တစ်ကိုယ်တော်ခွေ အတွက် သီချင်းတွေ စုနေတဲ့ ထက်ထက် (Bobby Soxer)


ထက်ထက် (Bobby Soxer) က နယ်တွေမှာ သီချင်းတွေ ဆိုဖြစ်နေပြီး ဒုံးပျံ အမ်တီဗီ ကိုလည်း ထွက်လာတဲ့ အခါမှာ ပရိသတ်တွေ ကြည့်ရင် အားရကျေနပ်အောင် ကြိုးစား ရိုက်ကူးနေ တယ်လို့ ဆိုပါတယ်။

“ထက်ထက်က အမ်တီဗီပိုင်းနဲ့ ပတ်သက်ပြီးတော့ ယုံကြည်မှုတော့ ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သေချာ လေးလုပ်ထားတယ်။ တစ်ပုဒ်ကို ၂ ရက် ခွဲပြီး ရိုက်ထားရတဲ့ အပုဒ်တွေလည်း ပါတယ်။ အရည်အသွေးပိုင်း ကိုတော့ ပရိသတ် တွေကြည့်ပြီး ကျေနပ် အားရမယ် လို့လည်း ထက်ထက် မျှော်လင့် ပါတယ်။ ပြီးတော့ ထက်ထက် အမ်တီဗီ ရိုက်ရင် ရုပ်အလှလေး တွေထက် ရုပ်ပြောင်လေးတွေကို သီချင်းနဲ့ လိုက်ပြီး ရိုက်ထား တာလေးတွေလည်း ပါမယ်။ သီချင်းနဲ့ မဆိုင်ပေမယ့်လည်း ပရိသတ် အမြင်မှာ ထူးဆန်းအောင်၊ ရယ်ရအောင် ရိုက်ထားတာမျိုး တွေလည်းပါပါတယ်။ သေသေချာချာ အသေးစိတ် စီစဉ်ထား တယ်” လို့ပြောပါတယ်။ ထက်ထက် (Bobby Soxer) က ဒုံးပျံ သီချင်းခွေကို စီစဉ် ဖြစ်နေရင်းနဲ့ တစ်ကိုယ်တော် အခွေအတွက် လည်း ရရင်ရသလို သီချင်းတွေစု ဖြစ်နေတယ်လို့ ပြောပါတယ်။

“ထက်ထက် ဖြည်းဖြည်းချင်း စီတော့ သီချင်း လေးတွေ ရေးဖြစ်နေတယ်။ သီချင်းရေးဆရာ တွေနဲ့ ထက်ထက်က အပ်တာမျိုး မဟုတ်တော့ ထက်ထက် အေးဆေးပဲ။ ကိုယ်အား တဲ့အချိန်၊ စိတ်ပါ တဲ့အချိန်လေးတွေမှာ ရေးဖြစ်တယ်။  ထွက်ဖို့ ကတော့ လိုပါသေးတယ်။” လို့ ပြောပါတယ်။

လွင်လွင်ထွန်း
ဓာတ်ပုံ- အောင်ဇော်မင်း

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ