ကိုယ်လုပ်တဲ့အလုပ်ကို အကောင်းဆုံးဖြစ် အောင် ကြိုးစားလုပ်နေသူ ဝိုင်းစုခိုင်သိန်း

သရုပ်ဆောင်အနုပညာ အလုပ်ကို လုပ်ကိုင်နေသူလည်းဖြစ်ပြီး “မက်လောက်စရာ” ၊ “မျက်လှည့်” ဆိုတဲ့ တေးစီးရီးတွေနဲ့ ဂီတချစ်သူတွေရဲ့ စိတ်နှလုံးသားထဲမှာ နေရာယူထားနိုင်သူ လူငယ်အမျိုးသမီး သရုပ်ဆောင်၊ အဆိုတော် ဝိုင်းစုခိုင်သိန်း Life Style ကဏ္ဍကို ဒီတစ်ပတ် ဖော်ပြ လိုက်ပါ တယ်။

ကျောင်းမှာကတည်းကဆုတွေ တစ်ပွေ့တစ်ပိုက် ဝိုင်းစု

တစ်တန်း၊နှစ်တန်းလောက်တုန်းက ကျောင်းမှာ ဆုတွေရခဲ့ဖူးတယ်။ နည်းနည်း အတန်းကြီး လာတော့ ရှစ်တန်း၊ ကိုးတန်းမှာ ဂုဏ်ထူး ထွက်တယ်။ ကျောင်းသူ ဘဝတုန်းက ကျောင်း တက်ရတာ ပျော်တယ်။ သူငယ် ချင်းတွေနဲ့ တွေ့ရတာကို တအား ပျော် တယ်။ ကျောင်း နောက် ဆုံး နေ့ နှုတ်ဆက်ပွဲအခမ်း နားတွေ မှာဆိုရင် အမြဲတမ်း သီချင်း တက်ဆိုဖြစ်တယ်။

အနုပညာခြေလှမ်းအစ

ဝိုင်းစုက ဆယ်တန်းစာ မေးပွဲဖြေဆိုပြီးကတည်းက အနု ပညာအလုပ်ကို စပြီးလုပ်ဖြစ် တယ်။ မော်ဒယ်မလုပ်ဖြစ်ခဲ့ ပေမယ့် မော်ဒယ် သင်တန်း ကို တော့ မတင်မိုးလွင်ဆီ မှာတက် ဖြစ်ခဲ့တယ်။ လူတွေနဲ့ ရင်းနှီး မှုရှိအောင် ဆိုပြီး မေကြီးက အတင်းတက်ခိုင်းတာနဲ့ တက်ဖြစ် သွားခဲ့ တယ်။ နောက် ပိုင်းမှာ ဓာတ်ပုံလေးတွေ ရိုက်ရင်းနဲ့ လူသိသွားပြီး အနုပညာ အလုပ် လေးတွေ လုပ်ဖြစ် သွားတယ်။ ဆယ်တန်းမပြီးခင် ကိုဆောင်း ဦးလှိုင်နဲ့ ဗီစီဒီမှာရိုက်ခဲ့ဖူး တယ်။ အဲဒီတုန်းကတော့ သရုပ်ဆောင်လုပ်ဖို့ ရည်ရွယ် ချက်မရှိခဲ့ဘူး။

ရည်ရွယ်ချက်မရှိဘဲ သရုပ်ဆောင် အလုပ်လုပ်ဖြစ်

သရုပ်ဆောင်အလုပ်ကို လုပ်ဖို့ ရည်ရွယ်ချက်မရှိဘဲ ဝိုင်းစုလုပ်ဖြစ်သွားတယ်။ ဒါပေမဲ့ သရုပ်ဆောင် အလုပ်ကိုလည်း အစကတည်းက ဝါ သနာပါနေမှန်း ကိုယ့်ကိုယ်ကိုယ် မသိခဲ့ တာ။ ဒါပေမဲ့ ဝိုင်းစုဆက် လုပ် တယ်။ နောက်တော့ ဝါသနာ လည်းပါတယ်။ အနုပညာ ပိုးလည်း ကြီးလာတယ်။ ဂီတက တော့ ဝိုင်းစု ငယ်ငယ်ကတည်း က အဆိုဝါသနာပါတော့ အဆို ဘက်ကို ပိုလုပ်ဖြစ်ခဲ့တယ်။

အားလပ်ရက်ကိုအိမ်မှာပဲ အနားယူ

ဝိုင်းစုက ဘယ်အလုပ်ကို မဆို ကိုယ့်စိတ်နဲ့ ကိုယ်ပဲလုပ်တယ်။ ဆုံးဖြတ် တယ်။ ကိုယ် စပြီး လုပ်တဲ့အလုပ်ကို သေသေချာ ချာအကောင်း ဆုံးဖြစ်အောင် ကြိုးစားပြီးတော့ လုပ်တယ်။ မေကြီးကတော့ ဝိုင်းစုဖြစ်ချင် တာလေးတွေ လုပ်ချင်တာလေး တွေကို လိုက်ပြီးပံ့ ပိုးပေးတယ်။ အနုပညာနဲ့ပတ်သက်ပြီး အဆို ရော၊သရုပ်ဆောင်အလုပ်ရော လုပ် တဲ့အခါကျတော့ အားလပ် ချိန်တော့ သိပ်ပြီးမရှိဘူး။ ည ပိုင်းမှာဆို ဂီတနဲ့ပတ်သက်တာ လုပ်ဖြစ်ပြီး ကားရိုက်မထွက် ရရင် အပြင်မသွားဘဲ အိမ်မှာပဲ နားဖြစ်တာပိုများ တယ်။ အပန်း ဖြေတာကို သီးသန့်ကြီးတော့ သိပ်မထားဘူး။ ဝိုင်းစုတို့က အမြဲ တမ်း အလုပ်ကိစ္စတွေနဲ့ ခရီး ထွက်နေရတော့ အပန်းပြေပါ တယ်။

ဘာသာရေးကို ယုံကြည်သူ

ဘာသာရေးနဲ့ ပတ်သက် ပြီးတော့ နေ့တိုင်း ဘုရားရှိခိုး ဖြစ်တယ်။ ဂုဏ်တော်တွေ ရွတ်တယ်။ ပဋ္ဌာန်းကိုလည်း နေ့တိုင်း ရွတ်ဖြစ် တယ်။ မေတ္တသုတ် လည်းရွတ်တယ်။ အဓိဋ္ဌာန် အနေ နဲ့တော့ လုပ်ဖြစ်တယ်။ အားရင် အားသလို ပဋ္ဌာန်းရွတ်ဖြစ် တယ်။ ဘာသာရေးကိုတော့ ယုံကြည် တဲ့အတွက် နေ့တိုင်းလုပ်ဖြစ် ပါတယ်။ဘာသာရေးက အခု ဘဝ ရော နောင် သံသရာထိပါ အကျိုး ပေးတယ်လို့လည်း ယုံကြည် ထားတယ်။

လွင်လွင်ထွန်း
Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ