ရုန်းကန်မှုတွေနဲ့ ရွေ့လျားနေရဆဲ ခေတ် သစ် Rock လမ်းမများ


ရော့ခ်ဂီတမှ ဆက်နွှယ်၍ ပေါ်ထွန်းခဲ့သော၁၉၈ဝ ကျော် ၉ဝ ဝန်းကျင်မှ စတင်ခဲ့သည် Metal ဂီတမှ ပေါ်ပေါက် လာခဲ့သော Metal core ဂီတ သည် မြန်မာပြည်လူငယ်ထု အတွင်းမှာလည်း ၂ဝဝဝပြည့် နှစ်ကျော်မှာ Metal Hardcore  ဂီတများပျံ့နှံ့လာခဲ့သည်။

သို့သော်လည်း ၂ဝဝ၄၊၂ဝဝ၅ ဝန်းကျင်တွင်ပိုမိုကျယ်ပြန့် ခဲ့သော Metalcore, hardcore, deathcore   စသဖြင့် အသံပါဝါအားသုံးကာ လည်ေ ချာင်းသံဖြင့် ပြင်းပြင်း ရှရှ သီဆိုကြရသော ထိုဂီတအ တွက် ယနေ့တိုင်နေရာတစ်ခု သတ်သတ်မှတ်မှတ် ဖြစ်မလာ ခဲ့သေးပေ။”၂ဝဝ၄၊၂ဝဝ၅ ပတ်ဝန်းကျင်လောက်မှာ ကျွန် တော်တို့ မြန်မာပြည်မှာ စတယ်ပြောရမယ်။ရှေ့ပိုင်း မှာတော့ New metal  တွေရှိ တယ်။ core music တွေ စလုပ်ဖြစ်ကြတာက ၂ဝဝ၄၊ ၂ဝဝ၅ လောက်မှာမှ band  တော်တော်များ များက ဒီမြူး ဇစ်အပေါ်ကို ပိုလုပ် ဖြစ်လာ ကြတယ်” ဟု မြန်မာပြည်ရှိ Metal Hardecore band   များထဲမှနာမည်ရတီးဝိုင်း တစ်ခုဖြစ်သော  Fever 109 မှ အဆိုရှင် အဒီနိုက ပြောသည်။

 ထိုဂီတက လူငယ်များ၏ စိတ်မွန်းကျပ်မှုကို လွတ်လပ်စွာ ပေါက်ကွဲလွှင့်ထုတ်နိုင်သည်ဟု ယုံကြည်ကြသူများက ထိုဂီတ အပေါ်တွင်သက်ဝင် ယုံကြည် ကြပြီး ယုံကြည်ရာအလျောက် ပြုလုပ်ခဲ့ကြရာမှ အနည်းနှင့်အ များဆိုသလိုတော့ အကောင်အထည်ပေါ်လာပြီဖြစ်သော် လည်း   Underground  တွင် ပင် ရှိနေကြသော တီးဝိုင်းများ အတွက်ရှိုးပွဲရှားပါးမှုနှင့်ပရိုဂျူဆာမရှိခြင်းမှာအဓိက ပြဿနာ တစ်ရပ် ဖြစ်နေလေသည်။

 ”ဒီဂီတကို စဖြစ်ကြတဲ့ ၂ဝဝ၄၊၂ဝဝ၅လောက်မှာဆို ဘယ်သူမှကို ယုံကြည်မှုမရှိဘူး။ မင်းတို့ကလျှောက်အော်နေ တာပဲ။ဘာတွေမှန်းမသိဘူး ဆိုပြီးအပြောခံရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကဒါကိုပဲရူးရူး မိုက်မိုက်နဲ့ ဆက်လုပ်လာရင်း နည်းနည်းတော့အကောင်အထည် ပေါ်လာပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့အတွက် အဓိက နှေးနေတဲ့ အကြောင်းအရင်းက တော့ ရှိုးလုပ်မယ့်သူတွေမရှိ တာ။ပရိုဂျူဆာတွေမရှိတာ။ အဲဒီအတွက်ကျွန်တော်တို့ အကုန်လုံးကအခွင့်အရေး တွေကိုကိုယ့်ဘာသာကိုယ်ပဲ ဖန် တီးနေရတယ်” ဟု Fever 109   မှအဒီနိုကဆက်လက်ပြောသည်။

 Rock Underground Music တီးဝိုင်းများတွင်Metalcore, Hardcore စသည့် ပြင်းရှရှပေါက်ကွဲ သံစဉ်များ အပြင် rock စတိုင်လ်မျိုး စုံကို လွတ်လပ်စွာဖန်တီးနေကြ သော အဖွဲ့များစွာရှိလေသည်။ ထို အထဲကမှ  indie rock  စတိုင်လ်သီချင်းများဖြင့် လွတ် လပ်သော ရော့ ဂီတပုံစံများ ကို ဖန်တီးနေပြီး ရှိုးပွဲ များလည်း ကိုယ်တိုင်စီစဉ်၊ကိုယ်တိုင် တီးဆိုနေသော  side effect  တီးဝိုင်းမှ အဆိုရှင် Darko C  က လည်း Underground  များ အတွက်ရှိုးပွဲများ ရှားပါးမှုနှင့် ပတ်သက်၍ “rock  တီးဝိုင်း တစ်ခုတီးဖို့ကစက်ပစ္စည်း အထားအသို၊အသံချိန် တာက အစ ကရိကထများတယ်။ ပြီး တော့ရှေးရိုးစွဲရှိတဲ့သူတွေ ကျ တော့ရော့ခ်ဆိုတာကို ကြမ်း တမ်းတယ်ဆို ပြီးထင်ကြတယ်။ ပြီးတော့အဓိကက နေရာမရှိ တော့ဆိုဖို့နေရာလည်း နည်း တယ်။ပွဲကြီးတွေကျတော့ လည်းလူသစ်တွေဝင်ဆိုဖို့ မလွယ်ဘူး။ဖျော်ဖြေရမယ့် နေရာ တွေရှားတာကြောင့်မဆိုရ၊ မတီးရတဲ့ဒဏ်တွေခံ ရတယ်။ နောက်တစ်ခုက ပရိသတ်နဲ့လည်း ဆိုင်လိမ့်မယ်။တချို့ရော့ခ် ဆိုရင်သူတို့နားထဲမှာ ကြား ယောင်လာတဲ့ပုံစံပဲရော့ခ်ဖြစ် တယ်။ဒီပုံစံ တစ်ခုတည်း မှာပဲ ပေါ့။ရော့ခ်မှာကိုပဲလိုင်းခွဲတွေ ပုံစံတွေအများကြီးရှိတယ်။ ဒီမှာကမသိကြဘူးဆိုတာက ရှိနေတဲ့ band တွေကိုလည်း မသိကြ တာဖြစ်မယ်။ ခုနလိုပွဲ ရှားတယ်။ပွဲရှားတော့နားမ ထောင်ဖြစ်တော့ဘူး။Underground လောကကိုနားစွင့် နေတဲ့သူ တွေကလွဲရင်တခြားသူ တွေက မသိတော့ဘူး”ဟု Underground  ရော့တီးဝိုင်း များ၏အသက် ရှုကျပ်နေရပုံကိုDarko C က ပြောပြသည်။ ထို့အပြင် Underground  လောက မှာပင်ရှိုးပွဲများ ဝင်ဆိုရန် ခက်ခဲနေကြသော လူငယ်တီးဝိုင်း အများအပြား လည်းရှိနေပေသည်။ “အသစ် တွေရဲ့ သီချင်းတွေကို လူတွေက နားေ ထာင်ဖို့ လက်တွန့် နေကြ တယ်။အဲဒီတော့ကိုယ့်ဘာသာ ပရိသတ်လုပ်လိုက်၊ အကြမ်း သွင်းလိုက်၊ အွန်လိုင်းမှာ သူငယ် ချင်းတွေကို ပြလိုက်နဲ့ပဲ လုပ်နေရ တာပေါ့။ ရတဲ့ ရှိုးပွဲ၊ အရောပွဲတွေမှာတိုးပြီး ဆိုပြန် တော့လည်း ပညာပေးခံရတာ တွေလည်း ရှိတယ်။

ကျွန်တော် တို့က လူသိပြီးသားတွေလည်း မဟုတ်ဘူး။ အဆိုပြိုင်ပွဲတွေက လည်းလာတာမဟုတ်ဘူး။ အသစ်တွေဆိုတော့သွေးတိုး စမ်းတဲ့အနေနဲ့ ပညာပေးခံရတာ တွေရှိတာပေါ့။ကိုယ်လုပ်နိုင်တဲ့ အနေအထားနဲ့တော့ ကြိုးစားေ နတာ ပဲ” ဟုလည်း ရှိုးပွဲများတွင် ဝင်တိုး နိုင်ရန် ကြိုးစားနေသည့် လူငယ်အဖွဲ့သစ်တစ်ဖွဲ့ဖြစ် သော Stable တီးဝိုင်းမှအဆိုရှင် လူဇော်ကပြောသည်။ မည်သို့ ပင်ဆိုစေကာမူလတ်တလော အခြေအနေတွင် ချစ်မြတ်နိုးမှု၊ ရူးသွပ်မှုများကိုအရင်း ခံ၍ ဖန်တီးကြသောဂီတအသစ်များ ၏ လူနည်းစုအတွက်တော့ ရှေ့ ခရီးဆက်ရာလမ်းဝယ် ရုန်းကန် မှုတွေ နဲ့အတူ လျှောက်လှမ်း နေကြရဆဲပင်ဖြစ်တော့သည်။

ရဲရဲ - Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ