ဖယ်လိုင်နီကိုခေါ်ယူရေး လုပ်ခလစာကြောင့် အာဆင်နယ် အခက်တွေ့ဖွယ်ရှိ


အာဆင်နယ်နှင့် စာချုပ်ဖြစ်ပါက အသင်း၏ လက်ရှိ လုပ်ခလစာ အမြင့်မားဆုံး ကစားသမားများဖြစ်သည့် လူးကက်စ် ပိုဒေါ့စကီး၊ သီအိုဝဲလ်ကော့တ်တို့နည်းတူ တစ်ပတ်လျှင် စတာလင်ပေါင် (၁၀၀၀၀၀)မျှ ရရှိရန် လိုလားနေကြောင်း သတင်းများက ဆိုသည်။

အာဆင်နယ် အသင်းအနေဖြင့် မော်ရိုဖယ်လိုင်နီကို ခေါ်ယူရန် ကြိုးပမ်းမှုတွင် ကစားသမား၏ လုပ်ခလစာ တောင်းဆိုမှုကြောင့် အကျပ်တွေ့ဖွယ် ရှိနေကြောင်း သိရသည်။ အဲဗာတန် အသင်း၏ ကွင်းလယ် ကစားသမားသည် အကယ်၍ အာဆင်နယ်နှင့် စာချုပ်ဖြစ်ပါက အသင်း၏ လက်ရှိ လုပ်ခလစာ အမြင့်မားဆုံး ကစားသမားများဖြစ်သည့် လူးကက်စ် ပိုဒေါ့စကီး၊ သီအိုဝဲလ်ကော့တ်တို့နည်းတူ တစ်ပတ်လျှင် စတာလင်ပေါင် (၁၀၀၀၀၀)မျှ ရရှိရန် လိုလားနေကြောင်း သတင်းများက ဆိုသည်။ အာဆင်နယ်သည် ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ဂွန်ဇာလို ဟီဂူရင်းကို ခေါ်ယူရန် ချိတ်ဆက်နေဆဲဖြစ်ပြီး အဆိုပါ ကစားသမားအတွက်လည်း ယင်းလုပ်ခ ပမာဏမျိုး ပေးချေရန် စီစဉ်ထားသည်။

အသက်(၂၅)နှစ်ရှိ ဘယ်လ်ဂျီယံ လက်ရွေးစင် ဖယ်လိုင်နီသည် လက်ရှိတွင် အဲဗာတန်၌ တစ်ပတ် ပေါင်စတာလင် (၇၅၀၀၀)မျှ ရရှိနေသူ ဖြစ်သည်။ အာဆင်နယ်သည် ဖယ်လိုင်နီကို ဝယ်ယူပါက ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၂၂)သန်းမျှလည်း ကုန်ကျဖွယ် ရှိနေသည်။ အာဆင်နယ်တွင် လုပ်ခလစာ ကန့်သတ်မှု စည်းမျဉ်းများ သတ်မှတ်ထားရာ ဖယ်လိုင်နီ၏ လုပ်ခကိစ္စအတွက် ညှိနှိုင်းရန်မှာ ဘောင်ကျဉ်းလွန်းသည့် အခြေအနေ ဖြစ်နေသည်။ ဖယ်လိုင်နီကို ရုရှားကလပ် ဇင်းနစ် စိန့်ပီတာစဘာ့ဂ်ကလည်း စိတ်ဝင်စားနေကြောင်း သိရှိရသည်။

Source: DailyMail



Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ