သံယောဇဉ် မပြတ်သေးသည့် သူတို့နှစ်ဦး

Popဂီတစတား အဆိုတော် ကေတီသည် စနေနေ့ ညပိုင်းက ချစ်သူဟောင်း ဂျွန်နှင့် ပြန်လည်တွေ့ဆုံကာ အပြင်ထွက် လည်ပတ်ခဲ့ 

ချစ်သူများအဖြစ်မှ လမ်းခွဲခဲ့ပြီးသည့်တိုင် ကေတီပယ်ရီနှင့် ဂျွန်မေယာတို့ကြား သံယောဇဉ် မပြတ်သေးဟု သတင်းများက ဖော်ပြလာခဲ့သည်။ Popဂီတစတား အဆိုတော် ကေတီသည် စနေနေ့ ညပိုင်းက ချစ်သူဟောင်း ဂျွန်နှင့် ပြန်လည်တွေ့ဆုံကာ အပြင်ထွက် လည်ပတ်ခဲ့ကြောင်း သိရသည်။ ကေတီသည် မကြာသေးမီကမှ မိမိသည် ဂျွန်နှင့် ပတ်သက်၍ စိတ်မကုန်သေးဘဲ ချစ်မြတ်နိုးဆဲဖြစ်ကြောင်း လူသိရှင်ကြား ဝန်ခံထားခဲ့သည်။ ကေတီသည် စနေနေ့က နယူးယော့ခ်တွင် ဂျွန်နှင့်အတူ ပါတီတစ်ခု ဆင်နွှဲခဲ့ကြောင်းလည်း သတင်းများက ဆိုသည်။ Wide Awakeစတား အဆိုတော် ကေတီသည် ဂျွန်နှင့် လအတန်ကြာ တွဲခဲ့သော်လည်း ၎င်းတို့၏ ဆက်ဆံရေးမှာ လမ်းခွဲမှုဖြင့်သာ အဆုံးသတ်ခဲ့သည်။

ကေတီက လတ်တလောတွင် မိမိသည် တစ်ကိုယ်တည်း ဘဝဖြင့်သာ ရှိနေဆဲ ဟူ၍မူ ပြောဆိုထားသည်။ "ဇာတ်လမ်းကတော့ ပြီးပါပြီ။ ကျွန်မသူ့ကို ရူးရူးမိုက်မိုက် ချစ်ခဲ့ဖူးပါတယ်။ ခုထိလည်း ချစ်နေတုန်းပါပဲ။ ကျွန်မတို့ရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပြောနိုင်တာ တစ်ခုက သူဟာ လှပတဲ့စိတ်ထားနဲ့ နိုင်လိုမင်းထက် ဝိညာဉ်တစ်ခု ရှိသူပါ"ဟုသာ ကေတီက မှတ်ချက်ပေးခဲ့သည်။ ကေတီသည် ယခင်က ဗြိတိသျှ ဇာတ်မြူးသရုပ်ဆောင် ရက်ဆဲလ်ဘရန်းနှင့်လည်း လက်ထပ်ခဲ့ဖူးပြီးမှ ကွာရှင်းခဲ့သည်။ ၎င်းသည် ယခုလ အစောပိုင်းကလည်း လော့စ်အန်ဂျလိစ်တွင် ဂျွန်နှင့် ချိန်းဆိုကာ ညဘက်ထွက်၍ လည်ပတ်ခဲ့ဖူးကြောင်း သတင်းများက ဖော်ပြခဲ့သည်။

Source: FemaleFirst

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ