့် “ရွှေကော်ဇောနဲ့ ရွှံ့စက်” အခွေတွင် ပထမဆုံး သီချင်းရေးသားခွင့်ရခဲ့ပြီး နောက်ပိုင်း သူရေးသားသည့် တေးသီချင်းပေါင်းမှာ ကွယ်လွန်ချိန်အထိ အပုဒ်ပေါင်း ၁၈၀၀ ကျော် ရှိကာ တစ်ကိုယ်တော်တေးစီးရီး လေးခွေ ထွက်ရှိခဲ့ဖူးသူ ဖြစ်သည်။

သူသည် Composer တေးဂီတအဖွဲ့တွင် Bass player အဖြစ် မြန်မာသံစဉ် သီချင်းများကို တီးခတ်ပေးခဲ့သူလည်း ဖြစ်သည်။

ဂီတသက်တမ်း နှစ် ၃၀ရှိပြီဖြစ်သော တေးရေးနေထွဏ်းဦးသည် မကွယ်လွန်ချိန်မှာ ပုလဲရတု အထိမ်းအမှတ်ပွဲ ကျင်းပလိုသည့် ဆန္ဒရှိခြင်းကြောင့် ဂီတလောက အနုပညာရှင်များနှင့် တိုင်ပင်ကာ စီစဉ်ဆဲကာလတွင် ကွယ်လွန်ခြင်းဖြစ်ကြောင်း တေးရေး နေနန်းက ပြောဆိုခဲ့သည်။

နေထွဏ်းဦး၏ “စလယ်ဝင်အိုးလေး”၊ “ပုံပြောကောင်းသော ချစ်သူ” အစရှိသည့် တေးသီချင်းများသည် ပရိသတ်များအကြား ထင်ရှားခဲ့သည့် တေးသီချင်းများ ဖြစ်ကြသည်။

တေးရေးနေထွဏ်းဦးသည် ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ကွယ်လွန်ချိန်မှာ ဇနီး၊ သမီးနှစ်ယောက်နှင့် သားတစ်ဦးတို့ ကျန်ရှိခဲ့သည်။

ပန်းမြတ်ဇော်
Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ