လသားကလေးကို ချီပိုးထားသည့် မိခင်တစ်ဦး ကားတိုက်ခံရ

လသားအရွယ် ကလေးငယ်ကို ချီပိုးထားသော မိခင်တစ်ဦးကို ကားက၀င်တိုက်မိသည့် ဖြစ်ရပ်တစ်ခု အလုံမြို့နယ် တွင် သြဂုတ် ၂၀ ရက် ညကဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးကသတင်း ထုတ်ပြန်သည်။

အလုံမြို့နယ် ကမ်းနားလမ်းအတိုင်း ကြည့်မြင်တိုင်ဘက်မှ လမ်းမတော်ဘက်သို့ မောင်းနှင်လာသော အဖြူရောင် ဘင်ကား အငှားယာဉ်က ၀င်ရောက်တိုက်မိခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။

ကားတိုက်ခံရသည့် အမျိုးသမီးမှာ အသက် ၃၀ အရွယ် မစုလှိုင်ဆိုသူဖြစ်ပြီး သူမသည် အလုံမြို့နယ်တွင် နေထိုင်ပြီး ၎င်းပွေ့ချီထားသည့် ကလေးငယ်မှာ ခြောက်လအရွယ်ကလေးဖြစ်ကြောင်း မှုခင်းမှတ်တမ်းတွင် တွေ့ရသည်။

ယာဉ်တိုက်မှုဖြစ်ပြီးနောက် ကားသည် ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားသည်ဟု ဆိုထားပြီး ကားတိုက်ခံ ရသည့် အမျိုးသမီးသည် ဒူးနှစ်ဖက်လုံးပွန်းပဲ့သွားပြီး ကလေးငယ်သည်လည်း နဖူးတွင် ဖူးရောင်ဒဏ်ရာ၊ အပေါ်နှုတ်ခမ်းပွန်းပဲ့၊ ဒူးနှင့် ခါးစောင်းများပွန်းပဲ့သွားခဲ့သဖြင့် ၎င်းတို့ကို ရန်ကုန်ဆေး ရုံကြီးတွင် ပို့ဆောင်ကုသ ထားရသည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။

၎င်းတို့သည် ဒဏ်ရာအခြေအနေလည်း စိုးရိမ်ရသည်ဟု ရဲမှတ်တမ်းတွင် ဆက်လက်ဖော်ပြထားသေးသည်။

ယခုကိစ္စနှင့် ပတ်သက်၍ ကားနှင့် တိုက်ပြီးထွက်ပြေးသွားသည့် ယာဉ်မောင်းကို ရဲများက လိုက်လံစုံစမ်း ရှာဖွေနေပြီး လက်ရှိတွင် ရဲအုပ်ဟန်ကိုကိုဝင်းက တရားလို ပြုလုပ်တိုင်တန်းထားသဖြင့် အလုံမြို့နယ် ရဲစခန်းက အမှုအမှတ်(ပ) ၁၀/ ၂၀၁၃ဖြင့် အမှုဖွင့်ထားသည်။ သံသယရှိသူကို ဖမ်းမိပါက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၃၈/၂၀၂ ဖြင့် တရားစွဲမည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ