မေရွက်ဝါသီချင်းတွေ ပါဝင်မည့် ဆန်းသစ်လ၏ တစ်ကိုယ်တော်စီးရီး


အကယ်ဒမီဗန်းကိုင်ဖြစ်သူ ဆန်းသစ်လမှ ယခုအခါတွင် သူ၏ ပထမဆုံး တစ်ကိုယ်တော်စီးရီးကို စတင် အသံသွင်းယူလျက်ရှိကြောင်း ၎င်းက ဆိုသည်။ ယင်းစီးရီးတွင် တေးသီချင်း ၁၂ပုဒ် ပါဝင်မည်ဖြစ်ကာ မိခင်ဖြစ်သူ မေရွက်ဝါ တစ်ချိန်က အောင်မြင်ခဲ့သည့် တေးသီချင်းများကိုလည်း ထည့်သွင်းသီဆိုသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပြခဲ့သည်။

“သမီး အခု စီးရီးအခွေ လုပ်နေပါတယ်။ ကြော်ငြာတွေ၊ ရိုက်ကူးရေးတွေ နားတာနဲ့ စီးရီးကို အချိန်ယူပြီး လုပ်ပါတယ်။ အမြန်ဆုံး ပရိသတ်လက်ထဲ ထည့်နိုင်အောင် ကြိုးစားမှာပါ။ အဲဒီ အခွေထဲမှာတော့ ကိုယ်ပိုင် သံစဉ်တွေရော၊ ကော်ပီတွေရော ပါဝင်မှာပါ။ ဂီတကတော့ ပေါ့ပ် အမျိုးအစားပါပဲ။ “မေမေရဲ့ အောက်စီဂျင်”၊ “မီးရထား” စတဲ့သီချင်းတွေလည်း ပါမှာပါ။ သီချင်းတွေက လုပ်နေဆဲဆိုတော့ အားလုံးပြီးမှပဲ Title ကို စဉ်းစားမှာပါ” ဟု ဆန်းသစ်လက ဆိုသည်။

ယင်းစီးရီးတွင် တေးသီချင်းများကို ဆောင်းဦးလှိုင်၊ ဟဲလေး၊ အားတီနှင့် အခြား တေးရေးဆရာများလည်း ပါဝင်ထားပြီး Max နှင့် Pro စတူဒီယိုတို့တွင် အသံသွင်းယူလျက် ရှိသည်။

ဘုန်းနေလ (ဒဂုံတက္ကသိုလ်)
Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ