မထားထက်ထက် |
(3.7.2013, Wednesday)
မြန်မာနိုင်ငံက ပထမဦးဆုံး အကြိမ် အဖြစ် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ဖိတ်ကြားခြင်း ခံရသော Miss Asia Pacific World 2013 ပြိုင်ပွဲကို (၂၀၁၃)ခုနှစ်၊ မေလ(၁၇)ရက်နေ့တွင် ကျင်းပမည်ဟု စီစဉ်ထားခဲ့သော်လည်း အောက်တိုဘာလ(၃၀)ရက်နေ့ကို ရွှေ့ဆိုင်းကြောင်းကြေညာထားကြောင်း
သိရသည်။
Miss Asia Pacific World 2013 တွင်မြန်မာနိုင်ငံက စတင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး Miss Asia Pacific World ပြိုင်ပွဲကို ၂၀၁၀က စတင် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုနှစ်ကျင်းပမည့် Miss Asia Pacific World 2013 ကို တောင်ကိုရီး ယား ဆိုးလ်မြို့၌ ကျင်းပပြုလုပ်
သွားမည်ဟု သိရသည်။
အဆိုပါပြိုင်ပွဲကို နိုင်ငံပေါင်း(၁၈)နိုင်ငံက ပါဝင်ယှဉ်ပြိုင် မည်ဟုသိရသည်။
ပါဝင်ယှဉ်ပြိုင်မည့် မထားထက်ထက်သည် မြန်မာ့ ကျွမ်းဘား လက်ရွေးစင်ဟောင်း တစ်ယောက်ဖြစ်ပြီး၂၀၁၂ခုနှစ် Miss Myanmar International 2012 တွင် third runner up နှင့် Miss ရခိုင်
2012 တွင် Miss ရရှိခဲ့ကြောင်းသိရသည်။ Miss asia Pacific world သည် အရည်အချင်း ယှဉ်ပြိုင်သည့်ပြိုင်ပွဲ တစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။
SkyNet TV Browser