မင်းသမီးတွေအကြောင်း ဝတ္ထုရေးနေတဲ့စိုးမြတ်သူဇာ

သရုပ်ဆောင်မင်းသမီးတစ်ယောက်အဖြစ် ပရိသတ်အားပေးမှုတွေနဲ့ ကြိုးစားနေတဲ့ စိုးမြတ်သူဇာက ဝတ္ထုတွေကိုလည်း ရေးတတ်သူပါ။

ဒီလိုစာပေဘက်ကို ဝါသနာထုံ စွာ ရေးသားတဲ့ စိုးမြတ်သူဇာက အခု အခ...ျိန် မှာတော့ ‘ရုပ်ရှင်မင်းသမီး’ ဆိုတဲ့ ဝတ္ထုကိုရေးဖြစ်နေတာနဲ့ပတ်သက်ပြီး “စာနဲ့ ပတ်သက်ပြီး လောလောဆယ်မှာ ရေးနေတဲ့ ဝတ္ထုက မပြီးသေးဘူး။ အဲဒါ ကလည်းအချိန်ပေးပြီးရေးရမယ်။ ကြာနေပြီလေ။ စာအုပ်နဲ့ပတ်သက်ပြီး အစ ကတည်းက မကြီးက ဝတ္ထုရေးတဲ့အလုပ်ကို ပရော်ဖက်ရှင် နယ်ကြီး လုပ်ခဲ့တာ မဟုတ်ဘူး။ဝါသနာပါလို့၊ လုပ်ချင်လို့လုပ်တာ။ အခုအချိန်မှာ အလုပ် တွေကလည်းများနေတော့ မရေးနိုင်ဘူး။ ဒါပေမဲ့မကြီး ‘ရုပ်ရှင် မင်းသမီး’ ဝတ္ထုကိုတော့ ပြီးအောင်ရေးမှာပါ။ မပြီး မှာပဲစိုး ရိမ်နေတာ။ ဒီ’ရုပ်ရှင်မင်းသမီး’ဆိုတဲ့ဝတ္ထုထဲမှာက ရုပ်ရှင် မင်းသမီးအကြောင်းတွေ ပဲ ရေးမှာ။ ရေးတဲ့အကြောင်း ကလည်း အကောင်းတွေပဲရေးချင်တာ။

ဘာ ဖြစ်လို့လဲ ဆိုတော့ လူတိုင်းက ကိုယ့်ပေတံနဲ့ကိုယ် တိုင်းနေကြ တာ။ သူတို့ ဘက်ကကြည့်ရင် သူတို့ မှန်သလို ကိုယ့်ဘက်ကကြည့်ရင် လည်း ကိုယ်မှန်တာပဲ။ အားလုံးက ကိုယ့် ခံစားချက်နဲ့ကိုယ် လုပ်နေကြတာလေ။ အဲဒါ လေးတွေကိုလည်း တင်ပြချင်တယ်။ ရုပ်ရှင်မင်းသမီးတွေရဲ့ ဘဝကိုလည်း ပြော ပြ ချင်တယ်။ အမြင်စောင်းတာတွေ ခံရတာတွေ၊ ကောင်းတဲ့သူရှိသလို၊ မကောင်းတဲ့ သူတွေလည်းရှိ တယ်။ မကောင်းတဲ့ သူတွေကလည်း လောကမှာ ဘယ်သူကမှ မကောင်းတာ မဖြစ်ချင်ဘူး။ ကောင်း ချင်ကြတဲ့ သူတွေချည်းပဲ။ ကောင်းမယ်ထင်လို့ လုပ်ကြတာ။ လုပ်ပြီးမှ ကောင်းတာ၊ မကောင်းတာ ဆိုတာဖြစ်ရတာလေ။ အဲဒါလေးေ တွကို နားလည်ပေးဖို့ပါပဲ။ ဘယ်သူကမှ ရည် ရွယ်ချက်ကြီး နဲ့တော့ မလုပ်ကြဘူး ထင်ပါတယ်။ ဒါလေးတွေ ရေးပြချင်တာ။ ပရိသတ်တွေ နည်းနည်းစိတ်လေးရှည် ပြီး စောင့်ပေး ကြပါ” လို့ ပြောပြပါတယ်။

မေမွန်မောင်
Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ