ဇေယျာရွှေမြေတို့ အိမ်ကွင်းမှာ ရတနာပုံကိုရှုံးကြွေး ပြန်ဆပ်နိုင်မလား


၃-၈-၂၀၁၃ ရခိုင်ယူနိုက်တက် - ဧရာဝတီ

ရာသီကုန်မှာ ရခိုင်ယူနိုက်တက် အသင်းက တန်းဆင်းရတော့မှာ ဖြစ်ပေမယ့် အသင်းဂုဏ်သိက္ခာအရ နောက်ဆုံးပွဲစဉ်မှာ ဧရာဝတီအသင်းဆီက အမှတ်ရသလောက် ယူနိုင်အောင် ကြိုးစားမှာပါ။ အသင်းကြီး ခြေစွမ်းပျောက်ဆုံးနေတဲ့ ဧရာဝတီအသင်းက ဒုတိယအကျော့ နိုင်ပွဲပျောက်ဆုံးနေမှုကို ရခိုင်ယူနိုက် တက်နဲ့ပွဲမှာ ရပ်တန့်နိုင်အောင် ကြိုးစားမှာ ဖြစ်ပါတယ်။ ပထမအကျော့မှာ ဧရာဝတီအသင်းက ပြတ် ပြတ်သားသား အနိုင်ရခဲ့ပေမယ့် ဒီတစ်ကြိမ်မှာ အနည်းငယ် ရုန်းကန်ရနိုင်ပါတယ်။ ဧရာဝတီတို့ နိုင်မယ် ဆိုရင်တောင် ဂိုးမများနိုင်ပါဘူး။

၃-၈-၂၀၁၃ မနောမြေ - ဇွဲကပင်

ဒီနှစ်သင်းက ရမှတ်တူနေတဲ့အပြင် အမှတ်ပေးဇယား အထက်/အောက် ရပ်တည်နေတဲ့ အသင်းနှစ် သင်းပါ။ အဆင့် ၈ နေရာမှာရှိနေတဲ့ မနောမြေအသင်းကလည်း အဆင့်ကျမသွားဖို့ ကြိုးစားမှာဖြစ်သလို အဆင့် ၉ နေရာက ဇွဲကပင်ကလဲ အဆင့် ၈ နေရာကို တက်နိုင်အောင် ကြိုးစားမှာပါ။ ပထမ အကျော့ တုန်းက ဂိုးမရှိသရေကျခဲ့သလို ဒီတစ်ကြိမ်မှာလည်း တစ်မှတ်စီခွဲယူကြပါလိမ့်မယ်။

၎-၈-၂၀၁၃ မကွေး - ဆောက်သမ်း

ရာသီအစမှာ ခြေစွာနေတဲ့ မကွေးအသင်းက ဒုတိယအကျော့မှာ ခြေစွမ်းကျလာပြီး သုံးပွဲဆက်နိုင်ပွဲ ပျောက်ဆုံးနေပါတယ်။ ဆောက်သမ်းအသင်းက ပြီးခဲ့တဲ့တစ်ပတ်မှာ ရတနာပုံလို အသင်းမျိုးကို အနိုင် ကစားပြီး တန်းဆင်းဇုန်က လွတ်အောင်ရုန်းနိုင်ခဲ့တဲ့ အသင်းဖြစ်လို့ မကွေးတို့ လျော့တွက်ရင် ခံစား သွားရနိုင်ပါတယ်။ ပထမအကျော့မှာ မကွေးက အနိုင်ရထားပေမယ့် ဒုတိယအကျော့မှာခြေတက်နေတဲ့ ဆောက်သမ်းကြောင့် ရုန်းကန်ရနိုင်ပါတယ်။ နောက်ဆုံး သုံးကြိမ်တွေ့ဆုံမှုမှာ မကွေးကပဲ သုံးကြိမ်စလုံး အနိုင်ရထားပေမယ့် ဒီတစ်ကြိမ်မှာ မကွေးတို့ အမှတ်ခွဲပေးရနိုင်ပါတယ်။

၎-၈-၂၀၁၃ ကမ္ဘောဇ - ဟံသာဝတီ

ကမ္ဘောဇအသင်းက နောက်ဆုံးကစားခဲ့တဲ့သုံးပွဲမှာ ရဂိုး ၁၃ ဂိုးထိ ရထားတဲ့အပြင် ဟံသာဝတီနဲ့ပွဲမှာလဲ ဂိုးများများသွင်းနိုင်အောင် ကြိုးစားမှာပါ။ နေရှင်နယ်လိဂ်-၂ ကို တန်းဆင်းရတော့မှာဖြစ်တဲ့ ဟံသာဝတီ အသင်းက အသင်းဂုဏ်သိက္ခာအရ အိမ်ရှင်အသင်းကို အကောင်းဆုံး တုံ့ပြန်ကစားပါလိမ့်ဦးမယ်။

ဒီနှစ်သင်းရဲ့ နောက်ဆုံးသုံးကြိမ်တွေ့ဆုံမှုမှာ ကမ္ဘောဇအသင်းက နှစ်ကြိမ်နိုင်ထားပြီး တစ်ကြိမ်သရေ ကျထားပါတယ်။ ဒီတစ်ကြိမ်မှာလည်း ပရိသတ်အားရှိတဲ့ အိမ်ရှင်တို့ပဲ အမှတ်ပြည့်ရဦးမှာပါ။

၎-၈-၂၀၁၃ ဇေယျာရွှေမြေ - ရတနာပုံ

ချန်ပီယံဆုချိန်ရွယ်နေတဲ့ နေပြည်တော်အသင်းကို အသည်းခွဲခဲ့တဲ့ ဇေယျာရွှေမြေအသင်းက ရတနာပုံ အသင်းကို ပထမအကျော့ရှုံးကြွေးပြန်ဆပ်နိုင်အောင် ကြိုးစားမှာပါ။ ပြီးခဲ့တဲ့တစ်ပတ်မှာ ဆောက်သမ်း အသင်းကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့လို့ ရတနာပုံတို့ ဇေယျာရွှေမြေနဲ့ပွဲမှာ အမှတ်ပြန်ယူနိုင်ဖို့ အာရုံစိုက်မှာပါ။
ဒီနှစ်သင်းနောက်ဆုံး သုံးကြိမ်တွေ့ဆုံမှုမှာ ရတနာပုံက နှစ်ကြိမ်နိုင်ထားပြီး တစ်ကြိမ်သရေကျထား ပါတယ်။ အိမ်ကွင်းနဲ့ ပရိသတ်အားသာချက်ရှိတဲ့ ဇေယျာရွှေမြေတို့ ဒီပွဲမှာ အနည်းဆုံးသရေနဲ့ အနိုင်ပါပဲ။

၎-၈-၂၀၁၃ နေပြည်တော် - ရန်ကုန်

အသင်းကြီးတွေကို ဒုက္ခပေးပြီး AFC Cup ၀င်ခွင့်ရထားတဲ့ နေပြည်တော်အသင်းရဲ့ခြေစွမ်းက အထူး ကောင်းမွန်နေသလို သုံးနှစ်ဆက်ချန်ပီယံဖြစ်ခွင့်ရခဲ့တဲ့ ရန်ကုန်အသင်းရဲ့စုဖွဲ့မှုနဲ့ ခြေစွမ်းကလည်း အ ကောင်းဆုံးပုံစံမှာ ရှိနေပါတယ်။ နောက်ဆုံး သုံးကြိမ်တွေ့ဆုံမှုမှာ ရန်ကုန်ကတစ်ကြိမ်နိုင်ထားပြီး နှစ်ကြိမ်သရေကျထားပါတယ်။နောက်ပြီး ဒီပွဲကို ၀ဏ္ဏသိဒ်္ဓိ အားကစားကွင်းသစ်မှာ ကစားမှာဖြစ်လို့ နှစ်သင်းစလုံးက ကွင်းစိမ်းနေမှာပါ။ စုဖွဲ့မှုနဲ့ ခြေစွမ်းပိုင်းချင်း ကွာဟမှုသိပ်မရှိလို့ အမှတ်ခွဲယူဖို့ များပါတယ်။

နေရှင်နယ်လိဂ် ပွဲစဉ် ၂၂ ပွဲစဉ်များ

၃-၈-၂၀၁၃ ရခိုင်ယူနိုက်တက် - ဧရာဝတီ ညနေ ၄း၀၀ (အောင်ဆန်း)
၃-၈-၂၀၁၃ မနောမြေ - ဇွဲကပင် ညနေ ၄း၀၀ (သုဝဏ္ဏ) Channel-7 Live
၎-၈-၂၀၁၃ မကွေး - ဆောက်သမ်း ညနေ ၄း၀၀ (သုဝဏ္ဏ)
၎-၈-၂၀၁၃ ကမ္ဘောဇ - ဟံသာဝတီ ညနေ ၄း၀၀ (တောင်ကြီး)
၎-၈-၂၀၁၃ ဇေယျာရွှေမြေ - ရတနာပုံ ညနေ ၄း၀၀ (မုံရွာ)
၎-၈-၂၀၁၃ နေပြည်တော် - ရန်ကုန် ညနေ ၄း၀၀ (၀ဏ္ဏသိဒ်္ဓိ)Channel-7 Live

သောကြာ

Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ