ဝါဆိုလမှာမွေးဖွားပြီး ဝါဆိုမိုးသီချင်းနဲ့ပရိသတ်ရင်ကို လှုပ်ခတ်စေခဲ့တဲ့ ဗညားဟန်

မိုးရာသီအချိန်ကာလဟာ ပွင့် လင်းရာသီထက်စာရင် အဆိုတော် တွေ အတွက်အလုပ်နည်းနည်းပါး နေပေမယ့်လည်း မြန်မာသံအဆို တော်တစ်ဦးဖြစ်သူ ဗညားဟန်က တော့ နယ်ခရီးတွေထွက်ပြီး သီ ချင်းဆိုဖြစ်နေပါတယ်။ လတ်တ လောမှာတော့ အတွဲခွေတွေမှာ ပါဝင်သီဆိုဖြစ်နေတဲ့ ဗညားဟန်က တစ်ကိုယ်တော်စီးရီးကတော့ နည်းနည်းဝေးနေသေးကြောင်း ပြော ပါတယ်။ ဗညားဟန်ရဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ 'မလိခချစ်သူ' တစ် ကိုယ်တော်တေးစီးရီးရဲ့ ပရိသတ် အားပေးမှုနဲ့ပတ်သက်ပြီး..

"အဲဒီအခွေရဲ့ သီချင်း၁၂ပုဒ်ရှိ တဲ့အထဲမှာမှ ၁၁ပုဒ်က နာမည်ကြီး ပြီးသားအဟောင်းတွေ ပြန်ဆိုထား တာပါ။ သီချင်းကောင်းလေးတွေ ချည်းပဲဖြစ်နေတယ်လေ။FM တွေ ကလည်း လွှင့်ပေးတယ်။ အင်တာ ဗျူးတွေမှာလည်း ထည့်ထည့်ပြောနေ ရတယ်။ ကျွန်တော့်ဖေ့စ်ဘုတ်မှာ လည်း သီချင်းလေးတွေ ကြော်ငြာ ထားတယ်။ အားပေးပါတယ်။ ရှေ့ ပိုင်းက သီချင်းတွေကိုတော့ ပိုအား ပေးတာပေါ့။ ဒီသီချင်းတွေကျတော့ ကျွန်တော်ကစောသေးလို့မဆိုသေး ဘူး" လို့ ဗညားဟန်က ပြောပါတယ်။

ဝါဆိုလလည်း ရောက်ပြီဖြစ် တာကြောင့် ဝါဆိုလနဲ့ပတ်သက်တဲ့ သီချင်းတွေကို ရွေးချယ်လိုက်မယ် ဆိုရင် ဗညားဟန်ရဲ့ 'ဝါဆိုမိုးနဲ့ ပြန် ခဲ့ပါ' သီချင်းက မပါမဖြစ်ပါ။ ဝါဆို လမှာ မွေးဖွားလာခဲ့တဲ့ ဗညားဟန်က ဆယ့်နှစ်လရာသီထဲမှာ ဝါဆိုလဟာ သူ့အတွက် အထူးခြားဆုံးလဖြစ် တယ်လို့ ပြောပါတယ်။ သူ့အနေနဲ့ လူကြိုက်များခဲ့တဲ့သီချင်းကလည်း ဝါဆိုနဲ့ဆက်နွှယ်တဲ့သီချင်းဖြစ်တာ ကြောင့်ဝါဆိုနဲ့ပတ်သက်တဲ့ အမှတ် တရတွေကို ပြောပြတာက...

"ပြောရရင် ဒီဝါဆိုမိုးကြောင့် ဗညားဟန်ဖြစ်လာတယ်။ လွန်ခဲ့တဲ့ နှစ်တော်တော်များများက စပြီးတော့ ပရိသတ်က ဗညားဟန်နဲ့ ဝါဆိုမိုးဆို ပြီးတော့ ကပ်ပေးခဲ့တာ အခုချိန် အထိပါပဲ။
တစ်ခါတလေရှိုးပွဲတွေမှာ ကျွန်တော်က နောက်ထွက်တဲ့ သီ ချင်းအသစ်တွေ ဘယ်လောက်ပဲ ဆိုချင်၊ ဆိုချင် ဝါဆိုမိုးက ချန်ထား လို့မရဘူး။ ဒီသီချင်းရဲ့ အားက အင် မတန်ကြီးမားတယ်။ ဝါဆိုမိုးမှာ 'သမုဒယဝါဆိုမိုး' ၊ 'ဝါဆိုမိုးနဲ့ပြန်ခဲ့ပါ'၊ 'ရာမညမြေမှ ဝါဆိုမိုး'၊အဲဒီသုံးပုဒ် လုံးကပရိသတ်ကြိုက် ပြီးသားသီချင်း တွေဖြစ်တယ်။ပရိသတ်အကြိုက်ဆုံး ကိုပြောပါဆိုရင်'ဝါဆိုမိုး နဲ့ ပြန်ခဲ့ပါ' ။ ပြီးတော့ ကျွန်တော်ကဝါဆိုလမှာ မွေးတာပါ။ကျွန်တော့်အမေက ဝါထပ်တဲ့နှစ် ပထမဝါဆိုမှာမွေးပေးတာပါ။လူ့လောက ထဲကို စရောက် လာတာဝါဆိုလပါ။ ပြီးတော့ စီးရီးလောက ထဲရောက်လာပြန်တော့လည်း ဝါဆိုနဲ့ပတ်သက်ပြီး တော့ပရိသတ်အသိအမှတ်ပြုခံရတယ်။အဲဒီတော့၁၂လထဲမှာကျွန်တော့် အတွက်အထိုက်တန်ဆုံးလဟာ ဝါဆိုလလို့ပဲပြောပါ ရစေ"လို့ဗညား ဟန်က ပြောပါတယ်။မြန်မာသံစဉ်သီချင်းလေးတွေ ကိုအစဉ်အမြဲအားပေးနေမယ့် ပရိ သတ်တွေကိုကျေးဇူးရှင်အဖြစ် အမြဲ လေးစားနေမှာပါလို့လည်း ဗညား ဟန်ကပြောပြခဲ့ပါတယ်။

မျိုးမောင်
Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ