ဝင်ငွေအကောင်းဆုံး ဟောလီးဝုဒ်မင်းသမီးအဖြစ် ဂျိုလီ ဦးဆောင်

ဝင်ငွေအကောင်းဆုံး ဟောလီးဝုဒ်မင်းသမီးအဖြစ် ဂျိုလီ ဦးဆောင် (၂၀၁၂)ခုနှစ်၊ ဇွန်လမှ (၂၀၁၃)ခုနှစ်၊ ဇွန်လထိ ဝင်ငွေ အရပ်ရပ်ကို စာရင်းပြုစုလိုက်သည့်အခါ ဂျိုလီသည် ပူပူနွေးနွေး အော်စကာဆုရှင် ဂျနီဖာ လောရင့်စ်ထက် စတာလင်ပေါင် (၅)သန်းနီးပါး ပိုမို ရရှိထားကြောင်း တွေ့ရှိလာရသည်

ဟောလီးဝုဒ်၏ တစ်နှစ်တာ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်မင်းသမီးများ စာရင်းတွင် အန်ဂျလီနာ ဂျိုလီက ထိပ်ဆုံးနေရာမှ ဦးဆောင်နေကြောင်း သိရသည်။ (၂၀၁၂)ခုနှစ်၊ ဇွန်လမှ (၂၀၁၃)ခုနှစ်၊ ဇွန်လထိ ဝင်ငွေ အရပ်ရပ်ကို စာရင်းပြုစုလိုက်သည့်အခါ ဂျိုလီသည် ပူပူနွေးနွေး အော်စကာဆုရှင် ဂျနီဖာ လောရင့်စ်ထက် စတာလင်ပေါင် (၅)သန်းနီးပါး ပိုမို ရရှိထားကြောင်း တွေ့ရှိလာရသည်။ ဂျိုလီသည် လွန်ခဲ့သော (၃)နှစ်က ဂျွန်နီဒက်ပ်နှင့် တွဲဖက်ကာ The Tourist ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ခဲ့ပြီး နောက်ပိုင်း သူမ၏ မည်သည့်ဇာတ်ကားမျှ ရုံမတင်ဖြစ်ခဲ့ချေ။

သို့သော်လည်း In the Land of Blood and Honey ဇာတ်ကားကို ဇာတ်ညွှန်းရေး၊ ရိုက်ကူးခဲ့ပြီး Disney၏ Melficent ဇာတ်ကားတွင် ပါဝင်ခဲ့ခြင်းကလည်း ပေါင်စတာလင် (၁၀)သန်းမျှ ရရှိစေကြောင်း သိရသည်။ Melficentသည် The Tourist နောက်ပိုင်း ဂျိုလီပါဝင်သည့် တစ်ခုတည်းသော ဇာတ်ကားဖြစ်ပြီး (၂၀၁၄)ခုနှစ်ကျမှ ရုံတင်မည်ဖြစ်သည်။ Hunger Gamesစတား အသက်(၂၂)နှစ်အရွယ် လောရင့်စ်မှာမူ ငယ်ငယ်ရွယ်ရွယ်နှင့် အောင်မြင်မှုများ ရရှိခဲ့သူ ဖြစ်သည်။ သူမ ပါဝင်သော Hunger Games ဇာတ်ကားသည် ကမ္ဘာတဝှမ်းတွင် ဝင်ငွေ ပေါင်စတာလင် သန်း(၄၅၀)ကျော် ရရှိခဲ့သော်လည်း စာချုပ်အရ လောရင့်စ်၏ ခံစားခွင့်သည် ပေါင်စတာလင် (၆)သိန်းခွဲအောက်သာ ရှိခဲ့သည်။

သို့သော်လည်း သူမသည် Hungers Games၏ အဆက်ဖြစ်သော Catching Fireတွင် အဆပေါင်းများစွာ သရုပ်ဆောင်ကြေး ရရှိလာမည် ဖြစ်သည်။ ယခုနှစ်အတွက် အော်စကာဆုကို Silver Linings Playbook ဇာတ်ကားဖြင့် ရရှိခဲ့သော မင်းသမီးသည် ခရစ္စတန် စတီးဝပ်၏ အထက်တွင် ရပ်တည်နေသည်။ ခရစ္စတန်သည် ယမန်နှစ်က ပေါင်စတာလင် (၂၃)သန်းဖြင့် ဝင်ငွေအကောင်းဆုံး ထိပ်ဆုံးနေရာ ရောက်ခဲ့သော်လည်း ယခုနှစ်တွင်မူ တတိယသာ ချိတ်ခဲ့သည်။ Forbes မဂ္ဂဇင်းက ရွေးချယ်သော ပြီးခဲ့သည့် တစ်နှစ်တာအတွင်း ဝင်ငွေအကောင်းဆုံး ဟောလီးဝုဒ် မင်းသမီး (၁၀)ဦးမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ အန်ဂျလီနာဂျိုလီ ... ပေါင်စတာလင် (၂၁.၅)သန်း

၂။ ဂျနီဖာလောရင့်စ် ... ပေါင်စတာလင် (၁၇)သန်း

၃။ ခရစ္စတန်စတီးဝပ် ... ပေါင်စတာလင် (၁၄.၄)သန်း

>၄။ ဂျနီဖာအနစ္စတန် ... ပေါင်စတာလင် (၁၃)သန်း

၅။ အမ်မာစတုန်း ... ပေါင်စတာလင် (၁၀.၄)သန်း

၆။ ချားလိဇ်သီယွန် ... ပေါင်စတာလင် (၉.၈)သန်း

၇။ ဆန်ဒရာဘူးလော့ခ် ... ပေါင်စတာလင် (၉.၁)သန်း

၈။ နာတာလီပို့တ်မန်း ... ပေါင်စတာလင် (၉.၁)သန်း

၉။ မီလာကူးနစ် ... ပေါင်စတာလင် (၇.၂)သန်း

၁၀။ ဂျူလီယာရောဘတ်စ် ... ပေါင်စတာလင် (၇.၂)သန်း

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ