ဂျော်ဒန်ဒုက္ခသည်စခန်းသို့ ဂျိုလီ သွားရောက်


Saltစတား မင်းသမီးသည် ကင်ဆာဖြစ်စေနိုင်လောက်သည့် မျိုးဗီဇဆဲလ်များ တွေ့ရှိမှုကြောင့် မိမိ၏ သားမြတ်နှစ်ခုတွင် ဖြတ်ထုတ်ကုသမှု ခံယူခဲ့ရကြောင်း ကမ္ဘာသိ ဝန်ခံခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သူမ၏ လူသားချင်း စာနာမှု လုပ်ငန်းများကို ပြန်လည်စတင် လုပ်ဆောင်လာခြင်းဖြစ်

အန်ဂျလီနာ ဂျိုလီသည် ကုလသမဂ္ဂ နှလုံးလှ သံတမန် တစ်ဦးအနေဖြင့် ဂျော်ဒန်နိုင်ငံရှိ ဒုက္ခသည် စခန်းများသို့ ယခုသီတင်းပတ်အတွင်း တရားဝင် သွားရောက်ခဲ့ကြောင်း သိရှိရသည်။ Saltစတား မင်းသမီးသည် ကင်ဆာဖြစ်စေနိုင်လောက်သည့် မျိုးဗီဇဆဲလ်များ တွေ့ရှိမှုကြောင့် မိမိ၏ သားမြတ်နှစ်ခုတွင် ဖြတ်ထုတ်ကုသမှု ခံယူခဲ့ရကြောင်း ကမ္ဘာသိ ဝန်ခံခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သူမ၏ လူသားချင်း စာနာမှု လုပ်ငန်းများကို ပြန်လည်စတင် လုပ်ဆောင်လာခြင်း ဖြစ်သည်။ ဂျိုလီသည် ချစ်သူ ရုပ်ရှင်မင်းသား ဘရတ်ပစ်တ်၏ World War Zဇာတ်ကား ပွဲဦးထွက် ပြသမှုတွင် ယခုကြေညာချက်အပြီး ပထမဆုံးအကြိမ် လူအများရှေ့ ပြန်လည် ထွက်ပေါ်ခဲ့ပြီး ထို့နောက်တွင်မူ အရှေ့အလယ်ပိုင်း ဒေသသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ဟောလီးဝုဒ် ကြယ်ပွင့် မင်းသမီးသည် ဆီးရီးယားတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြောင့် တိမ်းရှောင်လာသည့် အမျိုးသမီးနှင့် ကလေးငယ် အချို့ကိုလည်း တွေ့ဆုံခဲ့သည်။ ထို့အပြင် မိမိတို့၏ အိုးအိမ်နှင့် ချစ်သူခင်သူများကို ဆုံးရှုံးခဲ့ရသည့်အတွက် နာကျင်ခံစားရခြင်းများကို ဒုက္ခသည်များက ဖွင့်ဟ ပြောဆိုခြင်းအပေါ်တွင်လည်း စိတ်ရှည်လက်ရှည် နားထောင် ဆွေးနွေးခဲ့သည်။ သူမက "(၂၁)ရာစုရဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကြီးဆုံး အကျပ်အတည်းတစ်ခုက လောလောဆယ် အရှေ့အလယ်ပိုင်း ဒေသမှာ ဖြစ်ပေါ်နေတယ်။ နိုင်ငံတကာက ဒီအကျပ်အတည်းကို အာရုံစိုက်မှုကလည်း လျော့နည်းနေပါတယ်။ ဒီမှာ လူသားချင်း စာနာမှု အထောက်အပံ့ အကူအညီတွေ အများကြီး လိုအပ်နေတယ်။ မူဝါဒရေးရာ တည်ငြိမ်မှု တစ်ခုလည်း ရှိသင့်ပါတယ်"ဟု သတင်းထောက်များအား ပြောကြားသွားခဲ့သည်။

Source: FemaleFirst


Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ