ဝင်ငွေအနည်းဆုံး ဒါရိုက်တာ (သို့မဟုတ်) ဒါရိုက်တာဝိုင်း

လက်ပံ ဇာတ်ကားမှာ ပါဝင် ဦးဆောင် ကြိုးစား၍ အကုန်လုံးကို သူတို့နဲ့ ထိုက်တန် ညီမျှတဲ့ ဆုလာဘ်တွေကို ရရှိစေချင်ပါ တယ်လို့ ဒါရိုက်တာ ဝိုင်း ကပြောပါတယ်။ လက်ပံ ရုပ်ရှင် ဇာတ်ကားက မြှားစစ်သည် (ကျိန်စာသင့် လက်ပံ) ရဲ့ ဝတ္ထုဖြစ်ပြီး စာရေးဆရာမ ယဉ်ယဉ်နုရဲ့ ပြဇာတ်နဲ့ ဇာတ်လမ်းကျောရိုး ဆင်တယ်လို့ ကြားသိ ရတာ ကြောင့် ဒါရိုက်တာ ဝိုင်းရဲ့ အမြင်ကိုမေးတော့

“ကျွန်တော်မြင်တာတော့ စာရေးဆရာ မြှားစစ်သည် ထွက်ထားတာ ၆နှစ်၊ ၇ နှစ်လောက် ရှိပါပြီ။ အဲဒါကို အဲဒီ အချိန်က တည်းက ဘာကြောင့် လို့ အကျယ်တဝင့် မရှင်းဘဲနဲ့ အခုအချိန်မှ ဘာလို့ ရှင်းရတာလဲလို့ ပြန်မေးချင်ပါတယ်။ ကျွန်တော်တို့ ကမသိဘူးလေ။ မသိတော့ စာရေး ဆရာမြှားစစ်သည် ဆီကဝယ်တယ်။

သို့သော် ငြားလည်း ဒီလို တိုက်ဆိုင်မှုမျိုး၊ ဒီလိုတူညီမှုမျိုး ဆိုတာမြန်မာနိုင်ငံ စာပေလောကမှာ အုပ် ပေါင်း မနည်းပါဘူး။ အဲဒီတော့ ကျွန် တော် လည်း ဘာမှမှတ်ချက် မပေးလိုပါဘူး။ ကျွန် တော်တို့ ဘာသာ ကျွန်တော်တို့ လိပ်ပြာသန့်သန့်ပဲ ဖန်တီးထားတာပါ”လို့ ပြောပါတယ်။

လက်ပံ ဇာတ်ကား ဖိတ်စာမှာ ဒါရိုက်တာ ဝိုင်း က သူဟာ ဒီ ဇာတ်ကားရဲ့ ဥယျာဉ်မှူးလား၊ စစ်သူကြီးလား ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို

“ကျွန်တော်ပြောတာ မှန်ပါတယ်။ ဥယျာဉ်မှူး လား ဆိုတာ ဖွေးဖွေးလို အသစ် တစ်ယောက် ကို ပင်ပင်ပန်းပန်း ပျိုးထောင်ရခဲ့တဲ့ အတွက် ဥယျာဉ်မှူး လားလို့ပြောတာပါ။ စစ်သူကြီး လား ဆိုတာကတော့ ဒီဇာတ်ကား နဲ့ပတ် သက် သမျှနှောင့်ယှက် ဖျက်ဆီး မှုသမျှကို ကြံ့ ကြံ့ခိုင် ရင်ဆိုင် တိုက်ဖျက်တဲ့ အတွက် စစ်သူ ကြီးပါ။ ဖိုက်တာလား ဆိုတာက တစ်ခါတ လေလူမိုက်ဆန်ဆန် လုပ်ရ တာတွေ အများ ကြီး ပါ။ ဒါပေမဲ့ကျွန်တော်ဘာကောင်မှ မဟုတ်တာ သေချာပါတယ်”လို့ ပြောပါတယ်။

သူ့ရဲ့ပရိသတ်တွေ အတွက် တစ်လတစ် ကားနှုန်းနဲ့ ရိုက်ကူးနေပြီး ဒါရိုက်တာတွေ ထဲမှာ ဝင်ငွေ အနည်း ဆုံးပဲဖြစ်ကြောင်းကို..

“ကျွန်တော် ဗီဒီယိုကို တစ်လ တစ်ကား ပဲရိုက်လို့ ကျွန်တော့်လောကသားတွေ အများ စုရဲ့ငြိုငြင်မှုကို ခံရပါတယ် ။ဒါပေမဲ့ ကျွန်တော် နယ်သွားရင် ပရိသတ်က ဒါရိုက်တာ ဝိုင်းမို့ လို့ ကြည့်တာနော် ဆိုတဲ့ စကားတစ်ခွန်းတည်း နဲ့ အဲဒီပီတိနဲ့ ကျွန်တော့် အနုပညာ အရည် အသွေးကို တစ်လ တစ်ကားပဲ ရိုက်ပါတယ်။

အဲဒီ အတွက် ဝင်ငွေ တအားနည်းပါတယ်။ ဒါရိုက်တာထဲမှာ ကျွန်တော် ဝင်ငွေ နည်းဆုံးပါပဲ”လို့ပြောပါတယ်။

ဒါရိုက်တာ ဝိုင်းက ၂ဝ၁၄ မှာ “အာဒံ၊ဧဝ၊ ဒသ၂” လို့ နာမည် ပေးထားပေ မယ့် အဲဒီ နာမည်ကို မပေးချင်တဲ့ အတွက် “ကျူးပစ်ရဲ့ ကျေးကျွန်များ” လို့ပေးထားတဲ့ ရုပ်ရှင် ဇာတ်ကားကြီးကို ရိုက်ကူး မှာ ဖြစ်ကြောင်း ပြောပါတယ်။ သရုပ်ဆောင်တွေ ကတော့ နေတိုး ၊ စိုင်းစိုင်းခမ်းလှိုင် နဲ့ဖွေးဖွေး တို့ဖြစ်ကြောင်း ဒါရိုက်တာ ဝိုင်းကပြောပါတယ်။

ခိုင်ဝေလွင် - Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ