ရိုက်ကွင်းတွင် ချစ်ကျီစယ်နေသည့် ကင်မရွန် ဒိုင်ယက်ဇ်နှင့် နီကိုလာ့ဂ်ျ


ရိုက်ကွင်းနားချိန်တွင် တရင်းတနှီး နမ်းရှုပ်ကျီစယ်ရင်း ဓာတ်ပုံများကို ဒိုင်ယက်ဇ်၏ ဖုန်းဖြင့် ရိုက်ယူနေသည်ကို လူအများက တွေ့မြင်ခဲ့ရ

ကင်မရွန် ဒိုင်ယက်ဇ်အနေဖြင့် သူမ၏ လက်ရှိ ရိုက်ကူးနေသော ဇာတ်ကားမှ တွဲဖက် သရုပ်ဆောင် နီကိုလာ့ဂ်ျ ကော်စတာဝယ်လ်ဒူနှင့် ဆက်ဆံရေး အခြေအနေ တစ်စထက်တစ် တိုးတက်လာကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ဒိုင်ယက်ဇ်သည် The Other Woman in New York City ဇာတ်ကား၌ အိမ်ထောင်ရှိလျှက်နှင့် မိမိကို လိမ်ညာခဲ့သော ချစ်သူအား ကလဲ့စားချေသည့် အမျိုးသမီး တစ်ဦးအဖြစ် သရုပ်ဆောင်နေသော်လည်း ပြင်ပ လောကတွင်မူ နစ်ကိုလာ့ဂ်ျနှင့် ပိုမို နီးစပ်နေသည်ဟု ယူဆရသည်။

၎င်းတို့ နှစ်ဦးသည် ရိုက်ကွင်းနားချိန်တွင် တရင်းတနှီး နမ်းရှုပ်ကျီစယ်ရင်း ဓာတ်ပုံများကို ဒိုင်ယက်ဇ်၏ ဖုန်းဖြင့် ရိုက်ယူနေသည်ကို လူအများက တွေ့မြင်ခဲ့ရသည်။  အသက်(၄၀)အရွယ်ရှိ ဒိုင်ယက်ဇ်သည် သူမထက် (၂)နှစ်ကြီးသော နစ်ကိုလာ့ဂ်ျ၏ လည်ပင်းကို သိုင်းဖက်ထားကြောင်းလည်း တွေ့ရသည်။ ဒိန်းမတ်သား ရုပ်ရှင်မင်းသားကလည်း ဓာတ်ပုံရိုက်ချိန်တွင် ဒိုင်ယက်ဇ်၏ ခါးကို လက်ဖြင့် သိုင်းဖက်ထားပြီး ကျန်လက်တစ်ဖက်ကမူ ဆန်းဒွစ်ခ်ျမုန့်ကို ကိုင်ကာ စားသောက်နေခဲ့သည်။

တနင်္လာနေ့က ရိုက်ကွင်းနားချိန် မြင်ကွင်းကြောင့် ဒိုင်ယက်ဇ်နှင့် နစ်ကိုလာ့ဂ်ျတို့ကြား အချစ်ရေးသည် ပိုမို ပီပြင် ပွင့်လင်းလာသည်ဟု ယူဆရပြီး လျှို့ဝှက်ထားလိုသည့် သဘောမျိုးလည်း မရှိဟု ဆိုသည်။ ယခုရိုက်ကူးနေသော ဇာတ်ကားကို လာမည့်နှစ်၊ ဧပြီလတွင် ရုံတင်ပြသရန် စီစဉ်ထားကြောင်းလည်း သိရှိရသည်။

Source: DailyMail

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ