လက်ရှိ မြန်မာ့ရုပ်ရှင်အနေ အထားက နင်းကျိုးနင်း ကျွံဖြစ်နေတယ်လို့ သုံးသပ်ပြောခဲ့တဲ့ ဒါရိုက်တာကြီး ဦးဝင်းဖေ


စာရေးဆရာ၊ဒါရိုက်တာ ကြီးဆရာဦးဝင်းဖေကိုဇွန်လ ၂၁ရက်နေ့ကပြုလုပ်ခဲ့တဲ့” ဆံရစ်ဝိုင်းတို့ရွာ” မှတ်တမ်းရုပ်ရှင် မိတ်ဆက်ပြသပွဲမှာတွေ့ဆုံခဲ့ရ ပါတယ်။အခု” ဆံရစ်ဝိုင်းတို့ရွာ” မှတ်တမ်းရုပ်ရှင်မှာ မြန်မာ့ ရိုးရာကို ထိန်းသိမ်းဖို့အကြောင်း တွေကိုထည့်သွင်းပြလာပေ မယ့် မြန်မာ့ရုပ်ရှင်ဇာတ်ကား ကြီးတွေမှာတော့ သိပ်မတွေ့ ဘူး။ အဲဒါနဲ့ ပတ်သက်ပြီး ဆရာဘယ်လို မြင်ပါသလဲလို့ မေးတော့” ကမ္ဘာပေါ်မှာ အလေးအနက်ထားတဲ့ ရုပ်ရှင်တွေဟာ အမျိုးမျိုးအစားစားရှိတယ်။ အဲဒီမှာမှ ထိပ်ဆုံးမှာရှိနေတာ Drama Type လို့ခေါ်တဲ့ Documentary လို့ ခေါ်တဲ့ ဇာတ်လမ်းသဘောပါဝင်တဲ့ မှတ်တမ်းတင်ဝတ္ထုဇာတ်လမ်းတွေ ရိုက်သင့်တယ်။ အဲဒါဟာအဆင့်ရှိတယ်လို့ ကမ္ဘာကသတ် မှတ်တယ်။ အဆင့်မြင့်ကားတွေ အဖြစ်သတ်မှတ်တယ်။ အဲဒါကြောင့်မို့လို တစ်စိတ်တစ်ပိုင်းက မှတ်တမ်းတင်ဇာတ်ကား တွေကို အာရုံစိုက်သင့်တယ်။ အဲဒါကို ဇာတ်လမ်းနဲ့ပေါင်းလိုက်မယ်ဆိုရင်အဆင့်မြင့်တဲ့ကမ္ဘာ့ ရုပ်ရှင်တွေဖြစ်လာနိုင်တယ်” လို့ ပြောပါတယ်။

အခုလက်ရှိ မြန်မာ့ရုပ်ရှင် ဇာတ်ကားတွေမှာတော့ ကွာလတီအဆင့်မြင့်မြန်မာရုပ်ရှင် ဇာတ်ကားထွက် လာနေတော့ မြန်မာရုပ်ရှင်တွေ တစ်ခေတ် ပြန်ဆန်းသစ်နိုး ထလာတော့ မယ့် အရိပ်အယောင်တွေလား လို့ ဆရာဦးဝင်းဖေကို ဆက်မေးတော့ ” အဲဒါတွေကတော့ ကျွန်တော်ဖြေရပေါင်းများနေပြီ။ ကျွန်တော်တို့ နိုင်ငံဟာနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးအစစအရာရာ နင်းကျိုးနင်းကျွံအခြေအနေဖြစ်တယ်။ ဒါကြောင့်မို့ ယဉ်ကျေးမှု၊ အနုပညာလိုဟာမျိုးတွေမှာလည်း အလားတူ နင်းကျိုးနင်း ကျွံတွေဖြစ်တယ်။

အဲဒါတွေကို အနုပညာလောကတစ်ခုတည်း နဲ့ ပြုပြင်လို့မရပါဘူး။ ခုနကပြောတဲ့ နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အဲဒါတွေအကုန်လုံးကို ပြုပြင်မှရ မယ်။အဲဒါတွေကို ပြုပြင်မှ အနုပညာနင်းကျိုး နင်းကျွံဘဝကနေ လွတ်မယ်လို့ကျွန်တော်ပြောချင်ပါတယ်။ နင်းကျိုးနင်းကျွံဆိုတာကဘယ်နားမှနင်းလို့ စိတ်မချရဘူး။ ကျိုးရင်ကျိုးမယ်။ ကျွံရင်ကျွံမယ်။ အဲဒီလို အခြေအနေ ဖြစ်နေတယ်။ လက်ရှိမြန်မာ့ ရုပ်ရှင်အနေအထားက နင်းကျိုးနင်းကျွံ အခြေအနေတစ်ခုပါပဲ။ နင်းကျိုးနင်းကျွံ ဆိုတာ မြန်မာ့ ရိုးရာဝေါဟာရကိုသုံးတာပါ။ကျွန်တော်ထွင်ပြီးပြောတာမဟုတ်ပါဘူး” လို့ပြောပါတယ်။ ဆရာဦးဝင်းဖေကို လက်ရှိ မြန်မာ့ရုပ်ရှင်ဇာတ်ကား ရိုက်ကူး တင်ပြမှုတွေက နည်း ပညာအနည်းငယ်ကောင်းမွန်လာတာနဲ့အတူ ကွာလတီ ကောင်းတဲ့ ရုပ်ပုံတွေကို ပရိသတ်တွေ တွေ့မြင်ခံစားလာ ရတာတွေရှိနေတော့ အဲဒီ အပေါ်ကိုရောဆရာ အမြင်ဘယ် လိုရှိလာသလဲလို့ ဆက်မေးတော့ ” ကျွန်တော်ကတော့ မြန်မာရုပ်ရှင်ကိုကောင်းကောင်း၊ ဆိုးဆိုး၊ညံ့ညံ့ကျွန်တော်ကြည့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဟာ မြန်မာဖြစ်နေ လို့ပဲ။

မြန်မာရုပ်ရှင်ဟာ ကိုယ့်အမျိုးတွေပဲ။ ကိုယ့်အမျိုး၊ ကိုယ့်သွေး၊ ကိုယ့်သားဆိုတာ ကောင်းကောင်း၊မကောင်းကောင်း ကျွန်တော်တို့ဆက်ဆံရတယ်။ ပိုက်ထားရတယ်။ ဖက် ထားရတယ်။ အဲဒီလိုရှိတော့ အခုကောင်းတာတွေ အများကြီးတွေ့တယ်။ ညံ့တာတွေက တော့ပိုများတာပေါ့ဗျာ။ ညံ့တာတွေကရာခိုင်နှုန်းနဲ့ ပြောရရင် ၉ဝရာခို င်နှုန်းလောက် ရှိပြီး တော့ ကောင်းတာတွေက ၁ဝ ရာခိုင်နှုန်းလောက် ရှိတယ်။ နည်းပညာတိုးတက်လာလို့ တော်တာတွေဖြစ်သလို၊ အနု ပညာငြမ်းအကူကောင်း လို့ တတ်လာတာတွေလည်း အများ ကြီးရှိလာတာကို တွေ့လာရပါတယ်” လို့သူ့ရဲ့အမြင်နဲ့ သုံးသပ် ပြောပြခဲ့ပါတယ်။

ဆက်လက်ပြီး ဆရာဦးဝင်းဖေကိုဗိုလ်ချုပ်အတ္ထုပ္ပတ္တိရုပ်ရှင်ဖြစ်မြောက်ရေးကော်မတီမှာလည်းဝင်ရောက်ကူညီပေးဖြစ်နေတော့ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးပြီးစီးပြီးခဲ့ရင် မြန်မာ
ပြည်အပြင်ကမ္ဘာပြည် အနှံ့ အပြားမှာရောအောင်မြင် သွားနိုင်မယ့်ဘယ်အချက်တွေကို တွေ့ရှိထားတာမျိုးရှိနေမလဲလို့ ဆက်မေးတော့ ” ကျွန်တော်ကော် မတီမှာဘာ အာမခံထားသလဲဆိုရင် ကျွန်တော်တတ်နိုင်သလောက်ကူပါ့မယ် ဆိုတာပဲ။ ဒီနေ့ထိဒါပါပဲ။ ဘယ်နေ့ကျ တော့ကူတာတောင်မှလုပ်မှ လုပ်နိုင်ပါ့မလာမပြောတတ်ဘူး။ ကျွန် တော်အသက်ကြီးပြီ။ ကျန်းမာရေးလည်းချို့တဲ့နေပြီ။ ဗိုလ်ချုပ်ရုပ်ရှင်ကြီး ကမ္ဘာ့အလယ်မှာ ဝင့်ကြွားတွင် ကျန်ခဲ့ဖို့ကတော့ အခြေအနေအရပ် ရပ်ပေါ်မှာမူတည်တယ်။ ကျွန် တော်ဗေဒင် ဟောသလိုဟောလို့မရနိုင်ဘူး။ ဒါပေမဲ့လူတွေ စေတနာနဲ့လုပ်နေကြတယ်။ အားထုတ်မှု အတိုင်းအတာလည်းကြီးတယ် လို့ပြောချင်ပါတယ်။ အဲဒီတော့ အခြေအနေကောင်းရဖွယ်များ ပါတယ်လို့ ကျွန်တော်ကပြောချင်တယ်။ဘယ်လို၊ ဘယ်လို အဆုံးသတ်မယ်ဆိုတာတော့ ပြောလို့မရပေမယ့် ကျွန်တော် ပြောချင်တာက အထွေထွေ သဘော တရားကစေတနာရှိကြတယ်။ ကြိုးပမ်းကြတယ်။ ရည်ရွယ်ချက်ကြီးကြတယ်။ စုစုစည်းစည်းနဲ့ လုပ်နေကြတာကို မြင်နေရပါတယ်” လို့ ဖွင့် ထုတ်ပြောပြခဲ့ပါတယ်။

ထက်လူလူ

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ