ဇူလိုင်မိုး နဲ့ တဒင်္ဂ

ဒါရိုက်တာဇော်ထွန်းရိုက်တဲ့ ဗီဒီယိုကားလေးတစ်ကားမှာ မင်းသားနေထူးနိုင် က ဒေးလီးတစ်ခန်းစ၊ နှစ်ခန်းစ ကူညီပေးပါဆိုလို့ မင်းသား ကိုယ်တိုင် လာကြိုတဲ့ ကားလေး နဲ့သန်လျင်ဘက်လိုက်သွားပါလေရော။ တော ကားဆိုတော...့ အဝတ်စားတွေ က သိပ်ထွေထွေထူးထူးယူသွားစရာ မလိုတော့ဘူးလေ။ မနက်ပိုင်းလာ ကြိုကတည်းက ရွာလိုက်တဲ့မိုး။ လမ်း မှာ ဘုရားတသွားမိပါတယ်။ မိုးမရွာ မှ ကျွန်တော်အလုပ်ဖြစ်မှာလေ။ ဟိုကိုရောက်သွားတဲ့အချိန်မှာ တော့ ရာသီဥတုက ကျွန်တော့်ဘက်ကို
မျက်နှာသာပေးလိုက်ပါတယ်။ မိုး တိတ်သွားရောဗျ..

အဲ..ဒါပေမဲ့ သရုပ်ဆောင် တွေက အစုံမရောက်သေးဘူးဗျ။ ဒီတော့ နားနေတဲ့ အိမ်ကလေးထဲမှာ အဝတ်အစားအထုပ် ခဏချထားပြီး ပါဝင်မယ့် သရုပ်ဆောင်ေ တွ မြန်မြန် လာပါစေလို့ ဆုတောင်းရပြန်ရော။ နို့မိုဆို မိုးက ရွာချလိုက်ရင် အိမ်က ဆန်အိုးလေး မျက်နှာငယ်ရတော့ မယ်။ မြန်မာနိုင်ငံမှာ လူဖြစ်လာက တည်းက ဘုရား ရှိခိုး ဆုတောင်းလိုက် ရတာကလည်း နှစ်ပေါင်းမနည်း တော့။ ဟိုကိစ္စမဖြစ်ပါစေနဲ့၊ သည် ကိစ္စမဖြစ်ပါစေနဲ့၊ ဟိုကိစ္စ မြန်မြန် အကောင်အထည်ဖော်ပါစေ စတာ တွေပေါ့ေ လ တောင်းလိုက်ရတဲ့ဆု တွေ၊ ဆုတွေ..ဟိုသီချင်းလိုပေါ့၊ ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်။ တစ်ခါတစ်ရံတော့လည်း ပြည့်ပါ တယ်။ တစ်ခါတစ်ရံတော့ မပြည့်တ ပြည့်။ တစ်ခါတစ်ရံတော့လည်း လျော့ရိလျော့ရဲ..။

“ရှက်တယ်ရောက်ပြီ။ ဟော မင်းသမီးလည်း ရောက်ပြီ”

“ကိုကျော်ထူးနဲ့တွဲမယ့် ချာတိတ် နှစ်ယောက် မလာသေးလို့ ခဏ စောင့်နော်”

ခဏစောင့်ဆိုတဲ့စကားဟာ ကျွန်တော့်ရင်တွေခုန်စေတဲ့စကား ပါ။ အမှတ်တမဲ့ မိုးကောင်းကင်ကို မော့ကြည့်မိလိုက်တယ်။

”ဟိုက် ဒယ်အိုးဖင်ကြီးဖြစ်လာ ပြန်ပြီ”

”အင်ဒိုး သာတီဆဲဗင်း၊ အောက်ဒိုး သာတီဆဲဗင်း ဘော်ဒီ ကတ် သာတီဆဲဗင်း စောင့်ရှောက် တော်မူပါ”

ဘယ်လိုပဲ ဆုတောင်းဆု တောင်း ဇူလိုင်မိုးလေ သိတယ် မဟုတ်လား။ လာချေပြီပေါ့။ ဝုန်းဝုန်းဒိုင်းဒိုင်း လိုင်းကားတွေလို ပါပဲ။ သတ်မှတ်ထားတဲ့ မှတ်တိုင်မှာ ခရီး သည်တွေက မရပ်၊ နီးစပ်ရာမှာ စောင့်စီး၊ သည်တော့ လိုင်းကားတွေ ကလည်း မှတ်တိုင်ဆိုတာဘာလဲ ခရီးသည်တွေရှိတဲ့ နေရာ မှာ အတင်း တိုးဝင်းရပ်TAXI သမားေ တွလို တစ်ယောက်၊နှစ်ယောက် လက်လှမ်း တားလည်း ထိုးရပ်ပေးနဲ့ ဝုန်းဒိုင်းကို ကြဲနေတာပါပဲ။ မိုးရွာနေပြီဆိုမှတော့ ဘာများတတ်နိုင်ပါ့မလဲ။ မချစ်မနှစ် သက်သောသူ၊ခိုးသူ၊မင်း၊မီးစတာ တွေလိုပေါ့။ ရန်သူမျိုးငါးပါးလေ။ အဝတ်အစားအိတ်လေးပေါ်ခေါင်း အုံးပြီး ခဏမှေးလိုက်ပါတယ်။

”ဟာ ခင်ဗျားက ဘယ်သူလဲ”

”မင်းတူမ ကိုယ်ဝန်ရှိနေတယ် ဆို”

”ဟုတ်တယ်လေ။ အဲဒါနဲ့ ခင် ဗျားနဲ့ ဘာဆိုင်လို့လဲ”

”ဟားဟား ဆိုင်တာပေါ့..ရှင် ကျွန်မက..ကျွန်မက..” စကား ဆက် မပြောတော့ဘဲ ငိုပါလေရော။ အဲဒါနဲ့ ကျွန်တော်က ကမန်းကတန်း ထထိုင်လိုက်ပြီး..

”ဟေ့ မငိုနဲ့လေ ကျွန်တော်ဘာ ကူညီရမလဲသာပြော”

”အဟင့်..ကျွန်မက လပွတ္တာ နယ် လပြွတ်ကျေးရွာ၊ အဲလေ သခွတ် ကျေးရွာကပါ။ နာဂစ်မှာ အပူလုံြး<ွက လူလုံးမလှဘဲ မိမွေးတိုင်း ဖမွေးတိုင်း ဘဝနဲ့ ကွယ်လွန်ခဲ့ရ သူပါ”

”ဟားဒါဆိုမင်းကဝိညာဉ်ပေါ့”

”ဟုတ်ပါတယ်။ နာဂစ်ဝိညာဉ် ဒုက္ခသည်လေးပါ”

”အဲဒီတော့”

”ရှင့်တူမ ဗိုက်ထဲ လူဝင်စား ဘဝနဲ့ နေချင်လို့”

”ဟာ..အဲဒါ ကျုပ်နဲ့ဘာဆိုင် လဲ၊ ထွက်သွား ထွက်သွားနော်”

အဲဒါနဲ့ ငိုပြီး ထွက်သွား လေရဲ့၊ ပြန်လှဲမယ်အလုပ်..

”အစ်ကို..”

”ဗျာ..ဟာလာ ပြန်ပြီး ဘာလဲဗျာ..ကောင်း ကောင်း မအိပ်ရဘူး”

”ဒီလိုပါအစ်ကိုရယ် ကျွန် တော်ကကျွန်တော် က”

ငိုပြန်လေပြီ။ သုခ ပါပဲ။ လာရိုက် တာ က..ဟာသ ကား၊ ဘယ့်နှယ်လာငို နေရပြန်ပြီလဲ..

”ပြောစရာရှိ တာပြောဒါဇာတ် တော်ကြီးခင်းနေ တာ မဟုတ်ဘူး”

”ဟုတ်ကဲ့ ပြောပါ့မယ်ဗျာ။ ဒီလိုပါအမယ်ကြီးပြောရတော့ မယ်..”

”အမလေးလည်း မဟုတ်ဘူး အမယ်ကြီး တဲ့..”

”အမယ်ကြီးဆိုတာက ကျွန် တော့ဘဝကြီးကိုပါ ကျွန်တော့် အကြောင်း၊ကျွန်တော့်ဘဝပြောရရင် ဖြင့်”

”ခင်ဗျား မင်းသားတွေလို ငိုချင်းရှည်နဲ့ မပြောဘဲ ရိုးရိုးပြောစမ်း ပါဗျာ”

ဟုတ်ပါ့ ပုံစံက ဇာတ်မင်းသား ပုံစံမျိုး လက်ဟန်ခြေဟန်တွေနဲ့

”ကျွန်တော်ဟာ မင်းသားတစ် ယောက်ပါ”

”ဆရာဝန်လည်း မဟုတ်ဘူး.. ကဲ ပြော..ပြော”

”ဇာတ်ထောင်ဖို့ မန္တလေးမှာရှိ တဲ့ ကျွန်တော့်မိဘတွေဆီမှာ ပိုက်ဆံ ယူဖို့အသွား နေပြည်တော်ဟိုက်ဝေး လမ်းမကြီးပေါ်မှာ စပယ်ယာက ဒရိုင်ဘာနေရာမှာ ကားတက်ေ မာင်း လို့ ကားမှောက်ပြီး သေခဲ့သူပါဗျာ”

”ဒါဆို..ခင်ဗျားလည်း ဝိညာဉ် ပဲပေါ့”

”ဟုတ်ပါ တယ် ဗျာ..အဲဒါ ခင်ဗျားရဲ့ တူမလေး ဗိုက်ထဲ”

”တိတ် ခုထွက် သွား..ဘာ တွေ လာပြောနေတာလဲ..ဇာတ်က ချင်ရင်တခြားနေရာသွားက.. ကျုပ်တူမ ဗိုက်ထဲဝင်ကလို့ မရဘူး။ သွား..သွား ထွက်သွား”

ကျွန်တော် ထကန်မယ်လုပ် တော့မှ အိမ်ပေါ်ကဆင်းပြေးသွား လေရဲ့။ လာနောက်နေတယ်။

“ကို ကျော် ထူး”

”လာပြန်ပြီနောက် တစ်ယောက် ဘာလဲ”

”သြော် အစ်ကိုရယ် ကျွန်တော် က လှိုင်သာယာကပါ အစ်ကို့ ပရိ သတ်ပါ”

”ကျေးဇူးပဲ ကဲထိုင်”

ရုပ်ကို ဖမ်းချက်လိုက်တော့ အာပါး..ရှပ်ဘဲရုပ်..အနံ့က ထွက်နေ သေး။

”အရက်တွေထဲမှာ ကံစမ်းမဲပါ တာ ကြားဖူးမှာပေါ့”

”ကြားဖူးတယ်လေ။ အဲဒါ ဘာ ဖြစ်လဲ”

”ဘာဖြစ်ရမှာလဲဗျာ..တောက်၊ အဲဒီကံစမ်းမဲတွေ ပေါက်ရ အောင်ဆိုပြီး နေ့မလင်း၊ညမလင်း ဝယ်သောက်ခဲ့တာ ခုတော့ ကျုပ် အသည်းတွေ ကြွေပြီဗျာ သိလား”

”အဲဒါ ကျုပ်နဲ့ မဆိုင်ဘူးလေ”

”ဟုတ်ပါတယ်..ခင်ဗျားနဲ့ မဆိုင်ပါဘူး။ ဆိုင်တာက ကျုပ်မိန်းမ။ ကျုပ်မဲပေါက်တဲ့ကားကို လင်ငယ်နဲ့ စီးနေပြီလေ”

”ဟုတ်လား..ဘယ်မလဲ အဲဒီ ကား”

”ကျုပ်..ကျုပ် အသုဘချတဲ့ နေ့မှာ ကျုပ်ကို သူတို့နှစ်ယောက် အဲဒီကားနဲ့ လိုက်ပို့ကြတယ်ဗျာ။ ကြွေ ပြီ၊ ကျုပ်အသည်းတွေ ကြွေပြီ”

”ဗျာ..ဟာ..ခင်ဗျား..ခင်ဗျား”

”ဟုတ်ပါတယ် ကျုပ်က ရှပ်ဝိညာဉ်ပါ။ ခင်ဗျား တူမဗိုက်ထဲ ဝင်စားပြီး ကျုပ်ကံစမ်းမဲကားလေး ပြန်စီးချင်လို့”

”ဝုန်း..ဖုန်း”

နီးစပ်ရာတုတ်နဲ့ လှမ်းရိုက်လိုက် တယ်။ ရှပ်ငနဲတန်းနေတာပါပဲ။ မိုး ရွာလို့ ကားမရိုက်ရတဲ့ကြားထဲ။

“သေသွားတာ တောင်ကားက စီးချင်သေးတယ်။ ဒီလောက် လမ်း တွေ ပိတ်ဆို့ နေရတဲ့ ကြား ထဲ ခွေးမသား”

ဖျတ်ခနဲ ပခုံးလာ ပုတ်လို့လှည့် ကြည့် လိုက်တော့ဟိုက် မိုက်ကယ်ဂျက်ဆင် ပါလား။ မဟုတ်သေးပါဘူး။ တစ် ယောက်ယောက်များ သူ့အဝတ် အစားတွေယူဝတ်လာပြီး..

”အစစ်ပါဗျာ အစစ် မျက်နှာက လွဲရင် အားလုံး အော်ရီဂျင်နယ်ပါ”

”သြော်..ဟုတ်လား၊ ဘာကိစ္စ။ အခုမှ နိုင်ငံခြားဝိညာဉ်မြင်ဖူးတော့ တယ်”

”ဝိညာဉ်တွေကို မခွဲခြားပါနဲ့ ဗျာ။ ဂုဏ်တောင်ယူရဦးမှာ။ ကနေဒီ ကျတော့ ဂုဏ်ယူပြီးတော့”

”မတူဘူးလေ ဟိုက သမ္မတ၊ ခင်ဗျားက အဆိုတော်”

”ကမ္ဘာကျော်တာချင်းတော့ တူ ပါတယ်ဗျာ”

”ခင်ဗျားကကော ကျုပ်တူမ ဗိုက်ထဲဝင်ချင်ပြန်ပြီလား”

”ရက်(စ်) မြန်မာပြည်မှာ လူဝင် စားလုပ်ပြီး စီးရီးထုတ်ချင်လို့”

”သြော် ဝိညာဉ်ဘဝနဲ့ ဘဝပျက် ချင်တယ်ပေါ့”

မိုက်ကယ်ဂျက်ဆင်က သူ့ပုံစံ အတိုင်း ထကလိုက်ပြီး လက်ဖျောက် တီးလိုက်ကာ..

”ခိုးခွေတွေ ဖမ်းနေပြီဆို”

”အဲဒါ မြန်မာဗီဒီယိုခွေ၊ နိုင်ငံ ခြားခွေ၊ နိုင်ငံရေးအခွေတွေ”

”သြော် ဟုတ်လား..သိပါဘူး ဗျာ။ လာမယ့်သာလာရတာ လေ ယာဉ်က ခပ်ကြောက်ကြောက်ရယ်”

”ဒါဆို အဝေးပြေးကား နေပြည် တော်အမြန်လမ်း ကားစီးခဲ့လေ”

”နှစ်ခါ မသေပါရစေနဲ့ဗျာ။ ပြန်ဆိုပြန်ပါ့မယ်”

ဒီငတိကျတော့ နှင်စရာမလို ဘူး။ သူ့အသိစိတ်ဓာတ်နဲ့သူပြန်သွား လေရဲ့။ အဲဒါနဲ့ ပြန်ပြီး တုံးလုံးလဲ လိုက်ယုံရှိသေး၊ အိတ်ကြီးတစ်ခုလုံး တုန်ခါသွားပါရော။

”ဟိုက် မိုးရွာတုန်း ငလျင်လှုပ်ပြီ နဲ့တူတယ်။ ဟင်..ဆူမို၊ ဆူမိုဂျပန် ကြီး ဦးမန်းဝင်းတော့ မဟုတ်ပါဘူး နော်”

”ဆူမို အစစ်၊ ဂျပန်အစစ်ပါ မစ္စတာကျော်”

”နယ်ချဲ့တွေကို တော်လှန်ခဲ့ပြီး ပြီလေ။ ဘာလာလုပ်ပြန်ပြီလဲ”

”ကျုပ်က နယ်ချဲ့မဟုတ်ပါဘူး ဗျာ။ နယ်ခံပါ။ ဟီရိုရှိးမားဗုံးကြဲတုန်း က ခံလိုက်ရတဲ့ နယ်ခံပါ”

”ခင်ဗျားဘာသာ နယ်ပဲခံခံ၊မြို့ ပဲခံခံ ကျုပ်နဲ့ ဘာဆိုင်လို့လဲ”

”အဲဒီလို သူစိမ်းဆန်ဆန် မပြောပါနဲ့ဗျာ။ ဟိုမှာက ငလျင်တွေ ခဏခဏ လှုပ်နေတော့ သဘာ ဝဘေးဒဏ်ကြောက်လို့ ခင်ဗျားတို့ ဆီလာခဲ့တာပါဗျာ။ ခင်ဗျားတို့ဆီက ဗုဒ္ဓဘာသာတွေဆိုတော့ စိတ်ချရ တယ်လေ”

သိလိုက်ပြီ။ ကျွန်တော့်တူမဗိုက် ကိုပဲ မြားဦးလှည့်တော့မှာ..

”သွားတော့..ခင်ဗျား သွား လိုက်။ တိုင်းတစ်ပါးသားတွေ လက် မခံဘူး”

”လုပ်ပါဗျာ မပြန်ပါရစေနဲ့ လွယ်လွယ်ကူကူဝင်လို့၊ထွက်လို့ရတာ ခင်ဗျားတို့ တိုင်းပြည်ပဲ ရှိလို့ပါ”

”နှစ်ခါမပြောဘူးနော်။ တိုး တက်နေတဲ့ခေတ်မှာ လက်နက်မျိုး စုံရှိတယ်။ ဆေးရုံတက်သွားရမယ်။ အရေပြားတွေ စုတ်ပြတ်သတ်ပြီး မီး လောင်သွားချင်လား”

ဆူမိုငနဲ တွန့်ခနဲဖြစ်သွားပြီ။ နောက်ဆုတ်နောက်ဆုတ်နဲ့

”ဟာ.. အဲဒါနဲ့တော့ မလုပ်ပါနဲ့။ သွားဆိုသွားပါ့မယ်။ ဝိညာဉ်ဘဝ မှာ ရုပ်ပျက်ဆင်းပျက် တော့ အဖြစ်မခံနိုင်ဘူး”

”သွားတော့နော်”

”ကိုကျော်ထူး ဘယ်ကို သွားရ မှာလဲ”

”ဟင် ရှုတင်မန်နေဂျာ..”

”ဟုတ်တယ် မိုးတိတ်သွားပြီ အစ်ကို ရိုက်တော့မယ်တဲ့ ခေါ်ခိုင်း လို့။ အမလေး တော်ပါသေးရဲ့။ ဇူ လိုင်မိုးလေးနဲ့တရေးပျော်သွားမိပါ တယ်။ ဘာတွေအိပ်မက်မက်နေမိပါ လိမ့်။ ဘုရား၊ ဘုရား ဆက်မမက်လို့ တော် ပါသေးရဲ့ ဒီတစ်ခါတော့ ဆု တောင်းပြည့်ခဲ့ပါလား၊ အဲဒါနဲ့ပဲ အဲဒါ ပဲပေါ့ဗျာနော်။”

ကျော်ထူး

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ