အသက် (၂၉)နှစ်အရွယ်သည် အမျိုးသမီးများအတွက် ပြီးပြည့်စုံသောအလှတရား ပိုင်ဆိုင်သည့်အသက်အရွယ်ဖြစ်ဟုဆို



အမေရိကန်နိုင်ငံ ဂျော်ဂျီယာတက္ကသိုလ်မှ ပြုလုပ်ခဲ့ သော သုတေသနတစ်ခုတွင် အမျိုးသမီးများတွင် ပြီးပြည့်စုံ သော အလှတရားပိုင်ဆိုင်သည့်အသက်အရွယ်မှာ အသက် (၂၉)နှစ် အရွယ်ဖြစ်ကြောင်း ဖော်ပြ ထားသည်ဟု အင်္ဂလန် နေ့စဉ်ထုတ်သတင်းစာတစ်စောင်ဖြစ်သော ဒေးလီးမေးလ် သတင်းစာက ယနေ့ဖော်ပြသည်။

ဂျော်ဂျီယာတက္ကသိုလ်မှ ပညာရှင်များနှင့် ဘွဲ့ကြို ကျောင်းသားများသည် အမျိုးသမီးများ၏ ဇီဝကမ္မဖြစ်စဉ် နှင့် အလှတရားဖြစ်ပေါ်မှုကြား ဆက်စပ်မှုများကို ၂ဝ၁၂ ခုနှစ်မှစတင်လေ့လာခဲ့ရာ အသက် (၂၉)နှစ် အရွယ် သည် ဇီဝကမ္မဖြစ်စဉ်များအရ ပြီးပြည့်စုံသော အလှမျိုးဖြစ်ပေါ် စေသည့် အသက်အရွယ် မျိုးဖြစ်ကြောင်း တွေ့ရှိခဲ့သည် ဟု အဆိုပါတက္ကသိုလ်ကထုတ်ပြန်သော သတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည် ။ ဂျော်ဂျီယာတက္ကသိုလ်က စိတ်ပညာ ရှင် မယ်လ်မိုရီက အသက် (၂၉)နှစ်အရွယ် တွင် အမျိုးသမီး များသည် မိမိကိုယ်ကို ယုံကြည်မှုအပြည့်ဝဆုံးအခြေအနေ ရောက်လေ့ရှိ၍ ပြီးပြည့်စုံသော အလှ တရားပိုင်ဆိုင် လာခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဂျောဂျီယာ တက္ကသိုလ်မှ ထုတ်ပြန်သောသတင်းထုတ်ပြန်ချက်တွင် ကမ္ဘာကျော်ပုဂ္ဂိုလ်များထဲတွင် အသက် (၂၉)နှစ်အရွယ်ရောက်မှ ပြီးပြည့် စုံသောအလှတရားကြောင့် အောင်မြင်သူဦးရေမှာ ၂၂ရာခိုင်နှုန်း ရှိကြောင်း ၊ ကတ်တီပယ်ရီ၊ အေဗရီလာဗင်းတို့မှာ အသက် (၂၉)နှစ် အရွယ်၌ ပြီးပြည့်စုံသော အလှတရား ပိုင်ဆိုင်သူများထဲမှ စံပြအမျိုးသမီးများဖြစ်ကြောင်းဖော်ပြထားသည်။

The Union Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ