မင်္ဂလာပွဲသို့ အသောက်အစားကြမ်းသူများ မဖိတ်ရန် ဂျိုလီ ကန့်သတ်



ပစ်တ်တွင် အရက် အလွန်သောက်သည့် ခင်မင်ရင်းနှီးသူ မိတ်ဆွေများ ရှိနေရာ ဂျိုလီက ခင်ပွန်းလောင်းအား မင်္ဂလာ ဧည့်ခံပွဲ ပါတီတွင် ယင်းတို့ကို ဖိတ်ကြားခြင်း မပြုရန် တောင်းဆိုထားကြောင်း အတွင်းလူ အချို့က ဆို 

မိမိတို့၏ မင်္ဂလာ ဧည့်ခံပွဲတွင် အသောက်အစား ကြမ်းသော မိတ်ဆွေများကို ဖိတ်ကြားခြင်း မပြုရဟု အန်ဂျလီနာ ဂျိုလီက ဘရတ်ပစ်တ်အား ကန့်သတ်ချက် ထုတ်ပြန်ထားလိုက်ကြောင်း သိရှိရသည်။ ကာလရှည်ကြာ တွဲလာသော ဟောလီးဝုဒ်၏ အကျော်ကြားဆုံး စုံတွဲသည် သားသမီး များစွာနှင့် မိသားစု အခြေတကျ ဖြစ်နေသည့်တိုင် ယခုအချိန်ထိ လက်မထပ်ရသေးချေ။ သို့သော်လည်း ယခုနှစ်အတွင်း ပစ်တ်နှင့် ဂျိုလီတို့ လက်ထပ်ရန် စီစဉ်နေပြီဟု သတင်းများက အလေးအနက် ဖော်ပြလျှက် ရှိသည်။

ပစ်တ်တွင် အရက် အလွန်သောက်သည့် ခင်မင်ရင်းနှီးသူ မိတ်ဆွေများ ရှိနေရာ ဂျိုလီက ခင်ပွန်းလောင်းအား မင်္ဂလာ ဧည့်ခံပွဲ ပါတီတွင် ယင်းတို့ကို ဖိတ်ကြားခြင်း မပြုရန် တောင်းဆိုထားကြောင်း အတွင်းလူ အချို့က ဆိုသည်။ ဂျိုနာဟေးလ်၊ ကွမ်တင် တာရန်တီနို၊ ဖိလစ်ဆေးမားဟော့ဖ်မန်းတို့သည် ပစ်တ်၏ သူငယ်ချင်းများအနက် အရက်သောက် ကြမ်းသူများအဖြစ် လူသိများသည်။ ယင်းတို့ကို မင်္ဂလာ ဧည့်ခံပွဲ ပါတီတွင် ဖိတ်ကြားမည့် စာရင်းမှ ပယ်ဖျက်ရန် ဂျိုလီက ပစ်တ်ထံ ပြောဆိုထားကြောင်း သိရသည်။ ပစ်တ်၏ အရင်းနှီးဆုံး မိတ်ဆွေ တစ်ဦးဖြစ်သည့် ဟောလီးဝုဒ် ကြယ်ပွင့် မင်းသားကြီး ဂျော့ဂ်ျကလူနီးသည်ပင် ဝိုင်များများ မသောက်ရန် ဂျိုလီထံမှ တောင်းဆိုမှုနှင့် ကြုံနေရကြောင်း သိရသည်။

နီးစပ်သူ အချို့က အလွန်အကျွံ အရက်သောက်သူများကြောင့် ပြဿနာ မဖြစ်လိုသည့်အတွက် ဂျိုလီက ယခုလို စီစဉ်နေခြင်းဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။ ဂျိုလီ၏ မိတ်ဆွေအချို့က "ဂျိုလီအနေနဲ့ မင်္ဂလာပွဲကို အရမ်း သပ်ရပ်စေချင်တယ်။ ပစ်တ်ရဲ့ သူငယ်ချင်း တချို့ဆီမှာ အရက်အရမ်းကြိုက်တဲ့ အကျင့်မျိုး ရှိနေတာကိုလည်း တော်တော် စိုးရိမ်တယ်။ ဂျိုနာနဲ့ ကွမ်တင်တို့ဆိုရင် မင်္ဂလာပွဲ ရောက်တာနဲ့ ဘားကို စောစောဖွင့်ဖို့ ပြောမယ့်သူမျိုးတွေလို့ ဂျိုလီက ယူဆနေပါတယ်"ဟုလည်း ပြောကြားခဲ့သည်။

Source: TheSun

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ