သွေးတိုးနှင့် ရင်ကျပ်ရောဂါရှိသူတစ်ဦး ခုတင်ပေါ်မှ ပြုတ်ကျသေဆုံး

ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးဝင်းရှိ သူနာပြုဆောင်တွင် နေထိုင်သော သွေးတိုးရောဂါနှင့် ရင်ကျပ်ရောဂါရှိသူ အသက် ၄၅နှစ် အရွယ်ရှိ အမျိုးသမီးသည် ခုတင်ပေါ်မှပြုတ်ကျ သေ ဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

သေဆုံးသူ ဒေါ်လွင်လွင်ဆွေသည် ယင်းဆေးရုံဝင်းအတွင်း နေထိုင်သည့် လက်နှိပ်စက်စာရေး ဝန်ထမ်းတစ်ဦးဖြစ်ပြီး သူနာပြုအဆောင်တွင် တစ်ဦးတည်း နေထိုင်စဉ် သွေးတိုး၊ ရင်ကျပ်ရောဂါ အလွန်အမင်း ခံစားရ၍ ခုတင်ပေါ်မှ ပြုတ်ကျကာ ဘယ်ဘက်မျက်လုံး ဖူးရောင်၊ ခြေသလုံး၊ ဘယ်ဘက်တံတောင် ပွန်းပဲ့ဒဏ်ရာနှင့် နှာခေါင်းသွေးထွက် ဒဏ်ရာများဖြင့် လွန်ခဲ့သည့် သုံးရက်ခန့်က သေဆုံးနေသည်ဟု ယူဆရကြောင်း၊ ၎င်းသေဆုံးနေသည်ကို သြဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး တာဝန်ကျ ဆရာမများက တွေ့ရှိခဲ့သဖြင့် ရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

ရန်ကုန်အရှေ့ပိုင်း ဆေးရုံအုပ်ကြီးနှင့် ယင်းဆေးရုံဝင်းအတွင်းရှိ သူနာပြု သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးတို့ကို အဆိုပါသေဆုံးမှုနှင့် ပတ်သက်၍ သွားရောက် မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ ပြန်လည် ဖြေကြားခဲ့ခြင်း မရှိခဲ့ပေ။

အဆိုပါအမျိုးသမီး သေဆုံးမှုကို သေမှုသေခင်း အမှတ်စဉ် ၇/၁၃ ဖြင့် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ဗိုလ်တထောင်မြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ