သီယာဂိုအား ဆက်ထိန်းထားရန် နောက်ဆုံးတစ်ကြိမ် ဆွေးနွေးမည့် ဘာစီလိုနာ


ဘာစီလိုနာ အသင်းသည် မန်ချက်စတာ ယူနိုက်တက်သို့ ပြောင်းရွှေ့ရန် နီးစပ်နေသည့် ၎င်းတို့၏ ကွင်းလယ် ကစားသမား သီယာဂို အယ်လ်ကန်ထရာကို နောက်ဆုံး တစ်ကြိမ် ဆွေးနွေးမှု ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။

သီယာဂိုသည် ယူနိုက်တက်တွင် တစ်နှစ်လုပ်ခ ပေါင်စတာလင် (၅.၅)သန်းဖြင့် ကစားရန် ကြိုတင် သဘော တူညီမှု ရရှိထားပြီး ဖြစ်သော်လည်း ဘာစီလိုနာက စပိန်လက်ရွေးစင် လူငယ် ကစားသမားကို ဆက်လက် ဆွဲဆောင်ထားရန် နောက်ဆုံး အားထုတ်မှု တစ်ခု ပြုလုပ်ရန် စိတ်ကူးနေခြင်း ဖြစ်သည်။ သီယာဂိုသည် ပြီးခဲ့သည့် ဘောလုံးရာသီက ဘာစီလိုနာအတွက် ပွဲစဉ်အားလုံး၏ (၆၀)ရာခိုင်နှုန်း ပြည့်မီအောင် ကစားခွင့် မရခဲ့သည့်အတွက် ပေါင်စတာလင် (၁၇)သန်းဝန်းကျင် ကမ်းလှမ်းမှု ရှိလာပါက အသင်းပြောင်းခွင့် ရရှိထားသည်။

သီယာဂို၏ ဖခင်လည်းဖြစ်၊ ဘရာဇီးလ် လက်ရွေးစင် ကစားသမားဟောင်းလည်း ဖြစ်ပြီး လက်ရှိတွင် ၎င်း၏ အေးဂျင့်အဖြစ် တာဝန်ယူနေသူ မာဇင်ဟိုသည် ယူနိုက်တက်သို့ ပြောင်းရွှေ့ရေး ကိစ္စအတွက် အဓိက တာဝန်ယူ ဆွေးနွေးပေးလျှက် ရှိသည်။ ဘာစီလိုနာက အသက်(၂၂)နှစ်သာ ရှိသေးသော သီယာဂိုသည် အနာဂတ်တွင် အသင်း၏ အဓိက ဦးဆောင်သူတစ်ဦးအဖြစ် ကာလရှည်ကြာ ရပ်တည်နိုင်မည် ဖြစ်သော်လည်း လတ်တလောတွင်မူ စိတ်ရှည်ရှည် စောင့်ဆိုင်းရန် ဆွဲဆောင် ဆွေးနွေးသွားဖွယ် ရှိနေကြောင်း သိရသည်။

သီယာဂိုသည် ယူနိုက်တက်တွင် တစ်နှစ်လုပ်ခ ပေါင်စတာလင် (၅.၅)သန်းဖြင့် ကစားရန် ကြိုတင် သဘော တူညီမှု ရရှိထားပြီး ဖြစ်သော်လည်း ဘာစီလိုနာက စပိန်လက်ရွေးစင် လူငယ် ကစားသမားကို ဆက်လက် ဆွဲဆောင်ထားရန် နောက်ဆုံးအားထုတ်မှု တစ်ခု ပြုလုပ်ရန် စိတ်ကူးနေ...
ယူနိုက်တက် မန်နေဂျာသစ် ဒေးဗစ်မိုယက်စ်သည် ဈေးကွက်ထဲတွင် အဓိက အားဖြည့်မှု အဖြစ် သီယာဂိုကို အလေးအနက် ချိတ်ဆက် လာခဲ့ပြီး ကာလရှည်ကြာ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည့်နောက် လက်တွေ့ ဝယ်ယူရန် အနီးစပ်ဆုံး ဖြစ်လာခဲ့သည်။

Ref: Daily Mail

Written by Admin Team  -  Soccer Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ