မန်ယူသို့ ပြောင်းရွှေ့ရန် သီယာဂိုအား ဒီဂီယာက ဖိတ်ခေါ်

ယူနိုက်တက် ဂိုးသမားလေး ဒီဂီယာကမူ သီယာဂိုအား အိုးလ်ထရက်ဖို့ဒ်သို့ လာရောက်စေလိုသည့် သဘောမျိုး ရေးသားခဲ့ 

မန်ချက်စတာ ယူနိုက်တက်တွင် မိမိနှင့် လာရောက် ပူးပေါင်းပါရန် သီယာဂို အယ်လ်ကန်ထရာအား ဒေးဗစ်ဒီဂီယာက သွယ်ဝိုက် ဖိတ်ခေါ်လိုက်သည်။ ဘာစီလိုနာ ကွင်းလယ် ကစားသမား သီယာဂိုသည် ဥရောပ အသက်(၂၁)နှစ်အောက် ချန်ပီယံရှစ် ပြိုင်ပွဲ ဗိုလ်လုပွဲတွင် အီတလီကို (၄-၂)ဖြင့် အနိုင်ရခဲ့ရာ၌ စပိန်အတွက် Hat-Trick သွင်းယူခဲ့သည်။ ပွဲအပြီးတွင် ၎င်းHat-Trick ကန်သွင်းသည့် ဘောလုံးကို သီယာဂိုက အမှတ်တရ လက်ဆောင်ရခဲ့ပြီး ယင်းဘောလုံးပေါ်တွင် စပိန်လူငယ် အသင်းဖော်များက အမှတ်တရ စာတန်းလေးများ ဝိုင်းဝန်းရေးသားခဲ့ကြသည်။ ယူနိုက်တက် ဂိုးသမားလေး ဒီဂီယာကမူ သီယာဂိုအား အိုးလ်ထရက်ဖို့ဒ်သို့ လာရောက်စေလိုသည့် သဘောမျိုး ရေးသားခဲ့ကြောင်း သိရသည်။

ဒီဂီယာက ဘောလုံးပေါ်တွင် "မန်ချက်စတာမှာ ဆုံကြရအောင်"ဟု အဓိပ္ပါယ်ရသည့် စာကြောင်းကို စပိန်ဘာသာဖြင့် ရေးထားခဲ့ခြင်း ဖြစ်သည်။ အသက်(၂၂)နှစ်ရှိ သီယာဂိုသည် ယူနိုက်တက် မန်နေဂျာသစ် ဒေးဗစ်မိုယက်စ် အလေးအနက် အလိုရှိနေသော ကစားသမား တစ်ဦးလည်း ဖြစ်သည်။ ဘာစီလိုနာ အသင်းသည် ၎င်းကို စာချုပ်ပါ သတ်မှတ်ဈေးနှုန်း ပေါင်စတာလင် (၇၇)သန်းအဖြစ် ထည့်သွင်း ချုပ်ဆိုထားသော်လည်း ပြီးခဲ့သည့်ရာသီ အသင်းကစားသည့် ပွဲစဉ်များအနက် (၆၀)ရာခိုင်နှုန်းပြည့်အောင် ပါဝင်ခွင့် မရခြင်းကြောင့် ပေါင်စတာလင် (၁၅)သန်းဝန်းကျင် ပြောင်းရွှေ့ကြေးမျိုးကို ခွင့်ပြုရမည်ဖြစ်ကြောင်း သတင်းများက ဖော်ပြသွားသည်။

Source: TheSun

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ