မစ်ဂ်နိုလတ်ကို အပြီးသတ် ဝယ်ယူခဲ့သည့် လီဗာပူးလ်

လီဗာပူးလ် အသင်းသည် ဆန်းဒါးလန်း ဂိုးသမား ဆိုင်မွန် မစ်ဂ်နိုလတ်ကို တရားဝင် စာချုပ် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရှိရသည်။

ဘယ်လ်ဂျီယံ လက်ရွေးစင် မစ်ဂ်နိုလတ် အန်းဖီးလ်သို့ ရောက်ရှိလာခြင်းကြောင့် လက်ရှိ ပွဲထွက် ဂိုးသမား ပီပီရေနာ၏ နေရာအတွက် ကြီးမားသော အားပြိုင်မှုများ ဖြစ်ပေါ်လာဖွယ် ရှိနေသည်။ စပိန် လက်ရွေးစင် ရေနာသည် ၎င်း၏ ငယ်ဘဝ ကလပ်အသင်းဟောင်း ဘာစီလိုနာသို့ ပြန်ရန် ပြင်ဆင်နေကြောင်းလည်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေဆဲ ဖြစ်သည်။ လီဗာပူးလ်သည် ပေါင်စတာလင် (၉)သန်းဖြင့် မစ်ဂ်နိုလတ်ကို ခေါ်ယူခဲ့ခြင်းဖြစ်ပြီး စွမ်းဆောင်ရည်အလိုက် နောက်ထပ် ပေါင်စတာလင် (၂)သန်းကိုလည်း ပေးချေသွားရဖွယ် ရှိနေသည်။

ဆန်းဒါးလန်းသည် (၂၀၁၀)ပြည့်နှစ်က မစ်ဂ်နိုလတ်ကို ဝယ်ယူခဲ့ရာ ပေါင်စတာလင် (၂)သန်းသာ ကုန်ကျခဲ့သည်။ အသက်(၂၄)နှစ်ရှိ ဂိုးသမားကို ခေါ်ယူနိုင်သဖြင့် ကျေနပ်ကြောင်း လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာက ဆိုသည်။ "ကျွန်တော်တို့ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီး ဂိုးသမား တစ်ယောက်ကို လက်မှတ်ထိုး ခေါ်ယူနိုင်ခဲ့လို့ ဝမ်းသာပါတယ်။ မစ်ဂ်နိုလတ် အနေနဲ့လည်း သူ့ရဲ့ ပင်ကိုယ် ပါရမီကို လက်တွေ့ ပြသနိုင်ပြီး တိုးတက်လမ်းရှိတဲ့ ကလပ်အသင်း တစ်ခုကို ရောက်လာတာပါ" ဟု ရော့ဂျာက ပြောကြားခဲ့သည်။

မစ်ဂ်နိုလတ်သည် ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းအတွက် (၁၃)ပွဲ ကစားကာ ဆန်းဒါးလန်းအတွက် ပွဲပေါင်း (၉၀)မျှ ပါဝင်ပေးထားခဲ့သည်။
လီဗာပူးလ်သည် ပေါင်စတာလင် (၉)သန်းဖြင့် မစ်ဂ်နိုလတ်ကို ခေါ်ယူခဲ့ခြင်းဖြစ်ပြီး စွမ်းဆောင်ရည်အလိုက် နောက်ထပ် ပေါင်စတာလင် (၂)သန်းကိုလည်း ပေးချေသွားရဖွယ် ရှိနေ...

Ref: Daily Mail

Written by Admin Team  -  Soccer Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ