ကာဗာနီကိုခေါ်ယူရေး ချယ်လ်ဆီး သဘောတူညီမှုရ


ရီးယဲလ်မက်ဒရစ်နှင့် မန်ချက်စတာ စီးတီးတို့သည် ခေါ်ဈေး မြင့်မားလွန်းသော ကစားသမားအတွက် လက်လျှော့သွားပြီးနောက် မန်ချက်စတာ ယူနိုက်တက်က စိတ်ဝင်စားမှု ပြသခဲ့သော်လည်း ဇွဲကောင်းကောင်းနှင့် ဆက်လက် ဆွေးနွေးနေသည့် ချယ်လ်ဆီးက အသာစီး ရသွားခဲ့

ချယ်လ်ဆီး အသင်းသည် နာပိုလီ တိုက်စစ်မှူး အီဒင်ဆန် ကာဗာနီကို ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေး သဘောတူညီချက် ရရှိခဲ့ပြီဟု သိရသည်။ ရီးယဲလ်မက်ဒရစ်နှင့် မန်ချက်စတာ စီးတီးတို့သည် ခေါ်ဈေး မြင့်မားလွန်းသော ကစားသမားအတွက် လက်လျှော့သွားပြီးနောက် မန်ချက်စတာ ယူနိုက်တက်က စိတ်ဝင်စားမှု ပြသခဲ့သော်လည်း ဇွဲကောင်းကောင်းနှင့် ဆက်လက် ဆွေးနွေးနေသည့် ချယ်လ်ဆီးက အသာစီး ရသွားခဲ့ကြောင်း သတင်းများက ဆိုသည်။ နာပိုလီ အသင်းနှင့် ဆက်နွယ်မှုရှိသော Radio Marteက အသံလွှင့် ကြေညာချက် တစ်ခုတွင် နာပိုလီအသင်းမှ ခိုင်မာသော သတင်းရင်းမြစ် တစ်ခုကို ကိုးကားပြီး ကာဗာနီကို ချယ်လ်ဆီးက ခေါ်ယူနိုင်ရန် သဘောတူညီချက် ရရှိသွားပြီဟု ဖော်ပြခဲ့သည်။

တိုက်စစ်မှူးသစ် တစ်ဦးကို ရှာဖွေနေသော ချယ်လ်ဆီးသည် အသက်(၂၆)နှစ်ရှိ ဥရုဂွေး လက်ရွေးစင်အတွက် ပေါင်စတာလင် (၄၉.၃)သန်းထိ ပေးချေရမည်ဟု သတင်းများက ဆိုသည်။ နာပိုလီသည် ၎င်းတို့၏ သတ်မှတ် ဈေးနှုန်းထက် အနည်းငယ် လျှော့ပေါ့ပေးရန် သဘောတူညီခဲ့သည်။ ကစားသမားသည် ပုံရိပ် အသုံးပြုခအပြင် တစ်နှစ်လုပ်ခ ယူရို (၈.၅)သန်းမျှ ခံစားခွင့် ရှိမည်ဟုလည်း သိရသည်။ ကာဗာနီသည် ပြီးခဲ့သည့် ရာသီက အီတလီ စီးရီးအေတွင် (၂၉)ဂိုး သွင်းယူကာ ပြိုင်ပွဲ၏ ဂိုးသွင်းဘုရင်အဖြစ် ရပ်တည်နိုင်ခဲ့သည်။

Source: DailyMail

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ