ဟင်းနရစ်ခ်အား တရားဝင်ကမ်းလှမ်းမှုမရှိသေးကြောင်း ရှက်တာ ပြောကြား



အမ်ဟစ်ခ်တာရန်သည် ပြီးခဲ့သည့်ရာသီက လိဂ်ပြိုင်ပွဲ သွင်းဂိုးစံချိန်အဖြစ် ယူကရိန်း အမှတ်ပေးပြိုင်ပွဲတွင် (၂၅)ဂိုး သွင်းယူခဲ့သည်။ 
ရှက်တာဒိုးနက်ခ် အသင်းအနေဖြင့် ၎င်းတို့၏ ကွင်းလယ်လူ ဟင်းနရစ်ခ် အမ်ဟစ်ခ်တာရန်ကို ရောင်းချရန် အသင့်ရှိနေသော်လည်း တရားဝင် ကမ်းလှမ်းမှု မရှိသေးကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။ လီဗာပူးလ် အသင်းသည် အသက်(၂၄)နှစ်ရှိ အာမေးနီးယား လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမားကို ဝယ်ယူနိုင်ရန် နီးစပ်နေပြီဟု သတင်းများ ထွက်ပေါ်နေချိန်တွင် ယူကရိန်း ချန်ပီယံ အသင်းက ယခုလို ပြောဆိုလာခြင်း ဖြစ်သည်။ လီဗာပူးလ်နှင့် နီးစပ်သူ အချို့က အမ်ဟစ်ခ်တာရန်သည် အန်းဖီးလ်သို့ ရောက်ရှိရန် (၆၀)ရာခိုင်နှုန်းမျှ သေချာနေကြောင်း မှတ်ချက်ပြုထားသည်။ ရှက်တာအသင်းသည် ဂိုးသွင်းကောင်းသည့် ၎င်းတို့၏ အလယ်တန်းလူအတွက် ပေါင်စတာလင် (၂၂)သန်းမျှ ဈေးနှုန်း သတ်မှတ်ထားသည်ဟု ယုံကြည်ရသည်။ အမ်ဟစ်ခ်တာရန်သည် ပြီးခဲ့သည့်ရာသီက လိဂ်ပြိုင်ပွဲ သွင်းဂိုးစံချိန်အဖြစ် ယူကရိန်း အမှတ်ပေးပြိုင်ပွဲတွင် (၂၅)ဂိုး သွင်းယူခဲ့သည်။

ရှက်တာ အသင်း အမှုဆောင်ချုပ် ဆာဂျီပက်ကင်က "ခင်ဗျားတို့လည်း သိတဲ့အတိုင်းပဲ။ လောလောဆယ် အမ်ဟစ်ခ်တာရန်နဲ့ ပတ်သက်ပြီး အမျိုးမျိုး ပြောဆိုနေကြတယ်။ ဒါပေမဲ့ အခြေအနေတွေက လိုတာထက် ချဲ့ကားမှုတွေ ရှိနေတယ် ဆိုတာကိုတော့ အသိပေးချင်တယ်။ လောလောဆယ် လီဗာပူးလ်ဆီက ဘာဆက်သွယ်မှုမှ မရသေးပါဘူး။ ကျွန်တော်တို့ အနေနဲ့ အသင်းက ဝီလျံနဲ့ ဖာနန်ဒင်ဟိုတို့ကို ရောင်းချပြီးပါပြီ။ အမ်ဟစ်ခ်တာရန်အတွက် ကမ်းလှမ်းမှုတွေ ရှိရင်လည်း နားထောင်သွားမှာပါ။ ဒါပေမဲ့ ကစားသမားကို မဖြစ်မနေ ရောင်းချဖို့တော့ ဖိအားမရှိပါဘူး"ဟု ဆိုသည်။ ၎င်းက "အသင်းက အရည်အသွေးမြင့် ကစားသမားတွေ ထွက်ခွာသွားတဲ့အခါ သူတို့နေရာကို ပြန်အစားထိုးဖို့ လိုအပ်တဲ့ ခေါ်ယူမှုတွေ လုပ်ဆောင်ရပါမယ်။ ဒီအတွက်ပါ ကျွန်တော်တို့က ကြိုတွေးထားဖို့ လိုပါတယ်"ဟုလည်း မှတ်ချက်ပြုသွားသည်။

Source: DailyMail

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ