မက်ဆီအနေဖြင့် လူစားလဲမှုကိုလက်ခံရမည်ဖြစ်ကြောင်း ဘာစီလိုနာ အသင်းနည်းပြ မာတီနို ပြောဆို

ဘာစီလိုနာအသင်း နည်းပြသစ် မာတီနိုကအသင်း၏ အဓိကတိုက်စစ်မှူးဖြစ်သူ မက်ဆီအနေဖြင့် လူစား လဲမှုကို လက်ခံရမည်ဖြစ်ကြောင်းနှင့် ထိုသို့ ပြုလုပ်ရခြင်းမှာ ၎င်းကိုအနားပေးစေလိုခြင်းကြောင့်ဖြစ် ကြောင်း ပြောဆိုခဲ့သည်။

လာလီဂါရာသီအစပွဲစဉ်ဖြစ်သည့် လီဗန်တေးအသင်းအား ၇-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် မက်ဆီအား လူစားလဲခဲ့ပြီး အက်သလက်တီကိုအသင်းနှင့် ကစားရမည့် စူပါဖလားပွဲစဉ်အတွက် အနား ပေးခဲ့ခြင်းဖြစ်ကြောင်း မာတီနိုကဆိုခဲ့သည်။ ထို့အပြင် မာတီနိုက ၎င်းအနေဖြင့် မက်ဆီအား လူစားလဲ မှုများ ပြုလုပ်မည်ဖြစ်သော်လည်း ငါးကြိမ်ဆက်တိုက် လူစားလဲမှုမျိုးကို ပြုလုပ်သွားမည်မဟုတ်ကြောင်း ထုတ်ဖော်ခဲ့သည်။

မာတီနိုက “ဒီကိစ္စဟာ ကျွန်တော်သူ့ကို တိုင်ပင်ပြီးမှလုပ်ခဲ့တာပါ။ သူ့ကို အနားပေးဖို့လိုအပ်တယ်လို့ ကျွန်တော် ယူဆတဲ့အချိန်မှာ လူစားလဲမှုပြုလုပ်မှာပါ။ ဒါပေမဲ့ သူ့ကို ငါးကြိမ်ဆက်တိုက်လူစားလဲမှု မျိုးတော့ လုပ်မှာမဟုတ်တာ သူလည်းသိပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် ညီမျှမှုပါပဲ။ ကျွန်တော်က နည်းပြတစ်ယောက်ဖြစ်သလို ဆုံးဖြတ်ချက်တွေကိုလည်း ကျွန်တော်ပဲ ချမှတ်တာပါ။ တစ်ခါတစ်လေမှပဲ ကစားသမားတွေကို ပထမဆုံးမပြောဆိုဘဲ ရှားရှားပါးပါးလုပ်တာမျိုးရှိပါတယ်။ တစ်ခုခုအတွက် ပြောင်း လဲချင်တဲ့အခါမှာတောင် ကျွန်တော့်ရဲ့ လုပ်ပိုင်ခွင့်တွေနဲ့ မသက်ရောက်စေချင်ပါဘူး။ ဆုံးဖြတ်ချက်ကို ပြန်ပြင်သင့်ရင် ပြင်ရမှာပေါ့” ဟု သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

ဆက်လက်၍ မာတီနိုက အက်သလက်တီကိုအသင်းနှင့် ကစားရမည့် စူပါဖလားပွဲစဉ်အတွက်လည်း အကောင်း ဆုံးကြိုးစားသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ၎င်းက မိနစ် ၁၈၀ အတွင်းတွင် ဘာမဆို ဖြစ်သွားနိုင်သည့်အခြေအနေရှိကြောင်း၊ အက်သလက်တီကို အသင်းမှာလည်း ကစားသမားကောင်း များနှင့် နည်းပြဆီမြွန်နီမှာလည်း အရည်အချင်းရှိသောနည်းပြတစ်ဦးဖြစ်သောကြောင့် မိမိတို့အနေဖြင့် လျှော့မတွက်ဘဲ အတတ်နိုင်ဆုံးဖြစ်စေရန် ကြိုးပမ်းသွားမည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

မက်ဆီသည် ယမန်နှစ်ရာသီက ဒဏ်ရာပြဿနာကြုံတွေ့ရခြင်းမှအပ ပွဲစဉ်အများအပြားတွင် ပါဝင် ကစားခွင့်ရခဲ့ပြီး တစ်ရာသီလုံးပြိုင်ပွဲအရပ်ရပ်တွင် ပွဲစဉ်ပေါင်း ၅၀ ပါဝင်ကစား ခွင့်ရခဲ့ကာ ဂိုး ၆၀ အထိ သွင်းယူနိုင်ခဲ့သည်။

Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ