ဖရဲသီးကို ဒီလိုစားမယ်


ဖရဲသီးကို ရေခဲသေတ္တာထဲထည့်ပြီး အေးအေးလေး စားချင်မှာပါ။

ဒါပေမယ့် ဖရဲသီးမှ အာဟာရဓာတ်တွေကို အပြည့်အဝရချင်ရင် ဖရဲသီးကို အအေးမခံဘဲ ဒီအတိုင်း အခန်းအပူချိန်မှာပဲထားပြီးစားတာကသာ အကောင်းဆုံးပါ။

အမေရိကန်စိုက်ပျိုးရေးဌာနမှ သုတေသီ တွေက အပူချိန် ၇၁-၉၁ ဒီဂရီဖာရင်ဟိုက်မှာ ဖရဲသီးထဲမှာပါတဲ့ အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်တဲ့ လိုင်ကိုပင်းဟာ ဆက်လက်တိုးပွား ဖြစ်ပေါ်နိုင်ပါတယ်လို့ ဆိုပါတယ်။

လိုင်ကိုပင်းသာ နှလုံးရောဂါနဲ့ ကင်ဆာရောဂါဖြစ်နိုင်ခြေ လျော့နည်းခြင်းနဲ့ ဆက်စပ် နေပါတယ်။ ဖရဲသီးကို ၃၅ ဒီဂရီဖာရင်ဟိုက်မှာ ခုနစ်ရက်ကျော်ကြာအောင် အေးခဲထားရင် အာဟာရဓာတ်တွေ ဖြည်းဖြည်းချင်း လျော့နည်းဆုံးရှုံးသွားပါတယ်။

အကောင်းဆုံးကတော့ ဖရဲသီးလတ်လတ်ဆတ်ဆတ်ကိုဝယ်ပြီး အဲဒီနေ့မှာပဲ ခွဲစားလိုက်ကြပါ။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ